သူတို့ခေတ်နဲ့ ယနေ့ဖက်ရှင်

ဖက်ရှင်ဆိုတဲ့ ခေတ်ရေစီးကြောင်းက တစ်နေ့ထက်တစ်နေ့ ပြောင်းလဲနေတဲ့အလျောက် ခေတ်အဆက်ဆက်မှာ တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ ဖက်ရှင်တွေက ပြောင်းလဲနေပါတယ်။ ဖက်ရှင်နဲ့   ပတ်သက်ပြီး “အခုအချိန်မှာတော့ ကိုယ့်အရွယ်နဲ့ လိုက်တဲ့၊ Elegant ဖြစ်တဲ့ ဖက်ရှင်ဘက်ကိုပဲ ၀တ်ဖြစ်နေတယ်။ ကိုယ်တကယ်ကြိုက်တဲ့ ဖက်ရှင်ကတော့ လွတ်လပ်ပေါ့ပါးတဲ့ ဂျင်းဘောင်းဘီနဲ့ Free Style လေးတွေပဲ။ ဟိုးအရင်တုန်းကတော့ ဖက်ရှင်ကို ပြက္ဒဒိန်တွေကြည့်ပြီးမှ လိုက်ချုပ်ဝတ်ကြတယ်၊ အခုခေတ်မှာတော့ ဖက်ရှင်ကိုနေရာစုံက လေ့လာနိုင်တယ်၊ ဖက်ရှင်ရေစီးကြောင်းကလည်း တစ်ပတ်ပြန်လည်နေတာ” လို့ ပြောတဲ့ ထပ်ဆင့်  အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဖက်ရှင်များကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

-    ဒီနှစ်ကိုယ်ခွဲပုံလေးကလည်း ပရိသတ်တွေကြားထဲ ပေါက်သွားတယ်။ (၁၉၉၅)

-    သမီးနဲ့ အမေများထဲကဝတ်တဲ့ ဒီဝတ်စုံလေးလည်း ပေါက်ခဲ့တယ်။ (၁၉၉၂)

-    သံယောဇဉ်ချာတိတ်ကားထဲက ဆံပင်နဲ့ ဖက်ရှင် အဲဒီဆံပင်ပုံစံကလည်း ပေါက်သွားတယ်။ (၁၉၉၅)

-    ကိုကိုလင်းမောင်နဲ့ ပုံလေးကလည်းပေါက်တယ်။ သက်တော်ရှည် ပိုးအစင်းကိုချုပ်ထားတာ။ ရွှေတွင်းဝါကျောက်ကလည်း အဲဒီပုံရိုက်ပြီး နောက်ပိုင်းခေတ်စားလာတယ်။ (၁၉၉၅)

-    နှုတ်ခမ်းနီခရမ်းရောင်၊ ပိုးချိတ်ခရမ်းရောင် ဝမ်းဆက်နဲ့ ကတ်တလီယာပန်းက ပေါက်ခဲ့တဲ့ ပုံတွေထဲမှာ ပါတယ်။ (၁၉၉၂)

-    ဂါဝန်အဖြူနဲ့ မြက်ခင်းပေါ်မှာ ရိုက်တဲ့ပုံလေးမှာ ဆံပင်ပုံစံက အရမ်းပေါက်ခဲ့တယ်။ (၁၉၉၁)

-    ဒီပုံမှာဆို နှုတ်ခမ်းနီခရမ်းရောင်က ပေါက်သွားတယ်။ (၁၉၉၁)

-    ဒီပုံမှာဆို ခရမ်းနဲ့ အဝါနဲ့ ဆက်ချုပ်ထားတဲ့ ဖဲပွင့်ဒီဇိုင်းက ပေါက်သွားတယ်။ (၁၉၉၁)

-    ဒီပုံလေးက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရိုက်တာ။ ရွှေခါးပတ်နဲ့ ဝတ်တာ။ ချိတ်အနက်က ပေါက်သွားတယ်။ (၁၉၉၄)

-    ဒီကျောင်းသူဆံပင်လေးလည်း ပေါက်သွားတယ်။ ဆရာမ၊ ကျောင်းသူ၊ မိဘပုံစံမျိုးကို ရိုက်ထားတာ။ (၁၉၉၇)

-    ရွှေဝါရောင်ဆာရီစကို ချုပ်ထားတာ။ ဒီပုံလေးလည်း ပေါက်တယ်။ (၁၉၉၄)

-    ပိတ်စပေါ်မှာ ဇာကိုထပ်ချုပ်ပြီး ကုတ်အင်္ကျီ ပုံစံတွင် ချုပ်ထားတာ။ (၁၉၉၄)