ရှန်ပိန်မြစ်ထဲ စီးမျောခြင်း...

People ရဲ့ ဖက်ရှင်ချစ်သူများအတွက် ဒီဇိုင်နာစိတ်ကြိုက် ၂၀၁၈ ဖက်ရှင်ဒီဇိုင်းများကို တင်ဆက်ပေးချင်ပါတယ်။
နာမည်ကျော်ဖက်ရှင် ဒီဇိုင်နာ မမဉ္ဇူ ရဲ့ ရှန်ပိန်ရောင် Collection ထဲ စီးမျောကြည့်လိုက်ရအောင်...
 

မမဉ္ဇူ

ဒီနှစ်အတွက် ဘာအရောင်လုပ်ရင် ကောင်းမလဲဆိုတာက ကိုယ့်ပြက္ခဒိန်မှာ ဘာရောင်တွေ သုံးရင်ကောင်းမလဲက စစဉ်းစား ဖြစ်တာပေါ့။ မနှစ်က ဘာတွေလုပ်ခဲ့လဲဆိုတာ ပြန်စဉ်းစားတယ်။ ဒီနှစ်မှာ မတူတဲ့အရောင်ထဲက ရှန်ပိန်ရောင်လေးကို အရမ်းကြိုက်တဲ့အတွက် People အတွက် Collection ကို ရှန်ပိန်ရောင်ကို ရွေးဖြစ်တယ်။

မြန်မာဝတ်စုံလေးမှာတော့ ပတ်ထမီကို ရှန်ပိန်ရောင်ဖဲပေါ်မှာ India accessories တွေသုံးပြီး ဖန်တီးထားတယ်။ အပေါ်ပိုင်းကိုလည်း ပခုံးတခြမ်းစောင်း ဒီဇိုင်းဆိုပေမဲ့ အိနြေ္ဒရအောင် ပဝါလေးချပေးထားတယ်။ အင်္ကျီမှာ သစ်ရွက်ပုံ ဒီဇိုင်းဖော်ထားပြီး အဲဒီ့မှာသုံးထားတဲ့စီးကွင့်စ်အရောင်တွေက ထမီမှာသုံးထားတဲ့ accessories က အရောင်တွေကိုပဲ သုံးထားတယ်။ သစ်ရွက်ဒီဇိုင်းနဲ့ လိုက်အောင် ပ၀ါမှာ ငှက်မွှေးပုံဇာလေးတွေနဲ့ အနားကွပ်ထားတာတယ်။

Evening dress မှာ ဆိုရင်လည်း ရှန်ပိန်ရောင်ကို အခု နောက်ဆုံးထွက်တဲ့ Material ထဲက Organza ကို သုံးထားတယ်။ အပေါ်ပိုင်းအတွက်က ရှန်ပိန်ရောင် နဲ့ ရွှေရောင်နဲ့ စပ်တဲ့ ဘရိုကိတ်ကို သုံးထားတယ်။ လည်ပင်းပေါက်နေရာမှာ လက်နဲ့ ထိုးထားတဲ့ အသေးစိတ်ဒီဇိုင်းလေးနဲ့ စပ်ပေးထားတယ်။ 

ရှန်ပိန်ရောင် ထိုင်မသိမ်းကို Morden Look နဲ့ Antique Look ပေါင်းပြီး ဖန်တီးထားပါတယ်။ စိန် လုံးဝသုံးမထားဘူး။ Antique ပုလဲလုံးလေးတွေနဲ့ပဲ ဒီဇိုင်းလုပ်ထားတယ်။

အွန်ဆိုင်း
မမဉ္ဇူက အရောင်ရွေးတာ အရမ်းတော်တယ်။ အရောင်က ငြိမ်တော့ အွန်ဆိုင်းကြိုက်တဲ့ အရောင်ပဲ။ အွန်ဆိုင်းနဲ့လိုက်တဲ့ အရောင်လို့လည်း ထင်တယ်။ မမဉ္ဇူရဲ့ ဒီဇိုင်းက သူများနဲ့ မတူဘူး။ ကွဲထွက်နေတယ်။ ထိုင်မသိမ်းမှာဆို မြန်မာဆန်တယ်။ ဒါပေမဲ့ စီးကွင်းလေးတွေ ပုံဖော်ထားတဲ့ပုံက ဆန်းတယ်။ ဂါဝန်အကြီးမှာဆိုလည်း လည်ပင်းပေါက်နေရာလေးကို အသေးစိတ်လုပ်ထားတာလေးက အရမ်းလှတယ်။

Model - Awng Seng
Designer - Ma Myint Zu (Zu Zu Collection)
Photo - Wunna Khwar Nee
H & M - May Oo
Jewelry - Su Myat Min Jewelry
Floral - Lin Lin