ၾသစေတးလ် ရက်ပါမလေးရဲ့ လျှို့ဝှက်အကြောင်းအရာများ

 

    Iggy Azalea ကို လိင်၊ ဆေးနဲ့ ထိတ်လန့် ဖွယ်ရာ အဖြစ်အပျက်တွေကို ကာရံတွေစပ်တတ် တဲ့ သြစတေးလျက လူဖြူ  rapper မလေး  သိ ထားပြီးသား ဖြစ်မှာပါ။ လူတိုင်းဆီမှာ ထင်ထားတာ ထက် ပိုပြီးရှုပ်ထွေးတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှိနေကြသလို သူမဆီမှာလည်း တချို့သော လျှို့ဝှက်အကြောင်းအရာတွေ ရှိနေပါတယ်။ အဲ့ဒီ အကြောင်းလေးတွေကို တစ်ဆိတ်လောက် ဖောက်သည်ချပါရစေ။

ထူးဆန်းတဲ့ သူမရဲ့နာမည်
    လက်တွေ့ဘဝမှာ ဘယ်မိဘကမှ သူတို့ရဲ့ သားသမီးကို Iggy Zalea လို့ နာမည်ပေးကြမှာ မဟုတ်ပါဘူး။ ဒီအဆိုတော်ရဲ့ နာမည်ကတော့ သူမ ကလေးဘဝက ချစ်ရတဲ့ ခွေးလေးရဲ့ နာမည် ကို ယူထားတာဖြစ်ပါတယ်။ သူမရဲ့ နာမည်အရင်း
ကတော့ Amethyst Amelia Kelly ပါ။
    Azalea က ‘ သူက လူတွေကို ကိုက်ချင်ကိုက်မယ်။ တခြားခွေးတွေနဲ့ ဖိုက်ချင်ဖိုက်မယ်။ ကျွန်မ အသက် ၁၈ နှစ်လောက်မှာ သူ့ကို စွန့်လွတ်ရဖို့ ဖြစ် လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ခြေထောက်တစ်ဖက်က အလုပ်မလုပ်တော့ဘူးလေ။ ဒါပေမဲ့ သူ့ကို တော်တော်နဲ့တော့ သွားခွင့်မပြုနိုင်ခဲ့ဘူး။ သူက အမိုက်စားဆိုတော့လေ။’ သူ့အချစ်တော်နဲ့ ပတ်သက်လို့ ပြောခဲ့ဖူးပါတယ်။

သူမ ရူးသွပ်ခဲ့တဲ့သူ
    တေးဂီတကို နှစ်သက်မြတ်နိုးကြသူတိုင်းမှာ ရူးသွပ်စွဲလမ်းမှု တစ်ခုစီတော့ ရှိတတ်ကြတာပါပဲ။ အထူးသဖြင့် ကိုယ်အရူးသွပ်ဆုံး ငွေကြယ်ပွင့်ပေါ့။ Azalea ရူးသွပ်တဲ့သူကတော့ Tupac ပါတဲ့။ ကမ္ဘာတစ်လွှားမှာ အယ်(လ)ဘယ်အချပ်ရေ ၇၅ သန်းလောက် ရောင်းချခဲ့ရပြီး ရောင်းအားအ ကောင်းဆုံး စာရင်းဝင်ခဲ့တဲ့ အနုပညာရှင် အမေရိကန် ရက်ပါ Tupac ဖြစ်ပါတယ်။
    ‘ကျွန်မက သူ့ကို လုံးဝကို ရူးသွပ်တာပါ။ Tupac ရဲ့ ဓာတ်ပုံတိုင်းဟာ ကျွန်မ အခန်းနံရံမှာ ရှိနေခဲ့ပါတယ်။’ ဆိုပြီး ပြောခဲ့ပါတယ်။
    သူမဟာ အသက် ၁၁ နှစ်အရွယ်မှာ Pac ရဲ့ Baby Don’t Cry ကို ကြားရပြီး rap တေးဂီတကို စွဲလမ်းနှစ်ခြိုက်ခဲ့ပြီး ၁၄ နှစ်လောက်မှာ ကိုယ်ပိုင် ကာရံတွေ ရွတ်ဆိုနေပါပြီ။

ဆယ်ကျော်သက် ပြောင်းရွှေ့နေထိုင်သူ
    Iggy က သူမရဲ့ rap တေးဂီတနဲ့ ပတ်သက် လာရင် အလွန်အမင်း ရည်မှန်းချက်ကြီးသူလည်း ဖြစ်ပါတယ်။ သူမက rap ဂီတဆို သိပ်ကို အသည်းအသန်ပေါ့။ သူမဟာ အသက် ၁၆ နှစ်မပြည့်သေး ခင်၂၀၀၆ ခုနှစ်မှာ အထက်တန်းကျောင်းက ထွက်လာခဲ့ရပြီး မိဘတွေမပါဘဲ အမေရိကကို ပြောင်း လာခဲ့ပါတယ်။ ဒီလို တစ်ယောက်တည်း ရွှေ့ပြောင်း လာခဲ့တဲ့ ကောင်မလေးအနေနဲ့ ကောင်းကောင်းရပ်တည်နိုင်ဖို့ဆိုတာ သိပ်တော့မလွယ်လှပါဘူး။ အစပိုင်းမှာတော့ သူမက အားလပ်ရက်အပန်းဖြေ ခရီးအဖြစ်လောက်သာ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ မိုင်ယာမီရဲ့ မှင်သက်စရာတွေကို နားလည်လာတဲ့ အခါ ဆယ်ကျော်သက် ခရီးသွားလေးက သူမရဲ့ မိဘတွေကို ‘ ကျွန်မ ပြန်မလာတော့ဘူး။’ ဆိုပြီး ဖုန်းဆက်ခဲ့ပါတယ်။

လက်ဆောင်ကဒ်အတုတွေ ရောင်းခဲ့သူ
    အိပ်မက်တွေ တပွေ့တပိုက်နဲ့ ၁၆ နှစ်သမီး သြစတေးလျသူကလေးဟာ Vice City မှာ ဘယ်လို များ ရှင်သန်ခဲ့ပါသလဲ။ သူမဟာ တစ်အိမ်ပြီး တစ်အိမ်သန့်ရှင်းရေးတွေ လုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ Karmaloop TV နဲ့ ဗီဒီယို အင်တာဗျူးမှာတော့
သူမဟာ မရိုးမသား နည်းလမ်းတွေနဲ့ ဝင်ငွေရှာဖွေခဲ့ရတယ်လို့ ဝန်ခံဖြေကြားခဲ့ပါတယ်။
    ‘ဒီအကြောင်းကို ပြောရမှာတော့ တော်တော် ဆိုးပါတယ်။ ကျွန်မတို့က Macy ကို သွား၊ လက်ဆောင်ပေးတဲ့ ကဒ်လေး(အတု)တွေ သွားယူပြီး ရောင်းရတယ်။’ လို့ ရှက်ရွံ့စွာ ဖြေကြားခဲ့ပါတယ်။
 
လူသိများစေချင်တာထက် မိန်းမဆန်တဲ့ သတင်းစကားပါးခဲ့သူ
    Iggy ရဲ့ PU$$y ဗီဒီယိုကို တော်တော်များများ ကြည့်ဖူးကြပါလိမ့်မယ်။ သူမရဲ့ အကျော်ကြားဆုံး သီချင်း ၁၀ ပုဒ်ထဲမှာ ပါဝင်ခဲ့တဲ့ သီချင်းပါ။ ဒီ သီချင်းရဲ့ ဒီဗီဒီယိုက ကြမ်းတမ်းရိုင်းစိုင်းတယ်၊ မယဉ်ကျေးဘူး၊ အပေါစားဆန်တယ်လို့ တွေးမိ
ကောင်း တွေးမိပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ မိတ် ဆွေက Iggy ကို အမှတ်ပြည့် ပေးထားတဲ့သူတစ်ယောက် မဟုတ်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ သူမက ‘အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ ကိစ္စ တွေမှာ ကြောက်လန့်တတ်ကြတယ် ဘာလို့လည်းဆိုတော့ သူတို့ကို လေးစားမှုမရှိဘူး၊ သိမ်ငယ် စေတယ်လို့ ခံစားကြရလို့ပါဘဲ။ ဒါပေမဲ့ ကျွန်မ အထင်ပြောရမယ်ဆိုရင်တော့ ဒါက ရှင်တို့ ကျွန်မ တို့အတွက် စွမ်းအားပါဘဲ။ ဒါကြောင့် ကျွန်မက
တော့ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ ကြောက်လန့် မနေသလို မိန်းမတစ်ယောက်ဖြစ်ရတာကိုလည်း မကြောက်ပါဘူး။’ဆိုပြီး ပြောကြားခဲ့ပါတယ်။

ထူးဆန်းတဲ့ အမှတ်တရ
    သူမရဲ့ Down Under ခရီးလှည့်လည် ဖျော် ဖြေပွဲ ခေတ္တရပ်နားတဲ့အချိန် အတွင်းခံ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Bonds နှစ်တစ်ရာပြည့်ပွဲ ကျင်းပရာ ဆစ်ဒနီကို သံတမန်အဖြစ် ဝင်ရောက်လည်ပတ်ခဲ့ပါတယ်။ Iggy စင်မြင့်ပေါ်မှာ ရောက်
ရှိနေတဲ့အခိုက် ရေဒီယို အစီအစဉ်တင်ဆက်သူ Andy Lee ရဲ့ ဘောင်းဘီရှည်ကို  အစီအစဉ် ကူညီ တင်ဆင်ပေးသူ Hamish Blake က ဆွဲချွတ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို မြင်ပြီး သူမအတွက်
ပြန်တွေးလိုက်ရင်တောင် ခက်ခဲစွာ ဖြတ်သန်းရတုန်း အဖြစ်အပျက်တစ်ခုကို တွေးမိသွားခဲ့ပါတယ်။
    ‘အထက်တန်း ကျောင်းမှာတုန်းကတော့ ဘောင်းဘီ ဆွဲချွတ်ခံရတာမျိုး ခဏခဏ ကြုံခဲ့ရပါတယ်။ ကျွန်မ အဲ့ဒါကို သိပ်မုန်းတာပဲ။’ ဆိုပြီး Azalea က ဆစ်ဒနီက သူမ ပရိသတ်တွေနဲ့ တွေ့ ဆုံနှုတ်ဆက်ပွဲမှာ လူသိနည်းတဲ့ လျှို့ဝှက်ချက်ကို ဖွင့်ဟ သွားခဲ့ပါတယ်။
    အရေးပါတဲ့ တေးဂီတဆုတွေမှာ ဆန်ခါတင် စာရင်း မကြာခဏတင်သွင်းခံရတဲ့အပြင် အမေရိကန် တေးဂီတဆု၊ MTV Video Music ဆု၊ ၂၀၁၅ ရဲ့ အနှစ်သက်ဆုံး Hip Hop အနုပညာရှင်အဖြစ် လူထုကရွေးချယ်ပေးခဲ့တဲ့ဆု စသဖြင့် တခြားဆုပေါင်းများစွာနဲ့ သူမရူးသွပ်တဲ့ Hip Hop ဂီတလမ်း ကြောင်းမှာ အောင်မြင်မှု ဆွတ်ခူးနေဆဲဖြစ်ပြီး အမေရိကန်ရဲ့ နံပါတ်တစ် အနုပညာ စာရင်းထဲကို ရောက်ရှိနေပြီဖြစ်တဲ့ Iggy ရဲ့ ဘဝကို သာမန် ကြည့်မယ်ဆိုရင် ပန်းခင်းလမ်းပါပဲ။ ဒါပေမဲ့ ဘဝ ဆိုတာ အမြဲတမ်း သက်သောင့်သက်သာ လျှောက် လှမ်းနေရတာ မဟုတ်ကြောင်းကို သူမရဲ့ လျှို့ဝှက်အကြောင်းအရာတွေကို သိရတဲ့အခါ ခံစားမိနိုင်ပါတယ်။