Primary tabs

ရွှေမှုန်ရတီ ပြောတဲ့ ရွှေမှုန်ရတီအကြောင်း

ချစ်စဖွယ် အပြုံးလေးနဲ့ ပွင့်ပွင့်လင်း ရယ်မောတတ်တဲ့ သူမလေး မအားလပ်တဲ့ အနုပညာရပ်တွေကြားမှာ ပျော်နေတတ်သူလေးအောင်မြင်တဲ့ အနုပညာရှင်ဘဝကို ပေါ့ပါးစွာ ဖြတ်သန်းနေတဲ့ သူမလေး နဲ့ People မဂ္ဂဇင်းအတွက် ကာဗာရိုက်ကူးဖြစ်ခဲ့ရင်း စကားလက်ဆုံလည်းကျဖြစ်ခဲ့ကြသည်။

မေးသမျှတွေကို တစ်ခုမကျန် ပြည့်ပြည့်စုံစုံ ဖြေပေးခဲ့သမျှတွေကတော့…

ရွှေမှုန်ရဲ့ လတ်တလော အနုပညာ
လောလောဆယ် ကြော်ငြာနဲ့ မဂ္ဂဇင်းတွေအတွက် ရိုက်ဖြစ်နေတယ်။ ပြီးရင် ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့ရှိနေပါတယ်။ လောလောဆယ် အနေ အထားကတော့ ရုပ်ရှင်ကားကြီးတွေပဲ ရိုက်နေကြတာများ နေကြတာဆိုတော့ ညီမလည်း ရုပ်ရှင်ကားကြီးတွေပဲ များနေပါတယ်။

ရွှေမှုန်နဲ့ ကျန်းမာရေး
တကယ်တော့ ကျန်းမာရေးသိပ်မကောင်းဘူး  ဆေးရုံတက်နေရဦးမှာကို  ဆရာဝန်ဆီ ခွင့်တောင်းပြီးဆင်းလာတာ အလုပ်တွေမပြတ်သေးတာရယ် အလုပ်တွေနဲ့ပတ်သက်ပြီး နာမည် ထပ်မပျက်ချင်တော့လို့ ခဏဆင်းလာတာပါ အလုပ်တွေပြတ်သွားတော့မှ နောက်တစ်ခါ ပြန်တက်တော့မှာပါ။ မွေးရာပါ နှလုံးရောဂါနဲ့ အစာအိမ်ရောဂါကြောင့် နားဖို့လိုနေတာပေါ့နော် နှလုံးက မွေးရာပါ ဆိုပေမယ့် ဘာဆိုတာ ဘယ်လိုစစ်စစ်မပေါ်ဘူး အခုတစ်ခေါက် ၁၀ ရက်လောက် သတိရတစ်ချက် 
မရတစ်ချက်ဖြစ်ခါမှ ဘာဖြစ်တယ်ဆိုတာ အဖြေပေါ်တာ နှလုံးခုန်အရမ်းမြန်ပြီးတော့ နှလုံးလေဟပ်သလိုဖြစ်ပြီး သတ်လစ်သွားတာပါ။ နှလုံးခုန်နှုန်းတိုင်းတဲ့စက်နဲ့ အမြဲတိုင်းပြီးသတိထားနေရတယ်။

ရွှေမှုန်ရဲ့ အချစ်
အခုနှစ်ပိုင်းတွေမှာ အရမ်းလိမ္မာလာတာ သူ့ကြောင့်လည်းပါတယ်။ အမေကလည်း ထိန်းပေးတယ်၊ သူကလည်း ထိန်းပေးတယ်ဆိုတော့ အများကြီးလိမ္မာလာခဲ့တာ သူတို့တွေက နားအများကြီးရှိတယ် လူတွေအကြောင်းကို ပိုသိပြီးတော့ သင်ပြပေး ထိန်းပေးခဲ့တာဖြစ်တဲ့အတွက် ပိုလိမ္မာလာစေခဲ့တယ်။ 

အရင်က ပြောလည်းသိပ်နားမထောင်ဘူး သူပြောချင်တာပြော လုပ်ချင်တာလုပ်ပဲ နောက်ပိုင်းကျတော့ အမေကလည်းပြောတယ် သူပြောတာတွေမှန်တယ်ဆိုမှ သူပြောတာတွေကို ဂရုစိုက်ပြီး သေသေချာချာနားထောင်ပြီး နေအထိုင်ဆင်ခြင်ဖြစ်တယ်။ ပြီးတော့ သူက ညီမကို အရမ်းချစ်တယ်၊ အဲဒါကြောင့် သူ့ကိုချစ်တာ အစက အဲဒီလောက်မချစ်ဘူး  သူက အရမ်းကို နားလည်ပေးတယ်။ ကလေးတစ်ယောက်လို သွန်သင်ဆုံးမပေးတယ် စိတ်ကိုအရမ်းနားလည်ပေးတတ်တယ်။ မကြိုက်တဲ့ အရာမှန်သမျှ အကုန်ရှောင်ပေးတယ်။ စိတ်မပူနေရအောင် အမြဲနေပေးတယ် သူ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရအောင် မျက်ခုံးတစ်ချက်တောင် မတွန့်စေရဘူး သဲရဲ့ ရောဂါကိုလည်း အရမ်းဂရုစိုက်ပေးတယ် သဲကိုသူက အရမ်းချစ်တဲ့အတွက် သဲက သူ့ကို အရမ်းချစ်သွားခဲ့တာပါ အရမ်းစိတ်ချမ်းသာရတယ်။ စုံတွဲတိုင်းမှာ ပြဿနာဆိုတာကတော့ ရှိကြမှာပဲလေ ဘယ်လိုပြဿနာပဲရှိရှိ တစ်ယောက်နဲ့တစ်ယောက် သူအလုပ် ကိုယ့်အလုပ်မစွက်ဖက်ကြတဲ့ စည်းလေးတွေနဲ့ နေကြပါတယ်။ နှစ်ယောက်က အကျင့်လေးတွေ အကြိုက်လေးတွေလည်း တူကြတယ်။ မိန်းကလေးတွေကိုလေ အကြံပေးချင်တာကလေ ကိုယ်က ချစ်တဲ့သူ ထက် ကိုယ့်ကိုချစ်တဲ့သူကို ရွေးကြပါလို့ အဲဒါ သဲရဲ့လက်တွေပဲမို့ပါ။

ရွှေမှုန်ရဲ့ မိသားစုဘဝ
ညီမတို့ မိသားစုမှာ ပါးပါးရှိတယ်၊ အစ်ကိုရှိတယ်၊ အစ်မရှိတယ်၊ ညီမရှိတယ်၊ အဲဒီအထဲမှာမှ အမေက ညီမနဲ့ အရင်းနှီးဆုံး  မိသားစုထဲမှာ အမေကတော့ ညီမအတွက်အမြဲထိန်းပေးတဲ့သူပါ။ အမေမသိပဲ ဘာမှမလုပ်ခဲ့ဘူး ရည်းစားနဲ့ဖုန်းပြောတာတောင် အမေ သိမှပြောတာမျိုးပါ။ အမေက ညီမရဲ့ ဘ၀တစ်ခုလို့တောင်ပြောလို့ ရပါတယ်။ ညီမက အလုပ်တစ်ခုကို လုပ်တဲ့အခါ ဘယ်အလုပ် ဖြစ်ဖြစ် ဆုံးခန်းတိုင်အောင် လုပ်တဲ့အကျင့်ရှိတယ် မိဘကို ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ကျွေးခွင့်ရတာကို အရမ်းဂုဏ်ယူတယ် မိဘအတွက် မိသားစုကိုလုပ်ကျွေးခွင့်ရတယ်ဆိုတဲ့ စိတ်နဲ့လုပ်နေရတဲ့ အလုပ်တွေဟာ ညီမအတွက် ပိုအားရှိစေပါတယ်။ မိသားစုဆိုတာ  ညီမအတွက် အရာရာပါပဲ။

ရွှေမှုန်နဲ့အောင်မြင်မှု
အောင်မြင်မှုတွေ အကုန်လုံးဟာ အမေကြောင့်ပါ အောင်မြင်မှု့ကို ထိမ်းပေးတာလည်း အမေပါပဲ မွေးလာကတည်းကနေ ဒီနေ့အထိ ညီမရဲ့ ခန္ဓာကိုယ် ကျန်းမာရေး အလုပ်တွေကအစ အကုန်လုံးကို သူတစ်ယောက်တည်းကနေ ထိန်းပေးတာ အမေပါ။ မအောင်မြင်ခင် သေးသေးလေးကနေ ဒီနေ့အထိ ထိန်းလာခဲ့တာ ညီမကို နာမည်မပျက်အောင် ထိန်းပေးနေခဲ့တာပါ။ အမေ့စကားကိုဆို ဒီနေ့အထိ နားထောင်ပါတယ်။

 

ရွှေမှုန်ပြောခဲ့ဖူးတဲ့ အမေ စိတ်ဆိုးနေတယ် ဆိုတဲ့ စကားလေး
ဟုတ်တယ် တကယ်ပဲ အမေနဲ့ ညီမက စိတ်ခံစားမှုတွေကို အပြန်အလှန် ထိန်းချုပ်နိုင်တာမို့လို့ ညီမရဲ့ စိတ်ကို အမေကသိနေသလို အမေရဲ့ စိတ်ကို ညီမကသိလို့ အမေ စိတ်မဆိုးအောင် ညီမက ထိန်းပြီးနေကြတာမို့လို့ ညီမ အဲဒီစကား ပြောလိုက်တာ။

ရွှေမှုန်နဲ့ ဆိုရှယ်မီဒီယာ
ညီမက ဖုံးဖုံးကွယ်ကွယ် မနေတတ်ဘူး။ အားလုံးကို ပွင့်ပွင့်လင်းလင်းပဲ ညီမဆီမှာ ရှိသမျှ အရာအားလုံးကို ပရိသတ်ကို သိစေချင်လို့ မီဒီယာကနေ တစ်ဆင့်ချပြတယ်။ ယနေ့အချိန်ထိ ဖုံးကွယ်ခဲ့တာမရှိဘူး။ ညီမကိုကြိုက်တာမေး အကုန် 
ဖြေပေးတယ် ညီမရဲ့အကြောင်းကို စိတ်ဝင်စားတဲ့ သူမှန်သမျှကို ညီမဖြေပေးတယ်။ လောလောဆယ် ညီမ ဘာလုပ်နေတယ်ဆိုတာကို သိစေချင်တဲ့အတွက် လှဖို့မလှဖို့ထက် လက်ရှိလုပ်နေတာလေးကို သိစေချင်တာ ညီမ ရေကူးချင် ကူးနေမယ် နှင်းတောင်တက်ချင်တက်နေမယ်။ ပတ်ဝန်းကျင် အလှအပတွေကို ခံစားစေချင်လို့ ဗဟုသုတလေးတစ်ခုဖြစ်ဖြစ်ရစေချင်တဲ့ စေတနာနဲ့ ဖေ့ဘုတ်မှာ ညီမ တင်ပေးတယ်။

ရွှေမှုန်နဲ့ ကာဗာရိုက်ကွင်း
ပြီးခဲ့တဲ့အခေါက် ကာဗာရိုက်တုန်းက အချိန်တွေအများကြီးမပေးပဲ ရိုက်ပေးခဲ့ရလို့ အရမ်းပဲ စိတ်မကောင်းဖြစ်တာ သေသေချာချာ လုပ်ပေးချင်ခဲ့တာ မလုပ်ပေးခဲ့ရလို့ ဒီနေ့မှာတော့ သေချာလေး အချိန်ပေးပြီး ရိုက်ပေးဖြစ်တာပါ။ ညီမရဲ့ ပင်တိုင် 
ဒီဇိုင်နာ ကိုကောင်းမြတ်ရဲ့ ဝတ်စုံလေးနဲ့ မိတ်ကပ်မေဦးရဲ့ ပြင်ဆင်ပေးမှုနဲ့ဆိုတော့ အရမ်းအဆင်ပြေပါတယ်။ အားလုံးကြိုးစားပြီး လုပ်ထားကြတာဖြစ်လို့ ပရိသတ်လည်း ကျေနပ်မယ်ထင်ပါတယ်။

Shwe Hmone Yati
Makeup & Hair - May Oo
Desinger - Kaung Myaat
Stylist - Swannie Dean
Photo & Retouch - Aung Kyaw Tun (Virtual Design)
Decoration - Mommy Kyaw