Designer's Inspiration!

ကိုယ်ပိုင်စိတ်ကူး ဖန်တီးမှုဒီဇိုင်းများနဲ့ ဖက်ရှင်လောကရဲ့ ဝါရင့်အကျော်အမော် ဒီဇိုင်နာတစ်ဦးဖြစ်သူ မလတ်ရဲ့ လတ်တလော ဈာန်ဝင်စားမှု လက်ရာတချို့ကို People စာမျက်နှာများထက် တင်ဆက်လိုက်ပါတယ်။ 

People ရဲ့ ဒီဇိုင်နာစိတ်ကြိုက် ဖက်ရှင်ကဏ္ဍမှာ ရိုက်ကူးပေးဖို့အတွက် Dress ရွေးချယ်ခဲ့တဲ့ မလတ် ရဲ့ စိတ်ကူး
Designer စိတ်ကြိုက်ဆိုတော့ customer တွေကိုဦးစားပေးပြီး မြန်မာထိုင်မသိမ်း၊ မြန်မာပွဲတက်နဲ့ Evening Dress တွေ လုပ်ဖြစ်တယ်။

ဝတ်စုံ သုံးစုံနဲ့ပတ်သက်ပြီး တစ်စုံချင်းစီအား ခံစားဖန်တီးမှု
မြန်မာထိုင်မသိမ်းကတော့ သတို့သမီးတွေအတွက် အရောင်ဆန်းလေး စဉ်းစားလိုက်တာ။
မြန်မာပွဲတက်က အရောင်နုလေးကို လိမ္မော်နုနုနဲ့ တွဲစပ်ပြီး ချစ်စရာပုံစံလေး ဖန်တီးထားပါတယ်။
Evening Dress ကိုတော့ ဇာနဲ့ ဘရိုကိတ် အရောင်တူရလို့ ရှင်းရှင်းလေး လုပ်ထားတာပါ။

၂ဝ၁၈ မှာ ရေပန်းစားမယ့်ကာလာနဲ့ မလတ် အကြိုက်ဆုံးကာလာ
Ultra Violet လေးတွေ ဒီနှစ် ခေတ်စားမယ်။ Ultra Violet လည်း မလတ်ကြိုက်တဲ့ အရောင်ထဲမှာ ပါတယ်။ အခုပြထားတဲ့ Evening Dress အရောင်လည်း ကြိုက်တယ်။

၂ဝ၁၈ မှာ စီးမျောသွားမယ့် မလတ်ရဲ့ဖက်ရှင်ဒီဇိုင်းသစ်များအကြောင်း 
၂ဝ၁၈ မှာ Copper, Wire နဲ့ Ready to wear တွေ လုပ်ဖြစ်မယ်။ Dress အဆန်းလေးတွေ လုပ်နေတယ်။

မလတ်ရဲ့ဒီဇိုင်နာသက်တမ်း
၁၉၈၉ - ၂ဝ၁၈

ဒီဇိုင်နာသက်တမ်းတစ်လျှောက် ကိုယ်တိုင်အားသာခဲ့သော ဖန်တီးမှုများသို့ ဒီဇိုင်နာမလတ်ရဲ့ Trademark  ဒီဇိုင်းများ
အထည်ပေါ်မှာ အစ်မ စပြီး ပန်းချီတွေဆွဲခဲ့တယ်။  ဈေးကွက်မှာ ပန်းချီနဲ့ ဆေးရေးတွေ ခေတ်စားလာတော့ အထည်ကို ကနုတ်ဖောက်တာ လုပ်တယ်။ ဒီနေ့အထိ လုပ်နေရတယ်။ မလတ်က ကနုတ်တွေကို အရမ်းနှစ်သက်တယ်။ အင်္ကျီတွေ ပေါ်မှာ ကနုတ်ဖောက်တာ မလတ်ရဲ့ Trademark ပါပဲ။

မျိုးဆက်သစ်ဖက်ရှင် ဒီဇိုင်နာများအတွက် အောင် မြင်မှုနဲ့ပတ်သက်ပြီး အကြံပြုစကား
ဖက်ရှင်လောကကြီးတိုးတက်ဖို့ အရမ်းထူးချွန်တဲ့ ဒီဇိုင်နာတွေ အများကြီးပေါ်ထွန်းစေချင်တယ်။

မလတ်ရဲ့ဒီဇိုင်းများကို နှစ်သက်စွာအားပေးကြတဲ့ ပရိသတ်များအတွက် စကားလက်ဆောင်
မလတ် ဒီဇိုင်းတွေကို ဆက်လက်အားပေးပါလို့... Ready to wear တွေကိုလည်း ထွက်ရင်အားပေးပါလို့။

Model - Yoon Mhi Mhi Kyaw
Designer - Latt Latt (Boutique Special)
Makeup & Hair - Kyaw Moe
Photo & Retouch - Ko Naing (Escape Photo Studio)