Primary tabs

စိန်စမ္ပယ်ဖူးဆိုတာ…

စိန်အရည်အသွေးမြင့်မားပြီး ဒီဇိုင်းလှလှတွေနဲ့ ၀ယ်ယူသူတို့ စိတ်ချမ်းသာမှုကို ရရှိနေတဲ့ စိန်စမ္ပယ်ဖူးရဲ့ ပဲ့ကိုင်သူ ကိုအောင်လွင်အေးနဲ့ မေးမြန်းဖြစ်ခဲ့တာတွေကတော့…။

စိန်စမ္ပယ်ဖူးကို စတင်တည်ထောင်ခဲ့တဲ့ နှစ်နဲ့ နာမည်လေးပေးဖြစ်ပုံ နာမည်လေးရဲ့ အဓိပ္ပါယ်ကို ပြောပြပေးပါနော်...
စိန်ရတနာ ရောင်းဝယ်လုပ်ငန်းကတော့ ဘိုးဘွားမိဘတွေ လက်ထပ်ကတည်းက လုပ်ကိုင်ခဲ့တာပါ။ အဖိုးက ပန်းတိမ်ဆရာကြီးပါ။ အဖွားက စိန်ကုန်သည်ပါ။ မိဘတွေကလည်း မန္တလေးရွှေဆိုင်တန်းမှာ စိန်ရွှေရတနာလုပ်ငန်းကို အစ်ကိုတို့ မမွေးခင်ကတည်းက လုပ်ကိုင်ခဲ့ကြတာပါ။
စိန်စမ္ပယ်ဖူး နာမည်နဲ့ကတော့ ၁၉၉၈ ခုနှစ် မှာ စတင်တည်ထောင်ပြီး စိန်ထည်တမျိုးတည်း သီးသန့်ရောင်းပေးတဲ့ စိန်တိုက်အဖြင့် ဖွင့်လှစ်ခဲ့ပါတယ်။

စိန်စမ္ပယ်ဖူးရဲ့ လူကြိုက်များရခြင်း အချက်က...
အဓိက လူတွေသဘောကျရတဲ့ အချက်ကတော့ အစ်ကိုတို့ ဆိုင်ရဲ့ စိန်အရည်အသွေးအပေါ် အာမခံမှု၊ ပြောင်းရောင်း၊ ပြန်လဲတဲ့အခါ လွယ်ကူမြန်ဆန်တဲ့ အာမခံမှုတွေကြောင့် Customer တွေရဲ့ စိတ်ချမ်းသာ၊ စိတ်ကျေနပ်မှုတွေကို ရရှိခဲ့ပါတယ်။

စိန်စမ္ပယ်ဖူးလို့ ပေးဖြစ်ရခြင်းက စိန်ရဲ့ ဖြူစင်သန့်ရှင်းမှုကို စမ္ပယ်ပန်းနဲ့ တင်စားတတ်ကြပါတယ်။ ဒါလေးကို အထူးပြုပြီး စိန်ရတနာလုပ်ငန်းလည်း ဖြစ်တာကြောင့် စိန်စမ္ပယ်ဖူးလို့ ပေးခဲ့တာပါ။ ရှေးကတည်း စိန်ပွင့်လေးတွေ လှပနေရည် စမ္ပယ်သား၊ စမ္ပယ်ရည်လို့ တင်စားပြောဆိုခဲ့ကြတာပါ။

စိန်စမ္ပယ်ဖူးရဲ့ အရည်အသွေးနဲ့ လက်ရာ အာမခံခြင်း စတာတွေကို ပြောပြပေးပါဦး...
အစ်ကိုတို့ ဆိုင်မှာဆို စိန်ထည်ပစ္စည်းတွေကို သူ့အရည်အသွေးအလိုက် ထိုက်တန်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးပါတယ်။ ပထမတန်းစားဆိုတဲ့ ပထမတန်းစား အရည်အသွေးကို ထိုက်တန်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးပါတယ်။ ဒီလိုပဲ ဒုတိယ အမျိုးအစားဆိုရင်လည်း သူ့ရဲ့အရည်အသွေးနဲ့ ဈေးနှုန်းကို အာမခံနဲ့ ရောင်းချပေးပါတယ်။ လက်ရာမှာဆိုရင်လည်း အစ်ကိုတို့ရဲ့ ပန်းတိမ်မှာ ထိုင်းနိုင်ငံက ဝါရင့်ပန်းတိမ်ဆရာတွေက ဦးစီးလုပ်ကိုင်ပေးတဲ့အတွက်၊ နိုင်ငံတကာ အဆင့်မှီ လှပထူးခြားတဲ့ လက်ရာတွေကိုပဲ ပြုလုပ်ရောင်းချပေးပါတယ်။

စိန်စမ္ပယ်ဖူးရဲ့ သူမတူတဲ့ အောင်မြင်ရခြင်းအကြောင်းကရော ဘာများပါလဲရှင်...
အခုလို စိန်ရဲ့ အရည်အသွေးတွေကို အာမခံရောင်းချပေးတာရယ်၊ နိုင်ငံတကာ အဆင့်မှီ လှပဆန်းပြားတဲ့ လက်ရာတွေရယ်က Customer တွေရဲ့ စိတ်ဝင်စားမှု၊ ကြိုက်နှစ်သက်မှုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပြန်ရောင်း ပြန်လဲတဲ့အခါမှာ လွယ်ကူစိတ်ချမ်းသာအောင် Service ပေးတဲ့အတွက် စိန်စမ္ပယ်ဖူးရဲ့ လက်ဝတ်ရတနာတွေကို တစ်ခါဝယ်ယူဝတ်ဆင်ဘူးသွားတာနဲ့ အစ်ကိုတို့ ဆိုင်ရဲ့ အမြဲမိတ်ဆွေ Customer တွေ ဖြစ်သွားကြပါတယ်။

အနှစ် ၂၀ ပြည့်အတွက် အထူးအစီအစဉ်တွေကိုလည်း ပြောပေးပါဦးနော်...
အခု ၂၀၁၈ မှာ စိန်စမ္ပယ်ဖူးရဲ့ အထူးအစီအစဉ်အဖြစ် မန္တလေးမြို့၊ မင်္ဂလာမန္တလေးမှ စိန်စမ္ပယ်ဖူး စိန်တိုက်ခွဲအသစ်ကြီးကို ဖွင့်လှစ်လိုက်ပါပြီ။ စိန်တိုက်ခွဲအသစ်မှာ စိန်ထည်လက်ဝတ်ရတနာကိုသာမက မြန်မာ့တွင်းထွက်ကျောက်မျက်ရတနာများကိုပါ အာမခံနဲ့ ရောင်းချပေးသွားတော့မှာပါ။ စိန်စမ္ပယ်ဖူးရဲ့ မင်္ဂလာမန္တလေးစိန်တိုက်ခွဲ အသစ်ကြီးမှာလည်း လာရောက်အားပေးကြပါလို့ မိတ်ဟောင်း မိတ်သက်များကို ဖိတ်ခေါ်လိုက်ပါတယ်။

စိန်စမ္ပယ်ဖူး ချစ်သူတွေအတွက် ဆုတောင်းစကားက ဘာများပြောချင်ပါလဲရှင်...
စိန်စမ္ပယ်ဖူးကို နှစ်ပေါင်းများစွာ အားပေးခဲ့ကြတဲ့ မိတ်ဆွေများအားလုံးအပြင် လာရောက်အားပေးကြမယ့် မိဆွေအသစ်များကိုပါ အမြဲတမ်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားတိုးတက် အောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။