အေးမြတ်သူ သို့မဟုတ် မိုးနှင့်တစ်ဖန်မွေးဖွားလာခဲ့သူ…

    ဇူလိုင်ရောက်ပြီမို့ မှိုင်းညို့နေတဲ့ ကောင်း ကင်တစ်ခွင်နဲ့ သည်းသည်းမည်းမည်းရွာသွန်းဖြိုး လာတဲ့ မိုးစက်မိုးပေါက်တွေက ဒီရာသီရဲ့ သရုပ် သဏ္ဍာန်ကို အတိအကျ ပီပြင်စေခဲ့ပြီ…
    ဒီလိုအင်အားရှိတဲ့ မိုးစက်မိုးပေါက်တွေ ကို သယ်ဆောင်လာခဲ့တဲ့ မိုးတိမ်တောင်တွေနဲ့ ညို့မှိုင်းမှောင်နေတဲ့ ကောင်းကင်တစ်ခွင် ကိုယ်စားပြုရင်း ဇူလိုင်လရဲ့ ကာဗာစာမျက်နှာတွေကို ပုံသွန်းလောင်းဖြစ်ခဲ့ပါပြီ…။

Aye Myat Thu
Makeup & Hair - Nyi Nyi Maung
(San Chaung)
Photo - Wunna Khwar Nee

 

Photographer - Wunna Khwar Nee
    လျှပ်စီးလက်သလို တဖျတ်ဖျတ်စီးဝင်သွား တဲ့ ရိုက်ချက်တွေကြားမှာ ပုံစံအမျိုးမျိုးသော အလင်းတန်းတွေကြား စီးမျောသွားခဲ့တဲ့ အမည်း ရောင်ဖက်ရှင်ပုံရိပ်များကို ဖန်တီးပေးခဲ့သူ...

Makeup Artist - Nyi Nyi Maung (San Chaung)
    မျက်နှာဖုံးဖြစ်မှရယ်… အတွင်းကဏ္ဍမို့လို့ ရယ်ဆိုတဲ့ ခွဲခြားမှုမျိုး ဘယ်တော့မှမရှိဘဲ People ရဲ့စာမျက်နှာတိုင်းအတွက် အမြဲတမ်း စေတနာ အပြည့်ထားပြီး ကူညီပေးတတ်တဲ့ နာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ယောက်…

Cover Model - Aye Myat Thu
    သူမကတော့ Cover Model ဖြစ်သလို ဒီ Black Fashion တွေရဲ့မူပိုင်ရှင်လည်း ဖြစ် တယ်။ ဒီစာမျက်နှာတွေက ပုံရိပ်တွေအတွက် သူမရဲ့ အထူးတလည်ကြိုးစားပေးခဲ့တဲ့ အကြောင်းအရာတွေ… တစ်သီးတစ်သန့်ဖယ်ထုတ်ထားပေးခဲ့တဲ့ သူမရဲ့အချိန်တွေ… အပြင်ကမ္ဘာမှာ ရွာချနေတဲ့ သည်းသည်းမဲမဲ မိုးရေတွေထဲမှာ နစ်ဝင်စီးမျော သွားခဲ့တဲ့ သူမရဲ့ အချစ်… အရှုံး… ပျော်ရွှင်ခြင်း…ကြေကွဲခြင်း… ပြန်လည်ရှင်သန်ခြင်း… ဒီအရာတွေနဲ့အတူ လှပတဲ့ Story တစ်ပုဒ်ကို သက်ဝင်ခံစား စေခဲ့သူ…။
    သူမရဲ့ ခံစားချက် Story လေးကို နားဆင် ကြည့်တဲ့အခါ…

    အမည်းရောင်ဖက်ရှင်နဲ့ မိုးရာသီ…
    သူမစိတ်ထင်တော့ တော်တန်ရုံတွဲမြင်လေ့ မရှိသလိုပင်…။
    ဆက်စပ်ကြည့်လိုက်ရင် ဆန့်ကျင်ဘက်လို့ ပြောလို့ရသလို လိုက်ဖက်တယ်ဆိုလည်း ငြင်းချင် စရာမရှိပြန်။
    သူမအမြင်မှာ မိုးရာသီဆို စိမ်းလန်းခြင်း အငွေ့အသက်တွေနဲ့ ပုံဖော်ကြတာများလေသည်။
    ဒီတစ်ခေါက် သူမကြုံရသည်က ညို့မှိုင်းနေ သည့်မိုးကို ကိုယ်စားပြုထားသော အမည်းရောင်...။
    ဟုတ်ပါသည်… People Magazine ရဲ့ ဇူလိုင် Cover စာမျက်နှာက မှိုင်းညို့နေတဲ့မိုးလို အားအင်တစ်ခုရှိတဲ့ အမည်းရောင်သီးသန့်ဖက်ရှင် တွေကိုသာ ဦးတည်ထားသည်။


    ဒီတော့… ဒီနေရာမှာ စတွေ့တာက သူမဖြစ်တော့သည်။ သူမက အမည်းရောင်ဆို မ၀တ်မဖြစ် ရှိုးပွဲမျိုး၊ ဆင်လို့ဝတ်ရတာမျိုးကလွဲရင် နေရာတော် တော်များများမှာ ရှောင်တတ်သူ။ ခုလို ၀ါစိမ်းနီပြာ ဘယ်အရာမျိုးနဲ့မှ မရောနှောတဲ့ အမည်းရောင် သက်သက်ကိုသာ ရွေးချယ်ရိုက်ကူးမယ်ဆိုလာ တော့  သူမထံမှာ အမည်းရောင်သီးသန့် ဖက်ရှင်တွေ က စဉ်းစားလေရှားလေ ဖြစ်နေခဲ့သည်။
    ခေါင်းစားစရာတွေနဲ့ ခရီးမဆက်ချင်တတ်တဲ့ သူမအဖို့ Black Fashion သီးသန့်စုဆောင်းရေး Shopping အဖြစ် ဘန်ကောက်ကိုသာ တစ်ရက်ခရီး အမြန်ပျံသန်းခဲ့တော့သည်။ သူမအတွက် ဒီခရီးက နည်းနည်းတော့ ဆန်းသည်။ ရည်ရွယ်ချက်ဖြင့် ဈေးဝယ်ထွက်သော ရှားပါးခရီးတစ်ခုဖြစ်ခဲ့ပြီး အ ချိန်အကန့်အသတ်ရှိသောကြောင့် အမည်းမှလွဲလျှင် ဘာမှမကြည့်မိအောင် စိတ်ကိုထိန်း၍ ရှောင် ကွင်းနိုင်ခဲ့ခြင်းသည်ပင် သူမအတွက် အမှတ်တရတစ်ခု ဖြစ်စေရစ်တော့မည်။
    အနုပညာရှင်တစ်ယောက်ဖြစ်သော သူမ အနေဖြင့် အမည်းရောင်ရှောင်သည်ဆိုသော အချက်မှာ ကြားရသူအဖို့ ပဟေဌိ ဖြစ်နိုင်ပါသည်။ အမည်းရောင်သည် နှစ်သက်သူနှင့် မ၀တ်တတ် သူတို့ ကြားတွင် သတ်မှတ်ချက်အမျိုးမျိုးရှိသလိုပင်
သူမအနေနဲ့လည်း လူသုံးအများဆုံးအရောင်အ ဖြစ်  သတ်မှတ်ထားခြင်းကြောင့် ရောနှောမှုများကို ရှောင်ကွင်းချင်၍သာ အမည်းရောင်ကို ရှောင်ဖြစ် ခဲ့ခြင်းသာဖြစ်သည်။


    တကယ်တော့ ဒီအရောင်က သူမအတွက် အဆင်ပြေစေသည်။ လျှို့ဝှက်ငြိမ်သက်သော  ထည်ဝါမှုနဲ့ ပါဝါတစ်ခုရှိနေသည်ဟု သူမခံစား ရသည်။ ခုလို သည်းသည်းမည်းမည်းမိုးနေ့တွေကို ရည်ညွှန်းထားသော အမည်းရောင်ဖက်ရှင်ပုံရိပ်
တွေအကြောင်း ဖော်ကျူးနေတဲ့နေ့လေးမှာပဲ သူမ ချစ်သောမိုးရာသီက ကောင်းကင်တစ်ပြင်လုံး ပိန်းပိတ်မှောင်လို့ မိုးစက်မိုးပေါက်တို့က တိုက်ဆိုင်စွာ ရွာသွန်းနေခဲ့လေသည်။ မှန်ပြတင်းအပြင်ဘက်မှာ တဖျောက်ဖျောက် လာရောက်ထိခတ်နေသော မိုးစက်လေးတွေနဲ့အတူ မိုးရာသီရဲ့ ညို့မှိုင်းနေ သော နေ့ရက်များသည် သူမစိတ်နှင့် တိုက်ရိုက်ထိ တွေ့မှုရှိသော အရာများသာ ဖြစ်ခဲ့သည်။
    မိုးဆိုတာ ပုံစံအမျိုးမျိုးနဲ့ ရွာသွန်းဖြိုးတတ် ပေမဲ့ ညိုမှောင်နေတဲ့ ကောင်းကင်ထက်ကနေ အရှိန်ပြင်းပြင်းစီးဆင်းလာသော မိုးစက်တို့ကသာ မိုးရဲ့သရုပ်သကန်ကို ပီပြင်စေသည်ဟု သူမထင် သည်။
    အုံ့မှိုင်းနေတဲ့ မိုးသားတိမ်လိပ်တို့က ဘယ်ဆီသို့မှန်းမသိသော အလွမ်းများကို ပေးစွမ်းကြသည်။ ဒီမိုးစက်တွေ ကျချိန်မှာပဲ သူမမွေးဖွားလာခဲ့သည်။ ဒီမိုးရေတွေကြားမှာ အချစ်ဆိုတာကို စတင် ခံစားမိခဲ့ဖူးသည်။ ဒီမိုးရာသီမှာပဲ အသည်း ကွဲခြင်းနဲ့ ရှုံးနိမ့်ခဲ့ဖူးသည်။ ဒီမိုးစက်တွေကပဲ သူမရဲ့ကြေကွဲခြင်းမျက်ရည်တွေကို ဘယ်သူမှမသိမမြင်ရလေ အောင် ဖုံးလွှမ်းပေးခဲ့ကြသည်။ မိုးသည် သူမကို ခံစားချက်အမျိုးမျိုးနဲ့ ရူးသွပ်စေနိုင်ပြီး ဒီမိုးစက် တွေရဲ့ အားအင်နဲ့ပဲ သူမပြန် လည်နိုးထရှင်သန်နိုင်ခဲ့ပါသည်။


    ဒါကြောင့်လည်း သူမကိုအသစ်တစ်ဖန် ပြန်လည်မွေးဖွားပေးတတ်သော မိုးရာသီကို သူမ ချစ်သည်။ အင်အားရှိသော အမည်းရောင်တိမ် တိုက်တွေကြားက သည်းသည်းမည်းမည်း ရွာချလာတတ်သော မိုးကို သူမချစ်သည်။ ဒီမှောင်မည်းခြင်း
တွေရဲ့နောက်မှာ လန်းဆန်းခြင်းအားအင်တွေ အပြည့်နဲ့ လတ်ဆတ်လှပနေတဲ့ သူမရဲ့ကမ္ဘာကို ပြန်လည်တွေ့မြင်လာရတတ်သည်သာ မဟုတ်ပါ လား….။