Primary tabs

April Neon Riot

သူမလေးက ပထမ အနုပညာကို ဝါသနာပါဟန်မရှိခဲ့
ကလေးလေးတစ်ယောက် သူမရဲ့ မေမေနဲ့ အဒေါ်တို့ရဲ့ အနုပညာသွေးတွေကို တိတိကျကျ မပြသခဲ့


ဟော.. ဒီတစ်နှစ်အတွင်းမှာမှ သူမလေး ရုပ်ရှင်တွေ ရိုက်လာသတဲ့  ကြော်ငြာတွေမှာ သရုပ်ဆောင်တာမြင်လာခဲ့
သူမလေးရဲ့ သွေးထဲစီးဆင်းနေတဲ့ အနုပညာ သွေးတွေက ထင်ရှားလာခဲ့လေပြီကော…
ဒီနေ့ ကာဗာရိုက်ကွင်းမှာ တွေ့လိုက်ရတဲ့ သူမလေးကတော့ ဒီတစ်နှစ်အတွင်းထဲမှာတင် အနုပညာမှော်တွေ ဝင်ရောက်နေခဲ့ပါပြီကော…။


သူမလေး… မေတိုးခိုင်
ခြယ်မှုန်းလိုက်တဲ့အတိုင်း အသက်ဝင်စွာ ပြောင်မြောက်တဲ့ ဖက်ရှင် ကာဗာစာမျက်နှာများအဖြစ် သူများသက်ဝင်နေလိုက်ပုံများ...


“ဖူး ဒီနေ့ရိုက်တဲ့ ကာဗာ ဖက်ရှင်တွေက ဖူး တစ်ခါမှ မလုပ်ဖူးတဲ့ပုံစံ အဓိကက ဆံပင်ပိုင်းတွေ အရမ်းထူးခြားတာ Makeup Look ရော အကြိုက် ဆုံးက ပန်းရောင်လေးနဲ့ ဆံပင်စတိုင်လ်က Future ခေတ်ရောက်သွားသလိုမျိုး ပုံစံလေးလေ။ ဖူးက ဖက်ရှင်ဆိုရင် နည်းနည်း ကိုးရိုးကားယားဖြစ်တဲ့ပုံ မျိုး ကြိုက်တာဆိုတော့ ဖူးအကြိုက်ပဲ”


“ဖူး အနုပညာကို ဝါသနာပါတာ ဘယ်လို သိသွားလဲဆိုတော့ ၂ဝ၁၆ မှာ ရူးအောင်ချစ်မိသူ ရုပ်ရှင်ကားကြီးရိုက်တော့မှ ဝါသနာပါနေတာကို သတိထားမိသွားတာ ရှုတင်မှာ စရိုက်ခါစက အားလုံးအစိမ်းသက်သက်ကြီးပဲ  “အက်ရှင်” ဆိုတာနဲ့ လူက သတိဆွဲသွားသလို ဖြစ်ဖြစ်သွားပြီး တော်တော် ကြိုးစားခဲ့ရတာ ပင်ပန်းတယ် ဒါပေမယ့် ပျော်နေတာလေ အဲဒီမှာမှ ဖူးက ကိုယ့်ဖာသာသိ သွားတာ အနုပညာလုပ်နေရရင် ပျော်နေတာပါလားဆိုတာ  ၂ဝ၁၃ လောက်က မေ့မေကဆိုင် ကြော်ငြာဖို့ ဓါတ်ပုံရိုက်တာတောင် ဘာမှမလုပ်တတ်ခဲ့သေးဘူး”


“တီဝဲက အနုပညာအလုပ် စလုပ်မယ်ဆိုတော့ Test အရင်လုပ်တာ တောက်လျှောက်လည်း သင်ပြပေးတယ် အခုလည်း ရှုတင်ကို လိုက်လာပေးတယ်။ တီဝဲက အရမ်းတော်တဲ့ အနုပညာရှင်ဖြစ်လို့ ဖူးအတွက် pressure တော့ နည်းနည်း ရှိတာပေါ့ ဒါပမယ့် အဲဒါကို ခေါင်းထဲ သိပ်မထည့်ပဲ လုပ်စရာရှိတာကို အကောင်းဖြစ်အောင်ပဲ ဖူးကြိုး စားပါတယ်။ တီဝဲကရော မိသားစုကရော ဖူး ကို support အပြည့်ပေးတော့ အနုပညာအလုပ်လုပ်တာပျော်စရာကောင်းပါတယ်။”


“လောလောဆယ် ဖူး  MTV တွေ Com-mercial တွေ ရိုက်ဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်တွေ ရိုက်မယ်ဆိုရင်တော့ Musical ကားလေးတွေ Hight School ကားလေးတွေ ရိုက်ချင်ပါတယ်”