၂၀၁၇ နဲ့ မိုးဟေကို

၂၀၁၇ နဲ့ ထူးထူးခြားခြား အပြောင်းအလဲ
ထူးထူးခြားခြားအနေနဲ့ ဘာမှပြောင်းလဲသွားဖို့မရှိဘူး

အနုပညာအလုပ်တွေနဲ့ ၂၀၁၇
၂၀၁၇ မှာ မိုး ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ ထုံးစံအတိုင်းပဲ အခြားသော သရုပ်ဆောင်တွေနဲ့ ရိုက်ကူးမဲ့ကားတွေ စီစဉ်ထားပါတယ်။ တချို့ကားတွေမှာတော့ ကိုယ်တိုင်ဝင်သရုပ်ဆောင်ဖို့လည်း ရှိပါတယ်။

ဒီလောက်ပါပဲရှင့်

မိုးဟေကိုဟာ အခုနောက်ပိုင်းမှာ သဘာဝတရားကို ချစ်တတ်သူအဖြစ် ပိုမြင်လာရသလိုခံစားမိတယ် အဲဒါနဲ့ပတ်သက်ပြီး
ဟုတ်ပါတယ်။ သဘာဝတရားဆိုတာကိုလည်း ချစ်တတ်လာတယ်။ လက်လည်း လက်ခံနိုင်လာတယ်။ လတွေ၊ ခုနှစ်တွေတောင် ပြောင်းလဲသွားပြီလေ... အဲဒီတော့ ကိုယ့်ရဲ့ အသက်အရွယ်၊ ကိုယ့်ရဲ့ အတွေးအခေါ်၊ အလုပ်အကိုင်တွေလည်း ပြောင်းလဲလာခဲ့ပါပြီ။ အရင်အချိန်တွေတုန်းကတော့ အလှအပတို့၊ အောင်မြင်မှုတို့ကို မက်မောတယ်။ ဒါပေမဲ့ အခုအချိန်မှာဆိုရင်တော့ ကျန်းမာမှုနဲ့ အဓိက စိတ်ချမ်းသာပျော်ရွှင်ဖို့ ကိုယ့်ဘဝ enjoy ဖြစ်ဖို့ ချစ်တဲ့မိသားစုရယ် ချစ်ရတဲ့မိတ်ဆွေစစ်တွေ သူငယ်ချင်း အစစ်အမှန်တွေနဲ့ပဲ အချိန်တွေကိုကုန်ဆုံးစေတယ်။ ဖြစ်လာသမျှ ကံကြမ္မာ အဆိုးအကောင်းအလှည့်အပြောင်းကို ရင်ဆိုင် ရင်း၊ လက်ခံရင်း... ပျော်ရွှင်မှုတွေနဲ့ ရှေ့ဆက်နေပါတယ်။

လောလောဆယ် စိတ်ခံစားမှုရှိ အနေဆုံးအရာ
ကိုယ်သွားချင်တဲ့နေရာတွေကို လေ့လာရင်း ခရီးထွက်သွားလာခြင်းက ကျွန်မရဲ့စိတ်ခံစားမှုနဲ့ ပျော်ရွှင်မှုပေးနိုင်ဆုံးအရာတွေပဲပါ

ဖြတ်သန်းခဲ့တဲ့ ဘဝခရီးလမ်းမှာ စိတ်ကိုအထိဆုံး အမှတ်တရ ခံစားမှုအတွေးများ
အခုဆိုရင် အနုပညာအလုပ်ရော အပြင်လုပ်ငန်းပါ လုပ်ကိုင်လာတော့ လူတွေရဲ့စိတ်တွေကို ပိုသိလာတယ်။ အဲဒီထဲက ကောင်းသောအရာတွေ မတတ်သေးတာ မသိသေးတာတွေ သင်ယူရင်းနဲ့ 
(၁) တချို့ကတော့ ငွေပဲမြင်တာရှိတယ်...
(၂) တချို့ကတော့ လိုတစ်မျိုး၊ မလိုတစ်မျိုး...
(၃) တချို့တွေကြတော့ ကိုယ့်အတွက်ပဲ တစ်ဖက်သတ်ကြည့်ပြီး အတ္တကြီးတဲ့လူတွေ...
(၄) တချို့လူတွေကျတော့ သူတို့ကို လူတွေ အကောင်းမြင်ပြီး တစ်ဖက်လူကို နစ်နာအောင် သိက္ခာကျအောင် မဟုတ်မမှန်ပြောတဲ့လူတွေ...
(၅) အဲဒါတွေကို တွေ့ကြုံမြင်တွေ့ ကြားသိနေရတော့ ကိစ္စတစ်ခုကြုံရင် အမှန်တရားကို အမှန်အတိုင်းပြောပြဖို့ ကိုပဲ ရှက်တာလား၊ ကြောက်တာလား၊ ဒါမှမဟုတ် လက်ခံတတ်ဖို့ကိုပဲ လက်မခံနိုင်ကြတာလား မရင့်ကျက်သေးတာပဲလို့ တွေးမိတယ်။
(၆) တခါတလေ အဲဒီလိုမျိုးတွေနဲ့ကြုံရင် စိတ်ရှုပ်ရတယ်၊ ခံစားရတယ်။ 

မိုးဟေကိုချစ်သောအရာတွေ (ကျွန်မ ချစ်သောဖြင့် တစ်ချို့ကိုဖော်ပြပြီးဖြစ်ပေမယ့် ကျန်ရှိနေသေးရင်)
မကျန်ရှိတော့ပါဘူး။ ကျွန်မဘဝအတွက်  အမှတ်တရအနေနဲ့ရော သွားချင်တဲ့နေရာ လုပ်ချင်တဲ့အရာတွေ၊ ကျွန်မရဲ့ အတွေ့အကြုံဆန္ဒများ ချစ်တဲ့သူတွေရော... အားလုံးကို စာသားအနေနဲ့ရော ပုံရိပ်အဖြစ်နဲ့ပါ မှတ်တမ်းတင်ထားပြီးပြီလေ။
အခုအချိန်ထိတော့ ဒီလောက်ပါပဲ နောင်နှစ်များစွာမှာ ဘာတွေထပ်တိုးလာမလဲ ဘာတွေထပ်ဖြစ်ချင်လာမလဲဆိုတာတော့ ကြိုမသိသေးတော့ အခုချိန်ထိတော့ မရှိသလောက်ပါပဲ။

ဘယ်တုန်းကမျှ မတွေးဖြစ်ခဲ့တဲ့အတွေးနဲ့ ဘယ် တုန်းကမျှ မလုပ်ဖြစ်ခဲ့တာမျိုးကို လုပ်ဖြစ်ခဲ့တာမျိုး ရှိရင် (ဥပမာ-အတွေးအမြင် ပြောင်းလာတာမျိုး)
လွန်ခဲ့သော သုံးနှစ်က သိပ်ချစ်ရတဲ့ ကျွန်မ မောင်လေးအငယ်ဆုံးလေး သူအရင်အားလုံးကို နှုတ်ဆက်ထွက်ခွာသွားလိမ့်မယ်ဆိုတာမျိုး ကျွန်မ ကြိုလည်းမတွေးမိဘူးသလို အိပ်မက်တောင် မမက် 
ဖူးဘူး။ ဒါပေမဲ့ အော် လောကကြီးမှာ မထင်ထား မတွေးထားတာတွေက ဖြစ်လာပါလား ဖြစ်ခဲ့ပါလားဆိုတာကို လက်ခံနိုင်အောင်ကြိုးစားရင်း ဘုရားဟောတရားတော်တွေအတိုင်း ကျွန်မနေတတ်အောင် ကြိုးစားခဲ့ရတယ်။ စာတွေဖတ်ရင်း ကျွန်မကို ပိုပြီးရင့်ကျက်စေခဲ့တယ်။

ဘဝရဲ့ အပျော်ဆုံးအချိန်ဆိုတာ/မပျော်ဆုံးအချိန် ဆိုတာ/ခံစားမှု ငြိမ်သွားတဲ့အချိန်ဆိုတာ
ကျွန်မ သိပ်ကို ရင့်ကျက်သွားတာတော့ မဟုတ်ပါဘူး။ ရင့်ကျက်အောင် ကြိုးစားနေတဲ့သူတစ်ယောက်အနေနဲ့ အရမ်းပျော်စရာကောင်းတာတွေ ကျွန်မဘဝမှာ ရှိပါတယ်။ အခုလည်း ပျော်စရာတွေနဲ့ ကြုံနေတာပဲလေ ဆိုပေမဲ့ ကျွန်မအတွက် ဒါတွေဟာ အရမ်းပျော်စရာဆိုတာထက် ကျွန်မ တည်ငြိမ်စွာ ဖြတ်သန်းနိုင်စေခဲ့တယ်။ မပျော်ရွှင်တဲ့ အချိန်ဆိုတာလည်း ရှိခဲ့တာပဲလေ။ ကျွန်မ မောင်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ဆုံးရှုံးမှုကြီးကို ရင်ဆိုင်ပြီးသွားတော့ တခြားကျန်တဲ့အကြောင်းအရာ မပျော်ရွှင်မှုတွေက ကျွန်မကို စာမဖွဲ့စေလောက်တော့ပါဘူး။

ပရိသတ်အတွက် မိုးဟေကိုဆိုတာ
ပရိသတ်တွေ အခိုင်အမာအားပေးလို့ မိုးဟေကိုဆိုတဲ့ နာမည်လေးဖြစ်လာတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ မိုး ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ကားတွေ ထွက်လာရင်လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

Model - Moe Hay Ko
Photo - Aung Kyaw Tun (Visual Art)
Makeup & Hair - May Oo
Designer - Kaung Myat
Jewel - ZAR AND DIAMOND GEMS & Jewellery
Stylist - Swannie Dean