ရတနာလေးတို့ရဲ့ ပဲ့ကိုင်ရှင်

Photo - Ko Naing (N2)

    သားသမီးကို ရတနာတစ်ပါးကဲ့သို့ တင်စားပြီး တန်ဖိုးထား ချစ်မြတ်နိုးကြပါတယ်။ ၉ လလွယ်၊ ၁၀ လဖွား သားသမီးတွေကို ခန္ဓာကိုယ်နဲ့ လွယ်ထားရတဲ့ မိခင်တို့ရဲ့ မေတ္တာတရားက ကြီးမားလွန်း
လှပါတယ်။ ကိုယ်ရဲ့ရင်ထဲမှာ ကလေးလေးရှိနေ ပြီဆိုကတည်းက ကိုယ့်အတွက်ထက် ကလေးအတွက်ဆိုပြီး ကိုယ်တိုင်ဒုတိယနေရာ အလိုလိုရောက်သွားတတ်တာလည်း မိဘတိုင်း၊ မိခင်တိုင်းရဲ့ ခံစားချက်ပါ။ အခုအနုပညာရှင် မေမေများကိုကိုယ်ဝန်ဆောင်ချိန် မေမေဖီလင်၊ သားသားမီးမီးလေးတွေနဲ့ မေမေဖီလင်...စတဲ့...စတဲ့ ဖီလင်တွေကို ပရိသတ်ဆီပို့ဆောင်ရင်း ‘‘မေမေတို့ရဲ့ မေမေဖီလင်’’ကို ပုံဖော်ပြလိုက်ပါတယ်။

        

မေမေ သက်မွန်မြင့်ရဲ့ မေမေဖီလင်
Dress - Ma Pont (My Favourite)
    ‘‘ကိုယ်ဝန်ရင့်လာတော့ အသွားအလာ ပိုပြီး သတိထားတယ်။ ချော်လဲမှာ အရမ်းကြောက်တယ်။ အစားအသောက်ဆိုရင်လည်း ကလေးအတွက်ဆို ပြီး ကိုယ်မကြိုက်တာတွေတောင် ကြိတ်မှိတ်စားတယ်။ သားသမီးကို ရတနာနဲ့နှိုင်းကြတယ်။ ရတနာဆိုတာ ရှားပါးပြီး တန်ဖိုးရှိတဲ့အရာ ဖြစ်တဲ့အတွက် သားသမီးရလာတော့ အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်ရတယ်ပေါ့။’’

မေမေ N ကိုင်ရာ ရဲ့ မေမေဖီလင်
Dress - စိုင်းလတ်
မိတ်ကပ် - ညီညီမောင်
    ‘‘ကိုယ်ဝန်ဆိုတာ မသိသာရအောင်ကို နေရတာ အရမ်းပေါ့ပါးတယ်။ အရင်တုန်းကတော့ သမီးပေါ့။ အခုကိုယ်တိုင် မေမေဖြစ်ရတော့ မိခင် တွေကို ပိုပြီး ကိုယ်ချင်းစာတတ်လာတယ်။ မေမေက ကိုယ့်အပေါ်မှာ မေမေတာဝန်ကျေခဲ့သလို ကိုယ်တိုင်ရော မေမေတာဝန်ကျေနိုင်ပါ့မလား အရမ်းစိတ်ပူတာပဲ။ ကိုယ်ဝန်ရှိနေပြီိလို့ သိသိခြင်း အရမ်းပျော်တာပဲ။ ကိုယ်ကအစကတည်းက ကလေးချစ် တတ်တော့လေ။’’

မေမေဆုန်သင်းပါနဲ့ သားလေး Lung Lung
(Dress- ထက်ထက်ခိုင်)
‘‘သားနဲ့နေရတဲ့အချိန် နည်းတော့ သားနဲ့နေရတဲ့ အချိန်ရပြီဆို ဘာမှမစဉ်းစားတော့ပဲ သားနဲ့နှစ်ယောက်တည်းရှိတဲ့ ကမ္ဘာလိုပဲ စိတ်ထဲမှာ ထားလိုက်တယ်။’’

မေမေချောရတနာနဲ့ သားလေး ကောင်းသုတကျော်
(မိတ်ကပ် - ထက် (Pop Soul))
‘‘သားလေးအနားရှိရင် အရာရာပြည့်စုံတယ်လို့ ခံစားရတယ်။’’

မေမေမိုးပြည့်ပြည့်မောင်နဲ့ သမီးလေး Key Key
(Dress - ထက်ထက်ခိုင်)
‘‘သမီးက မျက်လုံးလေး မိုးပြည့်ကိုလိုက်ကြည့်နေပြီး မိုးပြည့်အနားမှာ နေနေတဲ့အချိန်ဆိုရင် မိုးပြည့် ဘာအလုပ်မှဆက်မလုပ်ချင်တော့ပဲ သူ့အနားမှာပဲ နေချင်တော့တယ်။ ခရီးလည်းမသွားချင်တော့ဘူး။ အလုပ်လည်း မလုပ်ချင်တော့ဘူး။’’