15th Anniversary & 15 High Fashion

People Magazine ရဲ့ ၁၅ နှစ်မြောက် Crystal Anniversary ကို အမှတ်တရဖြစ်စေဖို့ ဖန်တီးမှုအင်အားကောင်းကောင်းနဲ့ အဖက်ဖက်က ၀န်းရံပေးခဲ့ကြတဲ့ အနုပညာရှင်များ အားလုံးကြောင့် ခရစ္စတယ်ရတုဟာ လင်းလက်တောက်ပစွာ အသက်ဝင်လာခဲ့ပါပြီ။
 
People အပေါ် အပြန်အလှန်လေးစားမှုထားရှိတတ်တဲ့ စိတ်ထားနဲ့ People ရဲ့ Crystal-based Theme လေးကို မပျောက်ပျက်စေဘဲ ပိုမိုလှပ သက်ဝင်အောင် တီထွင်ဖန်တီးပေးခဲ့ကြတဲ့ ချစ်ခင်လေးစားရပါသော နိုင်ငံကျော်ဖက်ရှင်ဒီဇိုင်နာများ၊ People ရဲ့ ရိုက်ကွင်းများမှာ စေတနာအပြည့်ထားပြီး အမြဲတစေ ပါဝင်ကူညီပေးလေ့ရှိကြတဲ့ နိုင်ငံကျော်သရုပ်ဆောင်များနဲ့ မော်ဒယ်လ်များအားလုံး၊ People စာမျက်နှာများထက်မှာ လှပပြည့်စုံတဲ့ ပုံရိပ်များကို ဖြစ်ပေါ်စေဖို့ ၀ိုင်းဝန်းကူညီပေးခဲ့ကြတဲ့ မိတ်ကပ်ပညာရှင်များ၊ ဓာတ်ပုံပညာရှင်များနဲ့ Graphic ဒီဇိုင်နာများအားလုံးကို People က မှတ်မှတ်ရရ ကျေဇူးစကား အထူးဆိုပါရစေ...။
ဒါ့အပြင် People ၁၅ နှစ်ပြည့်မှာ ဆက်သွယ်မှုဧရိယာပြင်ပရောက်ရှိနေပါသဖြင့် ပါဝင်ပေးခြင်းမရှိနိုင်သော်လည်း People လစဉ်ထုတ် မဂ္ဂဇင်းများမှာ ပါဝင်ကူညီပေးမြဲဖြစ်တဲ့ အနုပညာရှင်၊ အတတ်ပညာရှင် အယောက်စီတိုင်းအား ကျေးဇူးအထူး တင်ရှိပါကြောင်းကိုလည်း ဒီနေရာလေးကနေ ပြောကြားပါရစေ...။
 
People ရဲ့ ချစ်ပရိသတ်များအားလုံးကိုလည်း People ခရစ္စတယ်ရတု ရောက်ရှိလာချိန်အထိ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း  15th Anniversary & 15 High Fashion စာမျက်နှာများကို နှစ်ခြိုက်အားပေးကြလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း....။
 
Yune Wint Hlwar Aung
Makeup & Hair - Lin Lin (Artist)
Designer - Ma Latt (Latt Latt Boutique)
Photo - Thardu Ko Ko
Retouch - Saw Thinzar Htike
Decoration - Lady Rose
- People ကို စသိတာ
People နဲ့ ယွန်းနဲ့ကတော့ ဒီကဏ္ဍက ပထမဆုံး အမှတ်တရပါ။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
ဒီဝတ်စုံကို ၀တ်ရတဲ့အချိန်မှာ ချိတ်ကိုပဲ ရိုးရိုးလေးနဲ့ ဆန်းအောင် ထွင်ထားတဲ့အတွက် လူငယ်ထက်ကို လူငယ်ပိုဆန်သွားသလို ခံစားရတယ်။ ကိုယ်နဲ့လည်းလိုက်တယ်လို့ ထင်တယ်။ အရမ်းလည်း ကြိုက်တယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People မဂ္ဂဇင်း (၁၅) နှစ်ပြည့်မှာ ကဏ္ဍရိုက်ကူးဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ People (၁၅) နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာ ဆက်လက်အောင်မြင်မှုရရှိပါစေ။
Ma Latt (Latt Latt Boutique)
Photo - Thardu Ko Ko
Retouch - Saw Thinzar Htike
- People ကို စသိတာ
People နဲ့ လက်တွဲလာတာတော့ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပေါ့။ People ကလုပ်တဲ့ Miss People ပွဲမှာ ဒိုင်လည်း လုပ်ဖူးတယ်။ 
 
- People နဲ့ အမှတ်တရ
ပိုအမှတ်တရရှိတာကတော့ Miss People ပွဲမှာ ဒိုင်အဖြစ် ကိုယ်ဝန်ကြီးနဲ့တောင် လာလုပ်ပေးဖူးတယ်။ 
 
- ၁၅ နှစ်ပြည့်စိတ်ကူး
မဂ္ဂဇင်းရဲ့ (၁၅) နှစ်ပြည့် ဖက်ရှင်အထူးကဏ္ဍဆိုတော့ အရေးကြီးတဲ့ကဏ္ဍပေါ့။ Crystal နဲ့ လည်းဖြစ်စေချင်တယ်ဆိုတော့ ၀တ်စုံမှာ crystal ပါအောင် ဖန်တီးခဲ့တယ်။ ချိတ်ကတော့ အစ်မထွင်ထားတဲ့ ကွန်ပျူတာစက်ပန်းထိုးချိတ်ပါ။ အဲဒီ့
ချိတ်မှာ crystal တွေပြန်သုံးထားတယ်။ လူငယ်ဆန်အောင်အပေါ်ပိုင်းကို ဖန်တီးထားတယ်။ ခါးအလန်လေးနဲ့ ကျောဘက်မှာ crystal ပါတဲ့ ဒီဇိုင်းလေးပါ။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People မဂ္ဂဇင်း (၁၅) နှစ်ပြည့်မှသည် ဒီ့ထက်မက အောင်မြင်ခြင်းများစွာကို ပိုင်ဆိုင်နိုင်ပြီး ဖက်ရှင်ကဏ္ဍအလန်းတွေနဲ့ ထူးခြားတဲ့စာအုပ် တစ်အုပ်ဖြစ်ပါစေ။
 
May Barini Thaw
Makeup & Hair - December Hnin
Designer - Ma Pont 
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
Decoration - Flower Shop (Junction Square)
- People ကို စသိတာ
ငယ်ငယ်တည်းက People မဂ္ဂဇင်းကို ဖတ်ဖြစ်ခဲ့တယ်။ People ကလုပ်တဲ့ Miss People ပွဲ တွေဆိုလည်း ကြည့်ဖြစ်တယ်။ အဲဒီကနေ People ကို စရင်းနှီးလာတာပါ။ 
 
- People နဲ့ အမှတ်တရ
အမှတ်တရကတော့ ၂၀၁၃ မှာ Miss People ပွဲကို ဝင်ပြိုင်ခဲ့တယ်။ 1st Runner Up ဆုရတယ်။ ညီမရဲ့ ပထမဆုံးပြိုင်ပွဲလည်းဖြစ်ပြီးတော့ အရမ်းစိတ်လှုပ်ရှားပြီး စင်ပေါ်မှာ နှုတ်ခမ်းတွေ ဘာတွေ တုန်တဲ့အထိဖြစ်ခဲ့တာ အမှတ်ရတယ်။ ပြီးတော့ ဧပြီလတုန်းက ကိုစိုင်းတို့နဲ့ Cover လေး ရိုက်ခဲ့တာ 
လည်း ပျော်စရာကောင်းပြီး အမှတ်တရရှိခဲ့ပါတယ်။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
ဒီနေ့ မပုံ့ချုပ်ပေးတဲ့ ဝတ်စုံလေးကို အန်တီနှင်းပြင်ပေးတဲ့ မိတ်ကပ်လေးနဲ့ ဓါတ်ပုံရိုက်ရတာ အရမ်းစိတ်တိုင်းကျဖြစ်ပါတယ်။ ပြီးတော့ ဒီဆံပင်အရောင်ကလည်း ဒီအပတ်ထဲမှာမှ ပြောင်းထားပြီး ပထမဆုံးရိုက်ဖြစ်တဲ့ ရှုတင်ပေါ့။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People မဂ္ဂဇင်းရဲ့ ၁၅ နှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုတွေ အများကြီး ယူဆောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Ma Pont
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw (Love Space)
- People နဲ့ အမှတ်တရ
People နဲ့ ပတ်သက်တဲ့ အမှတ်တရက သက်မွန်ကို သတို့သမီးဝတ်စုံလေးနဲ့ ရိုက်ဖြစ်ခဲ့တာ အမှတ်တရရှိတယ်။ ဟိုးအရင်ကတည်းက People 
အဖွဲ့သားတွေက အခုအချိန်အထိ ရှိနေသေးတယ်။ လွန်ခဲ့တဲ့နှစ်များစွာကတည်းက ချစ်ချစ်ခင်ခင်ရှိခဲ့တာ အခုအချိန်အထိပေါ့။ နောက်တစ်ခု အမှတ်တရက သက်မွန်ကို Hollowen Night မှာ Hollowen
ဆန်ဆန်ရိုက်ကြတာ ထက်အောင်ကျော်နဲ့ အဲဒီတုန်းက ကိုယ်ကလည်း ငယ်သေးတော့ Hollowen Party တွေ တက်ချင်တာပေါ့နော် အဲဒါကိုမတက်ဘဲရိုက်ဖြစ်ခဲ့တာကတော့ အမှတ်တရပါပဲ။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
ဒီနေ့ ရိုက်ဖြစ်တဲ့ ၁၅ နှစ်ပြည့်အတွက် လုပ်ဖြစ်တာက ပုံ့က Handmade လေးတွေ လုပ်တာ ကြိုက်တော့ Handmade လေးတွေနဲ့ မြန်မာနဲ့ အနောက်တိုင်း နည်းနည်းရောစပ်ပြီး ပုလဲလေးတွေ၊ ခရစ်တယ်လေးတွေနဲ့ ဖန်တီးထားပါတယ်။ အရောင်ကလည်း ဒီနှစ်ထဲမှာ ပုံ့ကြိုက်တဲ့ အရောင်လေးနဲ့ နူးနူးညံ့ညံ့လေး လုပ်ထားပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People မဂ္ဂဇင်းက စလုပ်တည်းက အောင်မြင်ခဲ့တယ်။ အခုထိလည်း အောင်မြင်မှုကို ဆက်ထိန်းထားနိုင်တယ်ဆိုတာ မလွယ်ပါဘူး။ ဒီလိုပဲ နှစ်ပေါင်းများစွာ အောင်မြင်မှုကို ဆက်ထိန်းထားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဒီဇင်ဘာနှင်း
- People နဲ့ စသိတာ
People နဲ့က ကြာပြီပေါ့။ အလုပ်တွဲလုပ် ဖြစ်ခဲ့တာ။ မှတ်မှတ်ရရကတော့ သက်မွန်မြင့်ကို အရောင်ပြောင်း သတို့သမီးဆိုပြီးတော့ မပုံ့ရဲ့ ဝတ်စုံနဲ့ ကာဗာရိုက်တာ အဲဒီမှာ အိုင်းရှဲဒိုးတွေကို ကာလာလေးတွေနဲ့ လုပ်ဖြစ်ခဲ့တာတွေကို လူတွေက သတိထားမိခဲ့ကြတယ်။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
ဒီနေ့ ရိုက်ဖြစ်တဲ့ ပုံစံမှာလည်း ပုံ့ဖန်တီးထားတဲ့ ဝတ်စုံပဲ ဝတ်စုံနဲ့ လိုက်ဖက်အောင် ပြင်ပေးဖြစ်တယ်။ မြန်မာဝတ်စုံ ဆန်ဆန်ဆိုပေမယ့်လည်း ဆံထုံးတွေ ဘာတွေမထုံးပဲ ရိုးရိုးပွဲတက်တဲ့ ကလေးမလေးပုံစံ ဆံပင်ဖားလျားလေးပဲ လုပ်ဖြစ်ခဲ့ပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရ
People မဂ္ဂဇင်း ၁၅ နှစ်ပြည့်ပြီလေ အခုလည်းအောင်မြင်နေတယ် နှစ်ပေါင်းများစွာလည်း ရေရှည်အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Paing Phyo Thu
Makeup & Hair - Chit Khun Cho
Designer - Yone Yone
Photo - Thardu Ko Ko
Retouch - Saw Thinzar Htike
Decoration - Lady Rose
- People နဲ့ အမှတ်တရ
People နဲ့ အမှတ်တရဆိုရင်တော့ သုသု ဘ၀မှာ ပထမဆုံး မဂ္ဂဇင်း အကြီးကြီးနဲ့ ဓာတ်ပုံစရိုက်ဖူးတာ People ပဲ။ အဲဒီ့တုန်းက (၉) တန်းလား (၁၀) တန်းလားပဲ ရှိသေးတယ်။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
ဒီဝတ်စုံလေးကို သုသုကြိုက်တယ်။ အခုတလောဝတ်ချင်နေတဲ့ off shoulder ဒီဇိုင်းလေးကိုမှ ကျန်တာ အားလုံးလုံလုံခြုံခြုံလေးပဲ။ ဓာတ်ပုံရိုက်တဲ့အခါ အ၀တ်အစားက အရမ်းအရေးကြီးတယ်။ အ၀တ်အစားပေါ်မှာ confident ရှိရင် ပို့စ်လုပ်ရတာ အဆင်ပြေသွားတယ်။ 
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
အခု (၁၅) နှစ်ပြည့်သွားတဲ့ People မဂ္ဂဇင်း နောင်နှစ်များစွာ နောင်နှစ် (၁၅၀) ကျော်တဲ့အထိ အခုလိုပဲ ပရိသတ်ချစ်တဲ့ မဂ္ဂဇင်းကြီးတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေ။
Yone Yone
Makeup & Hair - Chit Khun Cho
Photo - Thardu Ko Ko
Retouch - Saw Thinzar Htike
- People နဲ့ အမှတ်တရ
People နဲ့ကတော့ ကာဗာတွေ ရိုက်ဖြစ်တယ်။ အမှတ်တရဆိုရင်တော့ အမွန်းနဲ့ sexy ပုံစံရိုက်ဖြစ်တာလေးတွေကတော့ အမှတ်တရပါ။ တောတွင်းက wild life ပုံစံဆိုတော့ တောကောင်လေးတွေရဲ့ အရောင်လေးတွေ လုပ်ပေး 
ဖြစ်တယ်။ နောက်ပြီး Miss People ပွဲမှာ ပြိုင်ပွဲဝင်တွေအတွက် ၀တ်စုံတွေချုပ်ပေးဖြစ်တယ်။ အချိန်နဲ့ လုပ်ရတာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားခဲ့ရတာတွေက အမှတ်တရရှိပါတယ်။ 
 
- ၁၅ နှစ်ပြည့်စိတ်ကူး
(၁၅) နှစ်ပြည့်အတွက် crystal theme လေးဆိုတော့ အခုခေတ်စားနေတဲ့ ကြိုးလေးတွေနဲ့ crystal လေးတွေကို rose gold အရောင်လေးနဲ့ တွဲပေးလိုက်တာ။ ပုံမှန်ကတော့ crystal ဆိုရင် ရှေ့ခြမ်းမှာပဲ ထိုးကြတာများတယ်။ အခု ထွင်ထား ကတော့ off shoulder လက်ရှည်လေးကို crystal ကြိုးလေးနဲ့ တစ်ခါတည်း တွဲချုပ်ပေးထားတယ်။ 
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
မဂ္ဂဇင်း တစ်ခု တစ်လတစ်လ ဘယ်လိုရပ်တည်ရလဲဆိုတာ ဘေးကကြည့်ပေမဲ့ သိပါတယ်။ (၁၅) နှစ်ပြည့်သွားပြီဆိုတာ နည်းတဲ့ အချိန်ကာလတစ်ခု မဟုတ်ပါဘူး။ အခု (၁၅) နှစ်မှ နောင်နှစ်ပေါင်းရာပေါင်းများစွာတိုင် People မဂ္ဂဇင်းကြီး တည်တံ့ပါစေ။ People အဖွဲ့သူ၊ အဖွဲ့သားတွေလည်း ကျန်းမာရွှင်လန်းပါစေ။ စိတ်ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။
 
Model- A Linn Yaung
Hair & Makeup - Htet (Pop Soul)
Designer - Y Stone
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
- People နဲ့ စသိတာ
People နဲ့က ကျွန်တော်မော်ဒယ်လ်စလုပ် ကတည်းက ဆုံဖြစ်တယ်။ People ရုံးက Studio မှာ သွားရိုက်ရတာတွေ ရှိတယ်။ မှတ်မှတ်ရရဆိုရင်တော့ မနှစ်က People Magazine ၁၄ နှစ်ပြည့်မှာ ဓာတ်ပုံဆရာကလည်း ကိုအောင်ဇော်နဲ့ပဲ၊ ဒီဇိုင်နာကတော့ ကိုစွမ်းဟိန်းနဲ့ပါ။ People Magazine ရဲ့ ၁၄နှစ်ပြည့်မှာရော ၁၅နှစ်ပြည့်မှာရော ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
ဒီဝတ်စုံက Creation တွေ အများကြီးလုပ်ထားတဲ့ဝတ်စုံပါ။ ဒီဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ ဓာတ်ပုံ Look ထဲမှာ အရမ်းမိုက်နေတဲ့အတွက် ၀တ်ရတာ အရမ်းကြိုက်ပါတယ်။ ဒီလိုမျိုး ၀တ်ပြီး မရိုက်တာကြာပြီဖြစ်တဲ့အတွက် အခု ပြန်ဝတ်ပြီး ရိုက်တဲ့အခါ Look က ကြည့်ရတာ အရမ်းလည်း change သွားတဲ့အတွက် ကြိုက်ပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People Magazine က ဟိုးအရင်ကတည်းက အောင်မြင်ခဲ့တဲ့ မဂ္ဂဇင်းလည်းဖြစ်တယ်။ နောက်ထပ်နောက်ထပ် နှစ်ပေါင်းများစွာလည်း အောင်မြင်တဲ့ မဂ္ဂဇင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Designer Y Stone
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
- ၁၅ နှစ်ပြည့်စိတ်ကူး
ကျွန်တော်က ယောက်ျားလေးဝတ်စုံကို အဓိကလုပ်တာ၊ Crystal Theme ဆိုတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး ဈေးကို ၃၊ ၄ရက်လောက် ပတ်ပြီးစဉ်းစားတယ်။ ပွဲတက်လို့ရမယ့်၊ သာမန် ၀တ်စုံထက်လည်း ပိုမို့ဟာမျိုးကို လည်သာ
အနက်မှာ crystal တွေနဲ့၊ ဘော်ကြယ်တွေနဲ့ကို အနီဖောက်ပြီး  ခါးပတ်နဲ့ ဖိနပ်အနီရောင်ကို တွဲသုံးပြီး ထွင်ခဲ့ပါတယ်။
 
- People နဲ့ စသိတာ
People နဲ့ စဆုံဖြစ်တာ ၂၀၀၆၊ ၂၀၀၇ မှာ အတွင်းကဏ္ဍလေးတွေ ရိုက်ဖြစ်တယ်။ အဲဒီတုန်းက လပြည့်ဝန်းပလာဇာမှာ။ ကျွန်တော့်ဘ၀မှာ မှတ်မှတ်ရရဖြစ်ခဲ့တဲ့အရာကတော့ ၂၀၁၀ လောက်မှာ မအူဝဲနဲ့ ကာဗာရိုက်ဖြစ်ခဲ့တယ်။ အဲဒီကာဗာလေး က အရမ်းလည်းပေါက်ခဲ့တယ်။ ကိုယ်လုပ်နေကျလမ်းကြောင်းအတိုင်း မဟုတ်ဘဲနဲ့ ထွင်နေကျလိုင်းအတိုင်းမဟုတ်ဘဲ စွန့်စွန့်စားစားလုပ်ခဲ့တယ်။ People နဲ့ ရိုက်တဲ့ဟာတွေက ကိုယ့်ရဲ့ဒီဇိုင်နာသက်တမ်းတစ်လျှောက်မှာ မှတ်မှတ်ရရနဲ့ Image တစ်ခုကို ထင်ဟပ်စေခဲ့တဲ့အရာတွေချည်း ဖြစ်ခဲ့ပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People Magazine ၁၅ နှစ်အပြည့်ထိ ရပ်တည်လာနိုင်တာ အရမ်းလည်း ၀မ်းသာပါတယ်။ People က ကျွန်တော့်အတွက် အရမ်းကို အမှတ်တရရှိစေခဲ့တဲ့အရာ၊ အခုချိန်အထိလည်း အမြဲလက်တွဲလုပ်ဖြစ်နေတယ်၊ ကျွန်တော့်ရဲ့ Image ကိုလည်း ထင်ဟပ်စေခဲ့တဲ့ အမှတ်တရတွေလည်းရှိခဲ့တဲ့အတွက် People Magazine ၁၅ နှစ်ပြည့်ကနေ နောက်ထပ် နှစ် ၁၅၀ တိုင် ရတုတွေ အများကြီးကို ဖြတ်ကျော်နိုင်ပါစေ၊ ခေတ်နဲ့အလိုက် ပြောင်းလဲနေတဲ့အရာတွေကိုလိုက်ပြီး ဖန်တီးနိုင် တဲ့ မဂ္ဂဇင်းဖြစ်ပါစေ၊ အဘက်ဘက်ကနေ ပြီးပြည့်စုံတဲ့ မဂ္ဂဇင်းဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
 
Nan Su Yati Soe
Makeup & Hair - Jet Jet
Designer - Myo Min Soe
Photo - Thardu Ko Ko
Retouch - Saw Thinzar Htike
Decoration -Flower Shop (Junction Square)
- People နဲ့ စသိတာ
People Magazine ပါးပါးလေးစထုတ်တဲ့ အချိန်ကတည်းက နန်းဆုမျက်နှာဖုံးမှာရော၊ အတွင်းမှာပါ တောက်လျှောက် အတူတူအလုပ်တွဲလုပ်ဖြစ်တယ်။ People Magazine မှာ ပါလိုက်တိုင်းလည်း ပရိသတ် တွေရဲ့ Feedback က အရမ်းမြန်တယ်။ အခုလို Internet ခေတ်မှာတောင်မှ People Magazine အနေနဲ့ နေရာတစ်ခုကနေပြီးတော့ အောင်မြင်စွာ ရပ်တည်နိုင်တယ်ဆိုတာ တကယ်ကို ချီးကျူးဂုဏ်ယူမိပါတယ်။
 
- ၁၅ နှစ်ပြည့် စိတ်ကူး
ကိုမျိုးမင်းစိုးရဲ့ ၀တ်စုံတွေမှာ ခရမ်းရောင် ၀တ်ဖြစ်တာ ဒါပထမဦးဆုံးပါပဲ။ ခရမ်းရောင်က ကိုမျိုးမင်းစိုးရဲ့ Favourite Colour လို့လည်း သိရတယ်။ Creation လေးကိုလည်း အရမ်းသဘောကျတယ်။ မြန်မာဝတ်စုံဆိုပေမဲ့လည်း ကြည့်လိုက်
ရင် မြန်မာဆန်ဆန်ချည်းမဟုတ်ဘဲ ခေါင်းမှာ ဖဲပြားအကြီးကြီးနဲ့ ဘေးနားက ပုဝါလို အမြီးနဲ့ဆိုတော့ Evening Gown လိုလို လုပ်ထားတာဖြစ်တဲ့အတွက် အရမ်းဟော့ပြီး ဆွဲဆောင်မှုရှိတယ်။ တစ်ကြိမ်တည်းနဲ့ Theme နှစ်မျိုးကိုပေးတယ်။ Crystal ကြိုးလေးတွေကလည်း လက်လက် လက်လက်နဲ့ဆိုတော့ အရမ်းဆွဲဆောင်မှုရှိတယ်။ ၀တ်ထားတဲ့အချိန်မှာ အရမ်းကြိုက်နှစ်သက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
အမှတ်တရတွေကတော့ အများကြီးဆိုတော့ ပြောပြရင် ကုန်မယ်လို့မထင်ပါဘူး။ ငယ်ငယ်တုန်း ကဆို People Magazine နဲ့ နေ့တိုင်းနီးပါးကို ရိုက်ဖြစ်တယ်။ People Magazine ၁၅ နှစ်ပြည့် ကနေ နောင်နှစ်ပေါင်းများစွာအထိ ရပ်တည်နိုင်ပါ
စေ။ အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေ။ ပြည်သူတွေကိုလည်း ဒီထက်ကောင်းမွန်တဲ့ သုတ၊ ရသများစွာ တင်ဆက်နိုင်ပါစေ။ ပရိသတ်အားလုံး ကြိုက်နှစ်သက်ပြီး အားပေးတဲ့ မဂ္ဂဇင်းအဖြစ် အမြဲတမ်းရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးပါ တယ်။
Designer Myo Min Soe
Photo - Thardu Ko Ko
- People နဲ့ အမှတ်တရ
People နဲ့ အမှတ်တရဆိုရင် Miss People မှာ Stylist ဆုကို ၂၀၀၉ ခုနှစ်မှာ ရခဲ့တာဆိုတော့ ၈နှစ်လောက် လက်တွဲလာခဲ့တာဖြစ်တဲ့အတွက် အမြဲတမ်းလည်း အမှတ်ရနေတယ်၊ နာမည်ရလာတာကလည်း People ကြောင့်လို့ ယုံကြည်ထားတဲ့အတွက် People က ဘာပဲ တာဝန်ပေးပေး အမြဲလုပ်ပေးဖြစ်ပါတယ်။
 
- ၁၅ နှစ်ပြည့် စိတ်ကူး
ဒီဝတ်စုံမှာ Creation တွေ အများကြီး သုံးထားပါတယ်။ နုရာကနေ ရင့်တဲ့အထိ အရောင်သုံးရောင်ကို သုံးထားပြီး စက်ပန်းဖောက်ထားပါတယ်။ ဒီနှစ်မှာ Crystal လေးတွေ၊ ဖန်ချောင်းလေးတွေ ကိုသုံးပြီး ထွင်ဖြစ်နေတော့ အခု Crystal Theme လေးနဲ့ ကွက်တိပဲဖြစ်သွားတယ်။ မိန်းမတစ် ယောက်ရဲ့ နွဲ့နှောင်းမှုမျိုးဖြစ်အောင်၊ လမ်းလျှောက်လိုက်တိုင်း လှုပ်နေအောင် Crystal ချောင်းလေးတွေကို သုံးထားပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
မဂ္ဂဇင်းတစ်အုပ်ကို ၁၅နှစ်တိုင် ရပ်တည်ဖို့ဆိုတာမလွယ်ဘူးလေ။ သူ့ရဲ့ Quality နဲ့ Image က အရမ်းခိုင်မာတဲ့ မဂ္ဂဇင်းတစ်ခုဖြစ်လို့ ဒီလိုမျိုး ပါဝင်ခဲ့ရတာကိုလည်း ဂုဏ်ယူပါတယ်။ People Magazine ၁၅နှစ်ပြည့်ကနေ နှစ် ၁၅၀ တိုင်အောင် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။
 
Soe Pyae Thazin
Makeup & Hair - Paing Paing (H&M artist)
Designer - May Myat Waso (Happy Heart)
Photo - Thardu Ko Ko
Retouch - Saw Thinzar Htike
Decoration - Everlasting Floral
- People နဲ့ အမှတ်တရ
စိုးပြည့် People နဲ့ မျက်နှာဖုံးတွေရာ အတွင်းကဏ္ဍတွေရော ရိုက်ဖြစ်ပါတယ်။ မှတ်မှတ်ရရဆိုရင် People နဲ့ ရိုက်တိုင်း ပရိသတ်တွေ သဘောကျကြတယ်။ People က သေသေချာချာလေးလုပ်တယ်ဆိုတော့ ရိုက်တဲ့အခါတိုင်းမှာ စိတ်ချမ်းသာ ပါတယ်။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
People ၁၅ နှစ်ပြည့်အတွက် ဒီဇိုင်နာ မမေမြတ်ဝါဆိုရဲ့ ၀တ်စုံဒီဇိုင်းလေးနဲ့ ရိုက်ကူးခဲ့ပါတယ်။ ဒီဇိုင်နာက ခရစ္စတယ်တွေအများကြီးနဲ့ ရွှေရောင်ဝတ်စုံလေးကို ဖန်တီးထားပေးတယ်။ ၀တ်ရတဲ့ အပေါ်မှာလည်း သဘောကျပါတယ်ရှင်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People က ကဏ္ဍတွေအများကြီးနဲ့ မျက်နှာဖုံးပဲဖြစ်ဖြစ် အတွင်းပဲဖြစ်ဖြစ် ပရိသတ်စိတ်ချမ်းသာအောင် လုပ်ပေးနိုင်တယ်။ နောက်ထပ်နှစ်ပေါင်း များစွာများစွာလည်း ဒီထက်မက ပိုပြီး ပရိသတ်စိတ်ကျေနပ်မှုရအောင် ဖန်တီးနိုင်ပါစေ... ဖန်တီးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်ရှင်။
Designer May Myat Waso (Happy Heart)
Photo - Paing Soe Thu (KINGCOBRA)
- People ကိုစသိတာ
People နဲ့ စသိဖြစ်တာကတော့ ခရစ္စတီးနားနဲ့ရိုက်တဲ့ ကလီယိုပတ်ထရာ... အီဂျစ်ပုံစံလေးပေါ့နော်... အဲဒါက ပထမဆုံးအကြိမ် People နဲ့ စရိုက်ခဲ့တာပါ။
 
- People နဲ့ အမှတ်တရ
ခုဆို People နဲ့ လက်တွဲခဲ့တာ အချိန်အကြာကြီးဖြစ်နေပြီဆိုတော့ အမှတ်တရတွေက အများကြီးဖြစ်နေပါပြီ။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
ဒီတစ်ခါတော့ People က ခရစ္စတယ်လေးတွေနဲ့ လုပ်ချင်တာဆိုတော့ အကြိုက်တူတာပေါ့နော်။ ခရစ္စတယ်တွေနဲ့ အရောင်တွေအများကြီးထဲက ရွှေရောင်လေးရွေးခဲ့တယ်။ ပြီးတော့ စိုးပြည့် အသားရဲ့ အသားအရေနဲ့လည်း လိုက်ဖက်တယ်
ပေါ့။ ဒီအတွက် ရွှေရောင်ဝတ်စုံလေးကို ဖန်တီးဖြစ်ခဲ့ပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People (၁၅)နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ အောင်မြင်မှုတွေ အများကြီးနဲ့ ဖြတ်သန်းနိုင်ပါစေ။
 
Htet Htet Htun
Makeup & Hair - Ah Naw La Mu
Designer - Joker
Photo - Thardu Ko Ko
Retouch - Saw Thinzar Htike
Decoration - Everlasting Floral
- People ကို စသိတာ
People က  ဟိုးအရင် ရုံးဟောင်းနေရာ လပြည့်ဝန်းပလာဇာမှာကတည်းက အမြဲတမ်း ရောက်ဖြစ်ခဲ့တယ်။ ကဏ္ဍတစ်ခုမဟုတ် တစ်ခုက အမြဲတမ်းရိုက်ဖြစ်နေတာဆိုတော့ ၂၀၁၀ ခုနှစ်ကစတဲ့ ထက်ရဲ့ မော်ဒယ်လ်သက်တမ်းတစ်လျှောက်လုံး People မဂ္ဂဇင်းနဲ့ ပြတ်တယ်ဆိုတာ မရှိတော့ အမြဲအမှတ်တရရှိပါတယ်။
 
- People နဲ့ အမှတ်တရ
လတ်တလော မှတ်မှတ်ရရအဖြစ်ရဆုံးက April Issue အတွက် Makeup Creation ကဏ္ဍမှာ ထက်ကလည်း အရမ်းနှာတွေစေးနေတဲ့ကြားက ရေတွေဖြန်းပြီး ရိုက်တာ၊ ပြီးတော့ ထူးထူးခြားခြား Packing Paper တွေနဲ့ထုပ်ပြီးရိုက်တာ၊ ထွက်
လာတဲ့ Result ကလည်း အရမ်းမိုက်တယ်။  တကယ့်ကို အမှတ်တရပါပဲ။ အခု ၁၅ နှစ်ပြည့်မှာပါဝင်ရတဲ့အခါကျတော့ နောက်ထပ်အမှတ်တရ တစ်ခု ထပ်တိုးသွားတာပေါ့နော်။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
အခု People ရဲ့ Crystal Anni မှာ ထက်ဝတ်ထားတဲ့ ခရစ္စတယ်လေးတွေ တန်းလန်းတန်းလန်းနဲ့ ၀တ်စုံလေးက ဒီဇိုင်နာ မဂျိုကာ ဖန်တီးပေးထားတာပါ။ Makeup နဲ့ Hair Style က ထက်နဲ့ အမြဲတမ်းလိမ်းနေကျ အနော်လမုက Dress လေးနဲ့ 
လိုက်ဖက်အောင် ဖန်တီးပေးထားပါတယ်။ ဒီ Dress လေးကိုတွေ့လိုက်ရတဲ့အခါ ကိုယ်အရမ်းဝတ်ချင်တဲ့ပုံစံလေးဖြစ်နေတဲ့အတွက် အရမ်းပျော်သွားတာပေါ့နော်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
Crystal Anni ကနေ ငွေ၊ ရွှေ၊ စိန် ရတုစတဲ့ ရတုပေါင်းမြောက်မြားစွာ ပိုမိုကောင်းမွန်တဲ့ ဖန်တီးမှုတွေနဲ့ ပရိသတ်တွေနဲ့ ထက်တို့လို အနုပညာရှင်တွေကြားမှာ အားပေးတဲ့ မဂ္ဂဇင်းအဖြစ်နဲ့ ရပ်တည်နိုင်ပါစေလို့ ထက်ဆုတောင်းပါတယ်။
Designer - Joker 
Photo - Thardu Ko Ko
Retouch -Saw Thinzar Htike
- People ကိုစသိတာ
၂၀၀၆ ခုနှစ် ပထမဆုံးစတဲ့ Miss People ပြိုင်ပွဲမှာ ဂျိုကာ့ဖက်ရှင်ဒီဇိုင်းနဲ့ဆုရပြီး ဒီဇိုင်နာ လောကကိုစ၀င်ခဲ့တာပါ။
 
- People နဲ့ အမှတ်တရ
People နဲ့ အမှတ်တရဆိုရင် ဂျိုကာ ဆိုတာဖြစ်လာတာ People ကြောင့်လို့ပြောလို့ရပါတယ်။
 
- ၁၅ နှစ်ပြည့် စိတ်ကူး
ခရစ္စတယ်တွေနဲ့ ဖန်တီးတဲ့နေရာမှာ အမြန်ဆုံးနဲ့ အရိုးရှင်းဆုံး အဖြောင့်လိုင်း (Straight Line) တွေပါတဲ့ အပေါ်ပိုင်းကို အရင်စဆွဲတယ်။ အောက်က Creation ကျတော့ ဂျိုကာအရမ်းလုပ်ချင်တဲ့ ဂါဝန်ပုံစံမျိုးကိုပဲ Mix လုပ်ပြီး ထွင်ထားတာပါ။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
၁၅ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ဂျိုကာတို့လို ဒီဇိုင်နာတွေ ပရိသတ်တွေ အနုပညာရှင်တွေနဲ့ လက်တွဲပြီးတော့ ပိုမိုအောင်မြင်စေလို့ ဆုတောင်းပေးပါတယ်။
Makeup Artist - Ah Naw La Mu
- People ကိုစသိတာ
အမှတ်တရကိုပြောရရင် အနော်တို့ အနုပညာလောကထဲကို မ၀င်လာခင် ကျောင်းသားဘ၀ကတည်းက People မဂ္ဂဇင်းကို အရမ်းအားပေးခဲ့တာ။ အခု အနော် အနုပညာလောကထဲကို ရောက်တာ သုံးနှစ်ကျော်ရှိပြီ။ ပထမဆုံးအနေနဲ့ကိုပဲ People မဂ္ဂဇင်းအတွက် မင်းသမီး ရတနာဗို နဲ့ စလိမ်းပေးဖြစ်ခဲ့ပါတယ်။
 
- People နဲ့ အမှတ်တရ
Makeup Creation ကဏ္ဍတစ်ခုကို မိုရိန်းလုဆန်နဲ့ ရိုက်တုန်းက People က အင်ဒိုး မဟုတ်ဘဲ အောက်ဒိုးထွက်ရိုက်တာဆိုတော့ စိတ်ထဲမှာ ဘယ်လိုပုံစံထွက်လာမလဲဆိုပြီး စိုးရိမ်နေခဲ့တယ်။ Creation တွေကတော့ အနော်လုပ်နေကျပဲ။ ဒါပေမဲ့ အောက်ဒိုး မရိုက်ဖူးဘူးဆိုတော့လေ။ ဒါပေမဲ့ တကယ်တမ်းထွက်လာတဲ့အချိန်မှာ အရမ်းမိုက်တယ်ဆိုတော့ အဲဒါလေးကို အမှတ်တရရှိပါတယ်။
 
- ၁၅ နှစ်ပြည့် စိတ်ကူး
အခု People ၁၅ နှစ်ပြည့်ကဏ္ဍမှာ အနော်က ထက်ထက်ထွန်းနဲ့ အိန်ဂျယ်လမုံကို လိမ်းပေးထားပါတယ်။ ၀တ်စုံဒီဇိုင်နာတွေကတော့ မဂျိုကာနဲ့ ဆိုင်းလဒ်ပါ။ ၀တ်စုံကိုကြည့်ပြီး အလိုက်ဖက်ဆုံးကို လိမ်းပေးရတာပေါ့နော်။ အမှန်ပြောရရင်ေ တာ့ အနော်က Creation ဘက်ကို အားသန်တယ်။ ဆန်းသစ်အောင်ထွင်ရတာ သဘောကျပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People မဂ္ဂဇင်းက အနော်တို့ မိတ်ကပ်ဆရာတွေ၊ ဒီဇိုင်နာတွေ ၊ မော်ဒယ်တွေအတွက်ကို အရမ်းကို အထောက်အကူပြုပါတယ်။ People မဂ္ဂဇင်း စိတ်ကူးအသစ်အဆန်းတွေနဲ့ ဒီထက်အများကြီး အောင်မြင်မှုရနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
 
Angel La Mone & Ja Seng Ing
Makeup & Hair - Ah Naw La Mu
Designer - Seng Latt
Photo - Thadrdu Ko Ko
Retouch - Saw Thinzar Htike
Decoration -  Grace Floral
Angel La Mone
- People နဲ့ အမှတ်တရ
People နဲ့ ပတ်သက်တဲ့ မှတ်မှတ်ရရဖြစ် တာတစ်ခုကတော့ Wedding ရိုက်တုန်းက ကိုအလင်းရောင်နဲ့ရိုက်တဲ့အခါ လမ်းမှာကား Accidence တစ်ခုကြောင့် Traffic တွေဖြစ်ပြီး ချိန်းထားတဲ့အချိန်ထက် ၄၅မိနစ်လောက် နောက်ကျပြီး ရောက်တဲ့အခါ ကိုအလင်းရောင်ကလည်း အလုပ်ရှိလို့ ထွက်သွားပြီ။ Wedding ဆိုတော့ ၂ယောက် အတူတူရိုက်ရမယ့်ဟာကို တစ်ယောက်ဆီခွဲပြီး ရိုက်ခဲ့ရတာ အမှတ်တရပါပဲ။ ကိုအလင်းရောင်ကိုလည်း ဒီကနေတောင်းပန်ချင်သလို နားလည်ပေးတဲ့ People Magazine ကိုလည်း ကျေးဇူးတင်ပါတယ်။
 
- ၁၅ နှစ်ပြည့် စိတ်ကူး
ဒီဇိုင်နာ ကိုဆိုင်းလဒ်ချုပ်ထားတဲ့ ဒီအင်္ကျီလေးကိုဝတ်ရတာ အရမ်းသဘောကျပါတယ်။ crystal လေးတွေကလည်း လှုပ်လိုက်တိုင်း အသံမြည်တာကိုသဘောကျတယ်။ ခန္ဓာကိုယ်ကိုလည်း Fit ဖြစ်သွားစေတယ်၊ လေးလည်းမလေးဘူး ပေါ့
ပေါ့ပါးပါးလေးနဲ့ ၀တ်လို့ကောင်းတယ်။ ထူးခြားတာတစ်ခုကတော့ ခေါင်းပေါင်းနဲ့ နားကွင်းနဲ့ ပြင် ထားတာတစ်ခုပါ။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People Magazine ၁၅ နှစ်မှ နောင်နှစ်ပေါင်းများစွာတိုင်အောင် ပိုပြီးအောင်မြင်တဲ့ မဂ္ဂဇင်းဖြစ်ပါစေ။ People Magazine ကို ငယ်ငယ်လေးကတည်းက အားပေးခဲ့ရတဲ့ မဂ္ဂဇင်းဖြစ်တဲ့ အတွက် ပိုပိုပြီးသဘောကျသလို ဒီထက်ပိုပြီး စုံစုံ
လင်လင်အခန်းကဏ္ဍတွေနဲ့ ပရိသတ်ကို ချပြနိုင်ပါ စေလို့ ဆုတောင်းပေးပါတယ်။
 
Ja Seng Ing
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People Magazine က ငယ်ငယ်ကတည်းက အားပေးလာခဲ့တဲ့ မဂ္ဂဇင်းလည်းဖြစ်တယ်။ အခုလိုမျိုး ၁၅ နှစ်ပြည့်မှာ ရိုက်ခွင့်ရတဲ့အတွက် အရမ်း လည်း ဂုဏ်ယူပါတယ်။ People Magazine ဒီထက်မက ပိုပိုပြီးတော့ အောင်မြင်ပါစေ၊ အနု
ပညာအတွက်ရော၊ လူတွေအတွက်ရော အများကြီးအကျိုးပြုတဲ့ မဂ္ဂဇင်းဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။
Designer Seng Latt 
Photo - Thardu Ko Ko
- People နဲ့ အမှတ်တရ
အဖြူရောင်သန့်သန့်လေးကို People က လိုချင်တဲ့ Crystal Theme လေးနဲ့ ကိုယ်ကလည်း Crystal သုံးရတာကို ကြိုက်နေတယ်ဆိုတော့ ကွက်တိပဲဖြစ်သွားတယ်။ Evening Gown ပုံစံ အဖြူရောင်လေးကို ဖက်ရှင် ဆန်ဆန်လေးပြချင်တဲ့ အတွက် မိတ်ကပ်ပြင်တာကအစ Creation လေး တွေ ထည့်ထားပါတယ်။
 
- ၁၅ နှစ်ပြည့် စိတ်ကူး
ကျွန်တော့်ဘ၀အစက People နဲ့ စခဲ့တာပါ။ ၂၀၀၈ ခုနှစ် Miss People ပြိုင်ပွဲမှာ ဒီဇိုင်နာဆုရခဲ့တာ အမှတ်တရပါ။ မှတ်မှတ်ရရ သရုပ်ဆောင် မေနဲ့အတူ စပြီး ဆုရခဲ့ဖူးတယ်။ မှတ်မှတ်ရရဆိုရင် Miss People ဆုရတဲ့ သူတွေကို ကာဗာတင်တော့ မေအတွက် ချုပ်ပေးတဲ့အခါ ကိုယ်က အဲဒီအချိန်တုန်းက အိမ်ကမသိအောင် သင်တန်းခိုးတက်နေတဲ့အချိန်၊ ပိတ်စအကြောင်းလည်း ဘာမှမသိသေးတဲ့ အချိန် ကိုယ့်မုန့်ဖိုးကိုယ်စုပြီး ၀တ်စုံတစ်ထည်ဖြစ်ဖို့ ကြိုးစားတာ ကိုယ့်ကိုယ်ကိုယ်ဟုတ်ပြီထင်နေတာ ရှုတင်လည်းရောက်ရော ၀တ်စုံတွေ အားလုံးထဲမှာ ကိုယ့်ဝတ်စုံက မလှဆုံးဖြစ်နေတာ။ အဲဒီစာအုပ် လေးကို အခုအချိန်အထိသိမ်းထားတာ အမှတ်တရပါ။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People Magazine က ဆိုင်းလဒ်တို့ ငယ်ငယ်လေးကတည်းက ကြိုက်ခဲ့တဲ့ မဂ္ဂဇင်း၊ လက်တွဲခဲ့တာလည်း အခုဆိုရင် ၁၀ နှစ်ပြည့်ခဲ့ပြီ၊ အခုချိန်အထိလည်း လက်တွဲခေါ်နေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ People Magazine ဒီထက်
ပိုပြီး အများကြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။
 
J Naw
Makeup & Hair - Jassica
Designer - Thet Hnin Aye
Photo - Thadrdu Ko Ko
Retouch - Saw Thinzar Htike
Decoration -  Flower Shop (Junction Square)
- People နဲ့ အမှတ်တရ
မော်ဒယ်လ်စလုပ်တဲ့ အချိန်ကနေစပြီး People နဲ့ ရိုက်ဖြစ်ပါတယ်။ Indoor ရော ၊ Outdoor ရော  တော်တော်များများ ရိုက်ကူးဖြစ်တဲ့အထဲမှာမှ မှတ်မှတ်ရရအဖြစ်ဆုံးကတော့ ဖေဖော်ဝါရီလထုတ်မှာရိုက်ခဲ့တဲ့ Couple Fashion ရေကူးကန်
မှာ ရေကူးဝတ်စုံလေးနဲ့ ရိုက်ရတဲ့ဟာလေးပါ။ မော်ဒယ်လ်ပိုင်တံခွန်နဲ့ ရိုက်တာ ပရိသတ်တွေကြား မှာ အရမ်းရေပန်းစားပြီး နယ်ကပရိသတ်အထိပါ ကိုယ့်ကိုမသိသေးတဲ့သူတွေပါ သိသွားတဲ့အတွက် အရမ်းပျော်ရွှင်ရပါတယ်။ ဒါလေးက People နဲ့ လက်တွဲပြီး ရိုက်ကူးခဲ့တဲ့ထဲမှာ အမှတ်တရအဖြစ်ဆုံးပါ။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People Magazine ၁၅ နှစ်ပြည့်တဲ့နေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုများကို ဆထက်ထမ်းပိုး ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
 

Designer Thet Hnin Aye 
Makeup & Hair- December Hnin
Photo - Thardu Ko Ko
- People နဲ့ အမှတ်တရ
People နဲ့ အမှတ်တရတွေဆိုရင် ငယ်ငယ်လေးကတည်းက အမေကလည်း ဒီဇိုင်နာဖြစ်တဲ့အတွက်ကြောင့် အမေ့ရဲ့ဖက်ရှင်တွေကို People မှာ ပြတဲ့အခါကျရင် ကူပြီးလုပ်ပေးခဲ့တယ်။ ကိုယ်ကိုယ်တိုင် Professional Designer တစ်ယောက်
အနေနဲ့ ရပ်တည်တဲ့အခါမှာလည်း People နဲ့လက်တွဲပြီး ကာဗာတွေမှာရော၊ ကဏ္ဍတော်တော်များများမှာပါ လက်တွဲပြီးလုပ်ခဲ့တဲ့ အမှတ်တရတွေ အများကြီး ရှိခဲ့ပါတယ်။

- ၁၅ နှစ်ပြည့် စိတ်ကူး
ဝတ်စုံလေးကို Crystal တွေနဲ့ စကတ်တစ်ခုလုံးကို တစ်ပတ်လည်ပြီး အလှဆင်ထားပါတယ်။ အင်္ကျီကိုလည်း အဝေးကလှမ်းကြည့်လိုက်ရင် ရင်ပြတ်လေးလိုဖြစ်အောင် ခြင်ထောင်ဇာပါးပါးလေးနဲ့ ဂျိုင်းနဲ့ လက် Cutting တွေမပါဘဲနဲ့ တစ်
ဆက်တည်း မြင်ရမယ့်ပုံစံလေး ဖန်တီးထားပါတယ်။ 

- ၁၅ နှစ်ပြည့် အမှတ်တရစကား
People Magazine ဒီထက်မက နှစ်ပေါင်းများစွာ အောင်မြင်မှု သရဖူဆောင်းနိုင်ပါစေ။ People Magazine နဲ့ လက်တွဲပြီးတော့လည်း ကဏ္ဍသစ်တွေ လုပ်ချင်ပါသေးတယ်။

Makeup Jessica Han
- People နဲ့ အမှတ်တရ
People Magazine ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သိတာပါ။ မိတ်ကပ်လောကထဲ ၀င်ပြီးတဲ့အချိန်ကျတော့ မိတ်ကပ်ပညာသင်နေရင်းနဲ့ ကိုယ့်ရဲ့ဆရာဖြစ်တဲ့ မထက် (Pop Soul) တို့၊ ကိုဝိုင်စတုန်းတို့ကြောင့် People နဲ့ ပိုပြီးရင်း နှီးလာခဲ့ပါတယ်။ အမှတ်တရအနေနဲ့ကတော့ People Cover ကို မအူဝဲနဲ့ ရိုက်တုန်းကပါ။ မိုးတွေကလည်းရွာနဲ့ ပျော်စရာကြီးပါ။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People Magazine နှစ်ပေါင်းတစ်ရာတိုင် ဒီထက်မက အောင်မြင်ကျော်ကြားပြီး တည်တံ့ခိုင် မြဲနိုင်ပါစေ။
 
 
Thae Naw Zar
Makeup & Hair - Lin Lin (Lamadaw)
Designer - Chaw Su Lwin
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
Decoration - Flower Shop (Junction Square)
- People ကို စသိတာ
နော်ဇာတို့ ဆယ်ကျော်သက်အရွယ်မှာတည်းက People ကို စဖတ်ခဲ့တာ မော်ဒယ်လ်စလုပ်တော့ Miss People ပွဲက အရမ်းနာမည်ကြီး၊ ပြိုင်ချင်ခဲ့တာ ပြိုင်ခဲ့တယ်။ ၂၀၀၉ မှာ Miss People ဆု ရခဲ့တယ်။
 
- People နဲ့ အမှတ်တရ
အမှတ်တရက တော်တော်များတော့ ပြောစရာကလည်း အတော်များပါတယ်။ People ရဲ့ Miss တွေကို အမြဲပွဲထုတ်တယ်၊ စာအုပ်ထဲမှာလည်း အမြဲဖော်ပြတယ်ဆိုတော့ အမှတ်တရတွေက အတော်ကိုရှိခဲ့တာပါ။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
ဒီနေ့ ရိုက်တာက မမချောစုလွင်ရဲ့ ဝတ်စုံလေးပါ။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People မဂ္ဂဇင်းဆိုတာ နော်ဇာတို့ ဆယ်ကျော်သက်ဘဝတည်းက ပရိသတ်ကြားထဲ အရမ်းရေပန်းစားခဲ့တာ အခု (၁၅)နှစ်ပြည့်ခဲ့ပြီဆိုတော့ ရေရှည်တည်တံ့နေပြီပေါ့။ ဆက်ပြီးတော့ ပိုမိုတည်တံ့တဲ့ မဂ္ဂဇင်းဖြစ်ပြီး ပရိသတ်တွေအတွက် ကဏ္ဍအသစ်အသစ်တွေ ဖန်တီးပေးနိုင်တဲ့ မဂ္ဂဇင်း ကောင်းတစ်ခုဖြစ်ပါစေ။
Chaw Su Lwin
Photo - Aung Zaw (Love Space)
- People ကို စသိတာ
၂၀၀၉ - ၂၀၁၀ မှာ ဒီဇိုင်နာစလုပ်တော့ ပထမဆုံးဖက်ရှင် စရိုက်ဖြစ်တာ People နဲ့ပဲ ဖွေးဖွေးနဲ့ပါ။ အရမ်းအားဖြစ်ခဲ့တာပါ။
- People နဲ့ အမှတ်တရ
အမှတ်တရအနေနဲ့ အများဆုံးရိုက်ဖြစ်တာက Wedding Special မှာပါ။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
အခု ရိုက်တာက ထူးခြားတယ်။ ၁၅ နှစ်ပြည့်အတွက် ရိုက်ရတော့ပျော်တယ်။ မော်ဒယ်လ်နဲ့ လိုက်ဖက်တာမျိုးဖြစ်အောင် ခေတ်စားနေတဲ့ Crystal ၊ ငှက်မွှေး၊ ဇာလေးတွေနဲ့ သုံးပြိး လုပ်ခဲ့ပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
ဒီဇိုင်နာ ဘဝကို People နဲ့ စခဲ့ပြီး People က လက်တွဲခေါ်ယူခဲ့တယ်။ လူကြားထဲမှာ ဒီဇိုင်နာ ချောစုလွင်ဆိုပြီး ချပြပေးခဲ့တာကတော့ ဘဝအမှတ်တရပါ။
Lin lin (lanmadaw)
People မှာစပြီး photo shooting တွေ စလိမ်းဖြစ်ခဲ့တာက အဆိုတော်ခင်စုစုနိုင်ကို လိမ်းပေးဖြစ်တာကနေ စခဲ့တာပါ။
 
People နဲ့အမှတ်တရတွေကတော့ အများကြီး အဲဒီထဲမှာမှ မှတ်မှတ်ရရ အမှတ်တရဆိုရင် လိမ္မော်သီးကိုပြင်ပေးခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က အဲဒီတုန်းက ပြင်ပေးခဲ့တာကို ဒီဇိုင်နာတစ်ယောက်က သူလုပ်ထားတာကိုခိုးချတယ်ဆိုပြီး ကွိုင်ရှာတာခံရဖူးတာ အမှတ်တရပါပဲ။
 
၁၅ နှစ်ပြည့်အတွက် ဆုတောင်းပေးချင်တာကတော့ people က အောင်မြင်ပြီးသားလည်း ဖြစ် တယ်။ ကဏ္ဍတွေအစုံနဲ့ ဖတ်လို့လည်းကောင်းတဲ့ မဂ္ဂဇင်းတစ်ခုပါ ဆက်ပြီးတော့လည်း အောင်မြင်ပါ စေလို့ ဆုတောင်းပေးပါတယ်။
 
 
Thazin Nwe Win
Makeup & Hair - Lin Lin (Lanmadaw)
Designer - Myat Su 
Photo - Thardu Ko Ko
Retouch - Saw Thinzar Htike
Decoration - Flower Shop (Junction Square)
- People နဲ့ အမှတ်တရ
People မဂ္ဂဇင်းကို Presenter မဖြစ်ခင်ကတည်းက ဖတ်ဖြစ်ခဲ့တယ်။ ကဏ္ဍအစုံပါတော့ ဖက်ရှင်တွေ ဗဟုသုတတွေကအစ ညီမကြိုက်တယ်။ မှတ်မှတ်ရရအမှတ်တရက People ကလုပ်တဲ့ Miss People ပွဲမှာ အင်တာဗျူး Presenter အနေနဲ့ လုပ်ဖြစ်ခဲ့ဖူးတာ အမှတ်တရရှိခဲ့ပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရ
People မဂ္ဂဇင်းက အောင်မြင်လာတာ ၁၅ နှစ်တိုင်ရှိခဲ့ပြီ။ ပရိသတ်တွေ အခိုင်အမာရှိတဲ့ မဂ္ဂဇင်းတစ်ခုပါ။ People မဂ္ဂဇင်းဟာ ဒီထက် ဒီထက်မက မီဒီယာလောကမှာ အောင်မြင်စွာရပ်တည်နိုင်ပါစေ။
Myat Su
Photo - Thardu Ko Ko
- People နဲ့ အမှတ်တရ
People မဂ္ဂဇင်းက ငယ်ငယ်တည်းက ကြိုက်ခဲ့တဲ့ မဂ္ဂဇင်းပေါ့နော်။ နောက်ပြီး ၂၀၀၉ မှာ People မဂ္ဂဇင်းရဲ့ Miss People ပွဲမှာလည်း ဝတ်စုံအနေနဲ့ ဝင်ပြိုင်ခဲ့ဖူးတာလည်း အမှတ်တရပေါ့နော်။ နောက်ပိုင်း People မဂ္ဂဇင်းနဲ့ကဏ္ဍတွေ အများကြီး ရိုက်ခဲ့တယ်။ ကာဗာမှာလည်း ဝတ်စုံဖန်တီးပေးဖူးတယ်။ မြန်မာဝတ်စုံကဏ္ဍမှာ သဲနော်ဇာအတွက် ဖန်တီးပေးခဲ့တဲ့ ဝတ်စုံလေးဆိုရင် ကြိုက်ကြပြီးတော့ နယ်တွေကလှမ်းမှာတာ၊ အိမ်လာအပ်ကြတာတော့ အမှတ်တရပါ။
 
- ၁၅ နှစ်ပြည့် အမှတ်တရ
၁၅ နှစ်ပြည့် အမှတ်တရ ဝတ်စုံလေးကို ဖန်တီးပေးရတော့ Crystal Theme လေးလုပ်ရမယ်ဆိုတော့ ဝတ်မယ့် မော်ဒယ်လ်နဲ့ လိုက်ဖက်မယ့်ပုံစံ ဒီဇိုင်းကို စဉ်းစားပြီးတော့မှ ခရစ်စ္စတယ်လေးတွေ နဲ့ ဖန်တီးဖြစ်တာပါ။ အခု People မဂ္ဂဇင်းရဲ့ ၁၅ နှစ်ပြည့်ကနေ ရတုအဆက်ဆက် အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
 
Wine Lay
Makeup & Hair - Htet (Pop Soul)
Designer - Ma Gyi & Ma Lay (KOOL Fashion)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
Decoration - Flower Shop
- People ကိုစသိတာ
ဝိုင်းလေး အနုပညာ အလုပ်မလုပ်ခင်က တည်းက People မဂ္ဂဇင်းဆိုတာ ရှိနေပြီးသား။ ကိုယ်အရင်ကတည်းက ဖတ်လာတဲ့ မဂ္ဂဇင်းလည်းဖြစ်တယ်။ အခု ၁၅ နှစ်ပြည့်မှာ ကိုယ်တိုင်ပါဝင်ခွင့်လည်း ရလာတယ်ဆိုတော့ ၀ိုင်းလေး အရမ်း ပျော်ပါတယ်။
 
- ၁၅ နှစ်ပြည့် ခံစားချက်
People ၁၅ နှစ်ပြည့်အတွက် ၀ိုင်းလေးက ဒီဇိုင်နာ မကြီး၊မလေးဝတ်စုံနဲ့ ရိုက်ကူးထားပါတယ်။ ခရစ္စတယ်လေးတွေနဲ့ ခေါင်းစွပ်မွေးပွ ဦးထုပ်လေးနဲ့ လုပ်ထားတဲ့ ၀တ်စုံလေးက အရမ်းလည်း ချစ်ဖို့ကောင်းတယ်။ ပုံစံလေးကလည်း Glamour 
ဘက်ကိုသွားတာဆိုတော့ ဒီဝတ်စုံလေးနဲ့လိုက်အောင် ချစ်စရာလည်းကောင်း လှလည်းလှတဲ့ ပုံစံမျိုးနဲ့ ရိုက်ပါတယ်။ ဆံပင်ကိုလည်း လိုက်ဖက်တဲ့ပုံစံဖြစ်အောင် မထက်က ရှင်းရှင်းလေးလုပ်ပေးထားတယ်ဆိုတော့ အရမ်းသဘောကျပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
မီဒီယာတွေအများကြီး ရှိနေတဲ့ကြားက ခုလို သေသေချာချာစီစဉ်ပြီး ကြိုးစားထားတဲ့ People မဂ္ဂဇင်းဟာ ၁၅ နှစ်ဆိုတာ နည်းနည်းနောနော နှစ်ကာလကြီး မဟုတ်ဘူးပေါ့။ ဒီ့ထက်မက အများကြီးအများကြီး အကျိုးရှိလှပတဲ့ အကြောင်းအရာတွေ ကို တင်ဆက်နိုင်ပါစေ... ထုတ်ဝေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Designer - Ma Gyi & Ma Lay (KOOL Fashion)
Makeup & Hair - Htet (Pop Soul)
Photo - Aung Zaw (Love Space)
- People ကို စသိတာ
People နဲ့ သိတာကြာပြီပေါ့နော်။ ကာဗာမှာဆို မိုးဟေကိုနဲ့ ပထမဦးဆုံးရိုက်ဖြစ်ခဲ့တာပါ။ အဲဒီမတိုင်ခင်ကလည်း ကဏ္ဍတွေ ရိုက်ဖြစ်တယ်။ မိုးဟေကို ကာဗာပြီးတော့ People နှစ်ပတ်လည်အတွက် အေးမြတ်သူနဲ့ မေကို ကာဗာရိုက်ဖြစ်တယ်။ နောက်ထပ် ခင်ဝင့်ဝါကိုလည်း ကာဗာရိုက်ဖြစ်ခဲ့ပါတယ်။
 
- People နဲ့အမှတ်တရ
မိုးဟေကို ကာဗာဆိုရင် အောက်ဒိုးရိုက်တဲ့ အတွက် အစိမ်းရောင်ဝတ်စုံကို အလွင့်ကြီးချုပ်ပေးခဲ့တာ ကြိုက်တယ်။ သူဝတ်ချင်တဲ့ပုံစံဆိုပြီး အနက်ရောင်လေးကို ချုပ်ပေးခဲ့တာလည်း ကြိုက်တယ်။ အဲပုံက ကာဗာတက်တာပေါ့နော်။ အေးမြတ်
သူနဲ့ မေတုန်းကလည်း Country Design, Evening Gownနဲ့  Fancy Design လေးတွေ ဒီဇိုင်းအစုံထွင်ဖြစ်တယ်။ ပုံတွေထွက်လာတော့ နှစ်ယောက်လုံးက ရုပ်လေးတွေလည်းဆင် ပို့စ်လေးတွေလည်း အရမ်းလှတယ်။ အရမ်းကျေနပ်ရပါတယ်။ ခင်ဝင့်ဝါတုန်းကလည်း ပန်းလေးတွေ သုံးစုံလုံး ဒီဇိုင်းဆင်ပေးရတာ အရမ်းကြိုက်တယ်။ People နဲ့ အလုပ်လုပ်ရတာ အရမ်းကျေနပ်အားရပါတယ်။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
People ရဲ့ အထူးနှစ်ပတ်လည်အတွက် ၀ိုင်းလေးကို ဘာဘီရုပ်ကလေးလို ဒီဇိုင်းဆင်ပေးထားပါတယ်။ ဒီဝတ်စုံလေးကို ဒီဇိုင်းထွင်တဲ့နေရာမှာ ကျောက်လေးတွေအများကြီးနဲ့ အသေးစိတ် ဟန်းမိတ်လုပ်ရတဲ့အတွက် ၅ ရက်၊ ၆ ရက် ကြာ အချိန်ပေးခဲ့ပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People ကို ဟိုးအရင်ကတည်းက အားပေးခဲ့တဲ့ ပရိသတ်တွေလည်း ဖြစ်ပါတယ်။ People ရဲ့ ကမ်းလှမ်းချက်တွေ အကုန်လုံးကို စိတ်ဝင်တစားနဲ့ ပြင်ဆင်ပြီး ချုပ်ပေးပါတယ်။ ၁၅ နှစ်ပြည့်မှာ ပါဝင်ဖြည့်စွက်ရတဲ့အတွက် အရမ်းကျေနပ် ပီတိဖြစ်ပါတယ်။ People ဒီထက်မက အောင် မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Htet (Pop Soul)
Photo - Aung Zaw (Love Space)
- People ကိုစသိတာ
People နဲ့က နှစ်ပေါင်းများစွာ အလုပ်လုပ်ရတာဆိုတော့ တသားတည်းဖြစ်နေပြီး မထက်အတွက် အမှတ်တရတွေလည်း အများကြီးပဲ။ 
 
- People နဲ့အမှတ်တရ
  အထူးသဖြင့် Creation ကဏ္ဍမျိုးတွေဆိုရင် ရေမှော်တွေနဲ့လုပ်ရတာတို့ ခရုတွေသုံးရတာမျိုးတို့ကလည်း တကယ့်ကိုအမှတ်တရပဲ။ ခက်ခက်ခဲခဲတွေကို အများကြီးလုပ်ခဲ့ဖူးတယ်။
 
- ၁၅ နှစ်ပြည့် စိတ်ကူး
People ၁၅ နှစ်ပြည့်မှာ ၀ိုင်းလေးကို ပြင်ဖြစ်ပါတယ်။ ဒီဇိုင်နာ မကြီးမလေးကလည်း သူတို့ ဒီဇိုင်းကိုဘာလုပ်ထားတယ်ဆိုတာ ကြိုပို့ထားတယ်။ အများကြီး ကြိုးပမ်းရတယ်ဆိုတာ မရှိပါဘူး။ Dress လေးကလည်း ချစ်စရာကောင်း ၀ိုင်း
လေးကလည်းလှပြီးသားဆိုတော့ ၀တ်စုံနဲ့လိုက်ဖက်အောင်ပဲ ပြင်ပေးထားတယ်။
 
- ၁၅ နှစ်ပြည့်အမှတ်တရစကား
မထက်တို့ ဒီလိုနေရာ ရောက်လာတယ် ဆိုတာလည်း ဒီလိုမဂ္ဂဇင်းတွေနဲ့ ပူးပေါင်းလို့သာလျှင် နေရာတစ်နေရာရလာတယ်။ ထက်တို့ကို လူပိုသိလာပြီး အခွင့်အလမ်းတွေပိုရလာပြီးတော့ ကိုယ်ပြချင်တဲ့ အကြောင်းအရာတွေကို အများကြီး 
ပြခွင့်ရတဲ့အတွက်လည်း People ကို အများကြီးကျေးဇူးတင်ပါတယ်။ နှစ်ပေါင်းများစွာ အောင်မြင်မှုတွေ အဓွန့်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်။
 
Chaw Yadanar
Makeup & Hair - Lin Lin (Artist)
Designer - Nyein Ko (Chic & Chic)
Photo - Thardu Ko Ko
Retouch - Saw Thinzar Htike
Decoration - Lady Rose
- People ကို စသိတာ
အမှတ်တရဆိုရင်တော့ သားသားမွေးပြီး သားသားနဲ့ ပထမဆုံးရိုက်ဖြစ်တဲ့ မဂ္ဂဇင်းက People ပါ။ အဲဒီ့နောက်ပိုင်း ချောလည်း အလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘူး။ 
 
- People နဲ့ အမှတ်တရ
အခု အလုပ်ပြန်လုပ်ဖြစ်တော့လည်း People နဲ့ ပထမဆုံးပြန်ရိုက်ဖြစ်ပါတယ်။ အဲဒါလည်း အမှတ်တရပါ။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
ငြိမ်းကိုရဲ့ ၀တ်စုံတွေက ၀တ်ရတာ သက်တောင့်သက်သာဖြစ်တယ်။ ပုံစံလေးတွေက ဆန်းတယ်။ ချောဝတ်နေကျပုံစံလေးတွေတော့ မဟုတ်ဘူး။ ၀တ်ရတာ ကြိုက်ပါတယ်။ 
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
(၁၅) နှစ်ပြည့်သွားတဲ့ People အတွက် အရမ်းဝမ်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။ တကယ်လည်းအောင်မြင်ပြီးသား မဂ္ဂဇင်းလည်း ဖြစ်ပါတယ်။ ဒီ့ထက်ဒီ့ထက် အောင်မြင်ပါစေ။ ပရိသတ်အကြိုက် ရသမျိုးစုံကိုလည်းပေးနိုင်ပါစေ။ 
Nyein Ko (Chic & Chic)
Photo - Thardu Ko Ko
- People ကို စသိတာ
ကျွန်တော်ဒီဇိုင်နာ စလုပ်ကတည်းက People ရဲ့ ကဏ္ဍတွေမှာ ပါဝင်ဖြစ်တယ်။ 
 
- People နဲ့ အမှတ်တရ
အမှတ်တရဆိုရင်တော့ ကျွန်တော့်ရဲ့ ခွေးလေးနဲ့ မော်ဒယ်လ်ညီမလေး ဆင်တူဝတ်တဲ့ ဖက်ရှင်ကဏ္ဍလေးက second cover ဖြစ်ဖူးတယ်။ 
 
- ၁၅ နှစ်ပြည့်စိတ်ကူး
ဝတ်စုံကတော့ လောလောဆယ် ကျွန်တော့်ရှိုးမှာပြဖြစ်ခဲ့တဲ့ ပုံစံလေးတွေထဲက တစ်မျိုးပါ။ မြန်မာဝတ်စုံကို ပုံစံဆန်းထားတာပေါ့။ 
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People မဂ္ဂဇင်းက အခု (၁၅) နှစ်ပြည့်ခဲ့ ပြီပေါ့။ (၁၅) နှစ်ပြည့်မှာသည် နောင်နှစ်ပေါင်း နှစ်ပေါင်းများစွာတိုင် ဒီ့ထက်ပိုကောင်းတဲ့ ကဏ္ဍ မျိုးစုံနဲ့ ဒီ့ထက်ပိုလန်းတဲ့ ဖက်ရှင်ကဏ္ဍတွေနဲ့ ရှေ့ဆက်ပြီး ဆထက်တစ်ပိုး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။
 
Ah Moon
Makeup & Hair - Khaing Khang (Nyi Nyi Mg - Sanchaung)
Designer - Swam Heain (Fashion Empire)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
Decoration - Flower Shop
- People ကိုစသိတာ
People နဲ့ အမွန်းက တစ်နှစ်လုံးမှာ ကဏ္ဍတွေသာပြောင်းသွားတာ ခဏခဏရိုက်ဖြစ်တယ်။ ဒီတော့ People နဲ့ အမွန်းနဲ့က မစိမ်းဘူး။ အခု ၁၅ နှစ်ပြည့်မှာ ဒီဇိုင်နာစွမ်းဟိန်းနဲ့ အမွန်းက ပထမဦးဆုံးအကြိမ်ဆုံတဲ့ နေ့လေးပေါ့နော်။
 
- ၁၅ နှစ်ပြည့် ခံစားချက်
People မဂ္ဂဇင်းရဲ့ ၁၅ နှစ်ပြည့်အမှတ်တရ ရိုက်ကူးရေးမှာ ခံစားချက်ကဘယ်လိုလဲဆိုတော့ ဝတ်ရမှာ Jean ဖက်ရှင်ဆိုတော့ အမွန်းက ရိုးရိုးလေးပဲထင်ထားတာ။ ဒါပေမဲ့ ဒီဇိုင်နာက Jean ဖက်ရှင်ကိုမှ အကုန်ပြန်ပြီးတော့ Creation လုပ် ထားတယ်။ သေချာလှအောင်စီစဉ်ထားတယ်။ အမွန်းတော်တော်သဘောကျတယ်။ လိုက်ဖက်တဲ့ နားကပ်ကအစ ဒီဇိုင်နာက စီစဉ်လာတယ်။ အကုန်လုံးကို သူ Creation လုပ်သွားတယ်။ အမွန်းအနေနဲ့ ဒီဇိုင်နာကိုရော၊ အမွန်းကို ပင်တိုင်မိတ်ကပ်လိမ်းပေးနေတဲ့ ခိုင်ခိုင့်ကိုရော၊ ပြီးတော့ ခုလို ပျော်ပျော်ပါးပါး ရိုက်ခွင့်ပေတဲ့ People မဂ္ဂဇင်းကိုရော အမွန်းကို ပါဝင်ခွင့်ပြန်ပေးလို့ ကျေးဇူးတင်ပါတယ်။ မနှစ်ကလည်း အမွန်း ၁၄ နှစ်ပြည့်မှာ ရိုက်ခဲ့တာ မနေ့ကလိုပါပဲ။ တစ်နှစ်ကလည်း မြန်လိုက်တာပေါ့။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People ကလည်း အမြဲတမ်း ပရိသတ်ကအားပေးပြီးသားပဲ။ ဖက်ရှင်ကဏ္ဍစုံစုံလင်လင် သတင်းစုံစုံလင်လင်နဲ့ ထပ်ပြီးတော့ အဓွန့်ရှည်ပါစေ။ ပိုမိုပြီးတော့ ဒီ့ထက် ဒီ့ထက် အောင်မြင်ပါစေလို့ အမွန်းက ၁၅ နှစ်ပြည့်မှာ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။
Designer - Swam Heain (Fashion Empire)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
- People ကိုစသိတာ
People နဲ့ ကျွန်တော်နဲ့က တော်တော်လေး လက်တွဲဖြစ်ပါတယ်။ ကျွန်တော် မော်ဒယ်လုပ်ကတည်းကလည်း တော်တော်လေး ရင်းနှီးတယ်ဆိုတော့ လက်တွဲဖြစ်တာ တော်တော်ကြာပါပြီ။ 
 
- People နဲ့ အမှတ်တရ
People ရဲ့ Angel & Demon ဆိုတဲ့ ကဏ္ဍကို ရိုက်တုန်းက ကျွန်တော်မလုပ်ဖူးသေးတဲ့ပုံစံမျိုးလေး နတ်ဆိုးနဲ့ အိန်ဂျယ်လ်နဲ့ကို ဆန့်ကျင်ဘက်လေးတွေ ထွင်ဖြစ်တယ်။ ကျွန်တော်က မိန်းကလေးအတွက် သိပ်မချုပ်ပေမဲ့ အဲဒီမှာ မိန်း
ကလေးရော ယောက်ျားလေးအတွက်ရော ခပ်မိုက်မိုက် Creationလေး လုပ်ပေးဖြစ်တယ်။ နောက်တစ်ခုက People ၁၄ နှစ်ပြည့်တုန်းက အလင်းရောင်အတွက် ဂျက်ကတ်အနုလေးတွေ လုပ်ပေးဖြစ်ပါတယ်။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
အခု People ၁၅ နှစ်ပြည့်မှာည အမွန်းအတွက် ချုပ်ပေးရမယ်ဆိုတော့ တော်တော်လေး စိတ်လှုပ်ရှားရတယ်။ ကျွန်တော်က မိန်းကလေး သိပ်မချုပ်ဖြစ်တော့လေ... အဲ့ခါကျတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့။ အခုလောလောဆယ် ကြိုက်နေတဲ့ Jean လေးတွေကိုပဲ Crystal Them လေးနဲ့ ပေါင်းပြီး ကိုယ်လည်းကြိုက်တာ Theme နဲ့လည်း မလွဲတာလေး ဖန်တီးဖြစ်ပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
ခုလို ၁၅ နှစ်ပြည့်အမှတ်တရမှာ ပါဝင်ရတဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ အရမ်းလည်း ပျော်ပါတယ်။ People လည်း ဒီ့ထက်မက နှစ်တွေ အများကြီး အများကြီးအောင်မြင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။
Tun Ko Ko
Designer - Sandar (Sanda by Sandar)
Photo - Thardu Ko Ko
Retouch - Saw Thinzar Htike
- People နဲ့ အမှတ်တရ
People နဲ့ အမှတ်တရတွေကတော့ အများကြီးပါ။ မော်ဒယ်လ်စလုပ်တဲ့အချိန်ကတည်းက ဓာတ်ပုံတွေရိုက်ဖြစ်နေတာ ခုချိန်အထိပါပဲ။ ဖက်ရှင်ကဏ္ဍတော်တော်များများရိုက်ဖြစ်ပါတယ်။ 
 
- ၁၅ နှစ်ပြည့်စိတ်ကူး
ကျွန်တော်က အဖြူရောင်ကို ၀မ်းဆက်မ၀တ် ဖြစ်တာများတယ်။ အခု ဒီဇိုင်နာ မစန္ဒာအောင် ချုပ်ပေးထားတာကို ၀တ်ရတာ အရမ်းအဆင်ပြေတယ်။ သူထွင်ထားတဲ့ပုံစံလေးက ကိုရီးယားဆန်တယ်လို့ခံစားရတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
(၁၅) နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်တဲ့ မီဒီယာတစ်ခုအဖြစ် ရပ်တည်နိုင်ပါစေ။ အောင်မြင်မှုတွေ ထပ်ထပ်ပြီး တိုးပွားပါစေ။ ရှိနေတဲ့အောင်မြင်မှုတွေ ရေရှည်တည်တံ့ ခိုင်မြဲပါစေလို့ ဆုတောင်းပေးပါတယ်။
Sandar Aung
Photo - Aung Zaw (Love Space)
- People နဲ့ အမှတ်တရ
People နဲ့ လက်တွဲလုပ်ခဲ့တဲ့ Shooting တစ်ခုချင်းစီကိုက အမှတ်တရတွေဖြစ်နေတာပါ။ Shooting အများကြီး လုပ်ဖြစ်ခဲ့တော့ အမှတ်တရတွေလည်း အများကြီးပဲ။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
People (၁၅) နှစ်ပြည့်အတွက် ထွန်းကိုကိုဝတ်တဲ့ ဝတ်စုံမှာ အဖြူရောင်ကို အများဆုံးသုံးပြီး ဖန်တီးပေးဖြစ်ခဲ့ပါတယ်။ Crystal Theme ဖြစ်တဲ့ အတွက် ကြည်စင်တောက်ပတဲ့အရောင်တွေဖြစ်တဲ့ White and Silver Blue စတဲ့ အရောင်တွေကို သုံးထားပါတယ်။ Crystal Stone တွေထက် ပိတ်စရဲ့ အရည်အသွေးကြည်စင်တောက်ပမှုကို ဦးစားပေးထားပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People magazine ရဲ့ ၁၅ နှစ် ဆိုတဲ့ ဆယ်ကျော်သက် အရွယ်မှသည် နောင်နှစ်ပေါင်းရာကျော်အထိ အဓွန့်ရှည် တည်တံ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
အောင်ဇော် (Love Space)
- People နဲ့ စသိတာ
People ကို စသိခဲ့တာ ဟိုးအရင်ခပ်ပါးပါး လေး စထုတ်ကတည်းက စသိခဲ့ပါတယ်။
 
- People နဲ့ အမှတ်တရ
 အလုပ် စလုပ်ဖြစ်တာကတော့ ကျွန်တော်ဓာတ်ပုံ စရိုက်ပြီး တစ်နှစ်ခွဲလောက်ကြာတဲ့အချိန်မှာ မအေးမြတ်သူ နဲ့ မြင်းနဲ့ Outdoor ထွက်ရိုက်ဖြစ်တာ နေကျနေတဲ့ အချိန်မှာမရရအောင် ရိုက်ခဲ့တာ အမှတ်တရပါ။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
၁၅ နှစ်ပြည့်အတွက် ဒီနေ့ရိုက်ဖြစ်တာက ဝတ်စုံမိတ်ကပ် Decoration က အစကြိုတင်ပြင် ဆင်ထားခဲ့တာဆိုတော့ ရိုက်ရတာ အရမ်းအဆင်ပြေတယ်။ ပျော်ဖို့လည်း ကောင်းတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရ
People မဂ္ဂဇင်း ၁၅ နှစ်ပြည့်ကနေ အခု အောင်မြင်သလိုမျိုး ပိုပိုပြီးတော့ အောင်မြင်ပါစေလို့။
 
ညီညီလှဘော် (Love Space)
- People နဲ့ စသိတာ
People ကို ကျွန်တော် ဆယ်ကျော်သက် အရွယ်ကတည်းက ထူးထူးခြားခြားဖြစ်တဲ့ မဂ္ဂဇင်း  တစ်ခုဖြစ်လို့ သတိထားမိခဲ့ပါတယ်။ 
 
- People နဲ့ အမှတ်တရ
အမှတ်တရ ဆိုရင်တော့ People နဲ့ နှစ်ပြည့်လေးတွေတိုင်းမှာ ရိုက်ဖြစ်ခဲ့တာကတော့ ကျွန်တော့်အတွက် အမှတ်တရဖြစ်ပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရ
ဆုတောင်းစကားအနေနဲ့ကတော့ People မဂ္ဂဇင်း ၁၅ နှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာ တိုင်အောင်မြင်တဲ့ မဂ္ဂဇင်းဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။