Primary tabs

ကံကောင်းခြင်းတွေနဲ့ အိန္ဒြာကျော်ဇင်

    အဖန်ဖန်အခါခါ ချိန်းဆိုခြင်းတွေ၊ အကြိမ်ကြိမ်အခါခါ ညှိနှိုင်းမှုတွေရဲ့ အဆုံးသတ်မှာ ၂၀၁၄ ကို နှုတ်ဆက်မယ့် People မဂ္ဂဇင်း မျက်နှာဖုံးဟာ အထမြောက်ခဲ့ပါတော့တယ်။
    ပုံဖော်ချင်တာက နှင်းတွေဝေတဲ့ ဆောင်းရာ
သီ။
    တကယ်တမ်း ကြုံနေရတာက ချွေးပြိုက်ပြိုက်ကျစေတဲ့ ပြင်းပြပြနေရောင်။
    အဲဒီ့ဆန့်ကျင်ဘက် နှစ်ခုကြားမှာ People ရဲ့ဒီဇင်ဘာမျက်နှာဖုံးကို ကြိုးစားပုံဖော်ထားကြပါတယ်။
    မျက်နှာဖုံးရှင်ရဲ့ ရင်ထဲက အကြောင်းအရာတွေကို တီးခေါက်မိပြန်တော့…

အိန္ဒြာကျော်ဇင် နဲ့ ဆောင်းရာသီ
    ရာသီ (၃) ခု ထဲမှာ ဆောင်းရာသီကိုတော့ အကြိုက်ဆုံးပါပဲ။ သူက နွေရာသီလိုလည်း မပူဘူး။မိုးရာသီလိုလည်း စိုစိုစွတ်စွတ်နဲ့ အလုပ်လုပ်လို့မကောင်းတဲ့ရာသီမဟုတ်ဘူး။ ပြီးတော့ ဆွယ်တာလေးတွေ၊ မာဖလာလေးတွေနဲ့ပိုပြီးလည်းဖက်ရှင်
ကျကျ ၀တ်လို့ရတယ်လေ။ ရာသီက အေးစိမ့်စိမ့်လေးကိုး။ ငယ်ငယ်တုန်းကဆို အိမ်နားကသူငယ်ချင်းတွေ၊ မောင်နှမ၀မ်း ကွဲတွေစုပြီး မနက်စောစော ထပြီး လမ်းလျှောက်တာတို့၊ ပြေးတာတို့ လုပ်ကြတယ်။ အဲဒီလို ဆောင်းမနက်ခင်းတွေဆို အခုချိန်မှာ ပြန်မရနိုင်တော့ဘူး။

အိန္ဒြာကျော်ဇင် နဲ့ ၂၀၁၅
    ၂၀၁၅ မှာ ကြီးကြီးမားမား မျှော်လင့်ထားတာမျိုးမရှိပါဘူး။ အဓိကကတော့လေ ကိုယ့်မိသားစုလေးကို အကောင်းဆုံးဖြစ်အောင်၊ ပျော်ရွှင်စရာကောင်းအောင်၊ ငြိမ်းချမ်းအောင်ပဲ မျှော်လင့်ထားတယ်။ ကိုယ့်မိသားစုဘ၀လေးနဲ့ပဲ ၂၀၁၅ ကို အေး
အေးချမ်းချမ်း ဖြတ်သန်းသွားချင်တယ်။ အဓိကကတော့ ဒါပဲ။ ဘ၀ကို စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့က အဓိကပဲ။ ကျန်တာအရေးမကြီးဘူး။ အဲဒီလိုဖြစ်အောင် ကိုယ်က စိတ်ထားတတ်ရမယ်၊ နေတတ်ဖို့လိုတယ်။

အိန္ဒြာကျော်ဇင်အတွက် မရှိမဖြစ်
    သာယာချမ်းမြေ့တဲ့  မိသားစု ဘ၀လေးပဲ။  အခုလောလောဆယ်တော့ သမီးလေးပေါ့။ နောက်ထပ်လည်း သားသမီးယူဖို့ အစီအစဉ်ရှိတယ်။ အခုဆိုရင်လည်း ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပါပြီ။

အိန္ဒြာကျော်ဇင်ရဲ့ ဖက်ရှင်အမြင်
    ကိုယ့်အသက်အရွယ်နဲ့လိုက်တဲ့၊ ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကိုပဲ ပိုရွေးချယ်ဖြစ်တယ်။ အရမ်းကလေးဆန်တဲ့ ဖက်ရှင်မျိုးကို မကြိုက်တော့ဘူး။ ကိုယ်ပေါ်မှာ စတိုင်လ်ကျနေတဲ့ ဖက်ရှင်မျိုး၊ တည်တည်ငြိမ်ငြိမ်နဲ့ ကျော့ရှင်းနေ
တဲ့ ဖက်ရှင်မျိုးပဲ ပိုကြိုက်လာတယ်။ ဖက်ရှင်ကျဖို့ဆိုတာက ကိုယ့်အားနည်းချက်ကို သိရမယ်။ သိတော့မှ အဲဒါကိုဖုံးပြီး ဖက်ရှင်ကျအောင် ၀တ်လို့ ရတယ်။ အရင်တုန်းကဆိုရင်တော့ အရောင်မှိုင်းတာတွေ ပိုရွေးဖြစ်ပေမဲ့ အခုလောလောဆယ်မှာ
တော့ အရောင်တောက်တောက်လေးတွေ ကြိုက်နေတယ်။

အိန္ဒြာကျော်ဇင်ရဲ့ ဘ၀အမြင်
    ဘ၀ကတော့ အရမ်းကြီး ထွေထွေထူးထူးနဲ့ဆန်းဆန်းပြားပြားမရှိပါဘူး။ ပုံမှန် မိသားစုတွေ ဖြတ်သန်းနေကျ ဘ၀မျိုးလို့ပဲ ပြောလို့ရပါတယ်။ ဒီအချိန်မှာ အလုပ်ထက် ကိုယ့်မိသားစုကို ပိုပြီး အချိန်ပေးချင်လာတယ်။ ကိုယ်တိုင်ကလည်း ဒီ
အသက်အရွယ်မှာ ဒီလိုဘ၀ပုံစံမျိုးကို လိုချင်တယ်၊ ဖြစ်ချင်တယ်။ ဒီလိုအနေအထားမျိုး လိုချင်တဲ့အတွက် ကိုယ်တိုင်လည်း ဖန်တီးတယ်။ ဖြစ်အောင်လုပ်ယူတယ်။ အဲဒီ့အတွက် လက်ရှိမှာကိုယ့်ဘ၀ဖြတ်သန်းမှုပုံစံကို ကိုယ်တိုင်ကျေနပ်
ပါတယ်။

နှစ်သစ်အတွက် ဆုတောင်း
    ၂၀၁၅ နှစ်သစ်ကနေစပြီး ချစ်ပရိသတ်ကြီး အနေနဲ့ အချိန်တိုင်းအချိန်တိုင်းမှာ ကံကောင်းခြင်းတွေနဲ့ ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။