Men Fashion

"အပြည်ပြည်ဆိုင်ရာ အသည်းကွဲသော နေ့"ဆိုတဲ့ ပထမဆုံးအယ်လ်ဘမ်မှာပဲ ပရိသတ်အားပေးမှုလက်ခုပ်သံကို အခိုင်အမာရယူနိုင်ခဲ့ပြီး ဒုတိယအယ်လ်ဘမ် "ခိုလှုံရာ" ကို တေးချစ်သူများလက်ထဲ ဆက်လက်ပေးအပ်ခဲ့သလို လက်တလော
မှာ တတိယအယ်လ်ဘမ်အတွက် လုပ်ဆောင်နေပြီး ရုပ်ရှင်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် ဇွဲပြည့်ရဲ့ စိတ်ကြိုက် Fashion Styles ပုံရိပ်တွေကို People ရဲ့ ဖက်ရှင်ချစ်သူ ပရိသတ်များအတွက် တင်ဆက်လိုက်ပါတယ်။

"ကျွန်တော်တို့ အနုပညာရှင်တွေမှမဟုတ်ဘဲ လူတိုင်းအတွက် ဖက်ရှင်ဆိုတာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေရဲ့ ပထမဆုံးအမြင်လွှာက ဖက်ရှင်မှာ ခွဲသွားတယ်။ ဖက်ရှင်နဲ့ ပတ်သတ်ရင် ကျွန်တော့်အကြိုက်ဆုံးအရောင်က အဖြူရောင်နဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖြစ်နေတာကို ပိုကြိုက်တယ်။ ရှုပ်ရှုပ်ထွေးထွေးတွေ သိပ်မကြိုက်ဘူး။ ပြီးတော့ ရာသီဥတုအမျိုးမျိုးမှာ သူ့ရာသီနဲ့သူ လိုက်ဖက်ရမယ်ပေါ့"

"အခု People ရဲ့ဖက်ရှင်ကဏ္ဍ ရိုက်ကူးရေးအတွက် ဆောင်းရာသီနဲ့ လိုက်ဖက်တာမျိုးလေးတွေ ကျွန်တော့်စိတ်ကြိုက်ရွေးချယ်ခဲ့ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး Pinterest မှာ ကြည့်ပြီး လေ့လာဖြစ်တယ်။ ပြီးတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ပေါင်းစပ်ဝတ်ဖြစ်တယ်။ အဓိကက ကိုယ်ဝတ်ရတာ သက်တောင့်သက်သာဖြစ်စေမယ့် အရာမျိုး တွေပဲ ရွေးချယ်ပါတယ်"

"လတ်တလော ကျွန်တော် သဘောကျနေတဲ့ ဖက်ရှင်က Long Coat တွေ။ အဲဒါကြီးတွေက ကြည့်လိုက်လို့ရှိရင် ခန့်ခန့်ညားညားနဲ့မို့လို့ ကြိုက်တယ်။ Oversea ထွက်တဲ့အခါ ဥပမာ- ကိုရီးယားလို အေးတဲ့နေရာကို ခရီးထွက်တဲ့အခါမှာ ဝတ်ရတာ သဘောကျတယ်။ ကျွန်တော်တို့ဆီက ရာသီဥတုနဲ့ သိပ်ဝတ်လို့မရပေမဲ့ ခရီးသွားတိုင်း ဝယ်လာဖြစ်တယ်။ အခု ဖက်ရှင်ကဏ္ဍမှာလည်း ကျွန်တော့်စိတ်ကြိုက်အနေနဲ့ ထည့်ရိုက်ထားပါတယ်"


Model - Zwe Pyae 
M & H - Paing Paing (H&M Artist)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw (Love Space)