ကာလာစုံဖက်ရှင်

Bags - Fashion Palace

အရောင်တောက်တောက်နဲ့ ထင်းကနဲဖြစ်စေမယ့် ဖက်ရှင်များကို နှစ်သက်တဲ့ပျိုမေတို့အတွက် အရောင်တောက်ပပြီး လူကြားထဲမှာ စွဲဆောင်မှုအပြည့်နဲ့ ကာလာစုံ ရင်ခုန်သံတွေ စည်းချက်မြန်စေမယ့် ကာလာစုံအိတ်များနဲ့ အလှဆင်လိုက်တဲ့အခါ...

ဟိုးအရင်ကတော့ အ၀တ်အစားအရောင်တွေ အပေါ်အောက်လိုက်ဖက်ဖို့ဆိုပြီး အရောင်တွေရဲ့ လိုက်ဖက်မှုကို တွဲစပ်ကြ တယ်။ အခုတော့ အရောင်တွေရဲ့ အတွဲအစပ်ကို သီးသန့် စိတ်ပူစရာ မလိုတော့ပါဘူး။ ကာလာစုံဝတ်စားတာကလည်း ဖက်ရှင် တစ်မျိုးအဖြစ် ရပ်တည်နေတယ်လေ။ အရောင်တောက်တောက်၊ စိုစိုနဲ့ လူတွေကြားထဲ ထင်းကနဲဖြစ်စေမယ့် အရောင်တွေကလည်း သူ့ထက်ငါ အပြိုင်အဆိုင် နေရာယူနေကြပါပြီ။

Available at : Fashion Palace, Room (3109), Level (2), Taw Win Centre.