Primary tabs

Aung La Vs Love Vs Wine Su Khaing Thein

“အချစ်”.....

“အချစ်က box of chocolates လိုပါပဲ။ အချိန်အတိုင်းအတာတစ်ခုအထိ ထားသင့်တဲ့နေရာ မမှန်တဲ့အခါ အရည်ပျော်သွားတတ်ကြတယ်ဆိုတဲ့”အောင်လ.....

“အချစ်ဆိုတာ တစ်ခါတလေပူလောင်တယ်၊ တစ်ခါတလေလည်း ပျော်စရာကောင်းတယ်။ ခွန်အားတွေလည်း ရစေတတ်သလို၊ ၀မ်းနည်းပူဆွေးမှုကိုလည်း ရစေနိုင်တယ်။ ရသမျိုးစုံပေးစွမ်းနိုင်တယ်”ဆိုတဲ့ ဝိုင်းစုခိုင်သိန်း.....

People ရဲ့ ဖေဖော်ဝါရီကို အောင်လ၊ ဝိုင်းစုခိုင်သိန်းတို့ရဲ့ အချစ်တွေနဲ့ ဖော်ကြူးတင်ဆက်ပေးလိုက်ပါတယ်။

အောင်လ
အချစ်ကိုဘယ်လိုနားလည်ထားလဲ။

ကိုယ်နားလည်လက်ခံထားတဲ့ အချစ်က ဘယ်လိုမျိုးလဲ။
အချစ်ကိုချစ်ခြင်းတရားလို့ပဲ အရိုးရှင်းဆုံး သတ်မှတ်ထားပါတယ်။ အချိန်မရွေး အမုန်းတရားဘက်ကိုလည်း ပြောင်းလဲသွားနိုင်တယ်။

အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုပြပါဆိုရင် ဘယ်လိုဖွင့်ဆို ချင်လဲ။
အချစ်က box of chocolates လိုပါပဲ။ အချိန်အတိုင်းအတာတစ်ခုအထိ ထားသင့်တဲ့နေရာ မမှန်တဲ့အခါ အရည်ပျော်သွားတတ်ကြတယ်လို့ ထင်ပါတယ်။

အချစ်နဲ့ ဘ၀ကို ဘယ်လိုတည်ဆောက်ချင်လဲ။
အချစ်နဲ့ ဘ၀ကို တည်ဆောက်ခွင့်ရရင်တော့ ပျော်စရာအကောင်းဆုံးပေါ့ဗျာ။

အချစ်နဲ့ ဘ၀ဆိုတာကို ကိုယ်နားလည်လက်ခံထားသလောက် ပြောပြပေးပါ။
နားလည်ထားသလောက်တော့ ဆန္ဒရဲ့ဘ၀က တစ်ထပ်တည်းကျဖို့ အနည်းငယ်တော့ ခက်ခဲပါတယ်။ ဒါဟာဝမ်းနည်းစရာကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခွင့်အရေးပေးလာလို့ လက်လွှတ်ဆုံးရှုံးလိုက်ရရင် ၀မ်းနည်းခံစားရမယ့် သူကတော့ ကိုယ်ကိုယ်တိုင်ပဲ။

လက်ရှိဖြတ်သန်းနေတဲ့ အချစ်နဲ့ ဘ၀အကြောင်း။
အခုလက်ရှိတော့ အချစ်ရေးရော၊ ဘ၀ရေးရော အားလုံးအေးဆေးပါပဲ။

အနုပညာလှုပ်ရှားမှုများအကြောင်းကို ပြောပြပေးပါ။
အနုပညာလှုပ်ရှားမှုကတော့ လက်ရှိကျွန်တော်တို့ Reason ရဲ့လ 3rd Album (အသုံးတော်ခံ) ကို Mixing လုပ်နေပါပြီ။ ပြီးတာနဲ့ထွက်လို့ရပြီ။ Music Video လည်း ရိုက်နေပြီ။ TV Channel တစ်ခုအတွက် Shutter Production နဲ့ Docum-
entary တစ်ခုလည်း ရိုက်နေပါတယ်။ အခြားအဆို တော်တွေအတွက်သီချင်းတွေ ရေးပေးနေပါတယ်။

ပရိသတ်ကိုပြောပြချင်တဲ့ အချစ်အကြောင်း၊ ဘ၀အကြောင်း။
အချစ်အကြောင်းရော၊ ဘ၀အကြောင်းရော ကျွန်တော့်Personal ကိစ္စမို့ ထွေထွေထူးထူး ရှင်းပြစရာတော့ သိပ်မရှိပါဘူး။ ကျန်တဲ့အလုပ်အပေါ်မှာထားတဲ့စိတ်ကတော့ အရင်ကတည်းက အခုအထိမပြောင်းလဲသေးဘူး။

ပရိသတ်အတွက်။
ဘာပဲဖြစ်ဖြစ် ကြိုးစားရမှာက ကျွန်တော့်အပိုင်းဆိုတော့ ဘယ်အခြေအနေပဲရောက်ရောက် အမြဲတမ်း ကြိုးစားနေပါတယ်။ ဘယ်သူတွေဘာပဲပြောပြော   ကျွန်တော်ဖန်တီးတဲ့ ဂီတ၊ သီချင်းတွေကို ကြိုက်တဲ့သူတွေ၊ Reason ရဲ့ အမာခံ ပရိသတ်ေ တွ ရှိနေသရွေ့ ကျွန်တော်ဂီတအပေါ်ထားတဲ့ စိတ် ဘယ်တော့မှ မလျှော့ဘူး။ 

ဝိုင်းစုခိုင်သိန်း
အချစ်ကို ဘယ်လိုနားလည်ထားလဲ။

ကိုယ်နား လည်လက်ခံထားတဲ့အချစ်က ဘယ်လိုမျိုးလဲ။
အချစ်ဆိုတာ တစ်ခါတလေပူလောင်တယ်၊ တစ်ခါတလေလည်း ပျော်စရာကောင်းတယ်။ ခွန်အားတွေလည်း ရစေတတ်သလို၊ ၀မ်းနည်းပူဆွေးမှုကိုလည်း ရစေနိုင်တယ်။ ရသမျိုးစုံ ပေးစွမ်းနိုင်တယ်။

အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုပြပါဆိုရင် ဘယ်လို ဖွင့် ဆိုချင်လဲ။
အချစ်ဆိုတာပေးဆပ်ခြင်း၊ ပိုင်ဆိုင်လိုခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း... အဓိပ္ပါယ်မျိုးစုံဖွင့်လို့ရပါတယ်။

အချစ်နဲ့ဘ၀ကို ဘယ်လိုတည်ဆောက်ချင်လဲ။
ကိုယ်ချစ်တဲ့သူနဲ့ပဲ ဘ၀တစ်ခုတည်ဆောက်ခွင့်ရရင် အကောင်းဆုံးပေါ့။

အချစ်နဲ့ဘ၀ကို ကိုယ်နားလည် လက်ခံထားသ လောက် ပြောပြပေးပါ။
အချစ်နဲ့ဘ၀က တစ်ထပ်တည်းကျဖို့ မလွယ်ဘူး။ အဲလိုတစ်ထပ်တည်းကျတဲ့ သူတွေက ဘ၀မှာ ကံအကောင်းဆုံးသူတွေပဲလို့ ၀ိုင်းစုမြင်မိတယ်။ အခွင့်အရေးရရင်တော့ ၀ိုင်းစုလည်း သူတို့လို ကံကောင်းချင်မိတယ်။

လက်ရှိဖြတ်သန်းနေတဲ့ အချစ်နဲ့ ဘ၀အကြောင်း။
ဒီတစ်ခါတော့ လက်ရှိဖြတ်သန်းနေတဲ့ အချစ်နဲ့ ၀ိုင်းစုလိုချင်တဲ့ ဘ၀လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

အနုပညာလှုပ်ရှားမှုများအကြောင်းကို ပြောပြပေး ပါ။
အခု ဂါ အခွေကို Music Video တွေ ရိုက်နေတယ်။ ဒီကြားထဲမှာ ၀ိုင်းစု Mini Album လေးတစ်ခွေ စီစဉ်နေတယ်။ Show တွေကိုတော့ ပိုဆိုဖြစ်နေတယ်။ ပြီးတော့ ဒီနှစ်ထဲမှာ ၀ိုင်းစု One Lady Show လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရုပ်ရှင်
ကားကြီးတစ်ကားရိုက်ဖို့လည်း စီစဉ်နေပါတယ်။

ပရိသတ်ကိုပြောပြချင်တဲ့  အချစ်အကြောင်း၊ ဘ၀ အကြောင်း။
ဝိုင်းစုက အချစ်ရေးမှာ ကံမကောင်းဘူး။ ဒါပေမဲ့ ၀ိုင်းစုကို စာနာနားလည်ပေးပြီး ၀ိုင်းစုဘက်ကနေ ကာကွယ်ပေးတဲ့ ပရိသတ်တစ်ဦးချင်းဆီကို ကျေးဇူးအရမ်းတင်သလို ၀ိုင်းစုဖြတ်သန်းခဲ့ရတဲ့ အချစ်နဲ့ဘ၀အကြောင်းကို သေချာဂဃနဏ မသိ
ဘဲနဲ့ ဝေဖန်ကြတဲ့ ပရိသတ်တွေလည်း တစ်ချိန်ကျရင် နားလည်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ပရိသတ်အတွက်။
ဝိုင်းစုပရိသတ်တွေအတွက် အများကြီး ကြိုးစားနေပါတယ်။ အားပေးကြတဲ့ ၀ိုင်းစုရဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင်ပါတယ်။

Model - Aung La ၊ Wine Su KhaingThein
Makeup & Hair - May Oo
Outfits - HBT Fashion ၊ Queen Collection
Florist - Mommy Kyaw
Stylist - Swannie Dean
Photo - AungZaw(Love Space)
Retouch - NyiNyiHla Baw