အရိုးဆုံးဟာ အဆန်းဆုံးနဲ့ ဆန်းလေ ကောင်းလေပဲလို့ဆိုတဲ့ ဖြူဖြူကျော်သိန်း

ဒီခေါင်းစဉ်ကို ဖတ်လိုက်မိတဲ့အခါ နှစ်မျိုး ကြီးပါလားလို့ တွေးမိလိမ့်မယ် ထင်ပါတယ်။

ဟုတ်ပါတယ်။  ဖြူဖြူကို အိတ်ဖိနပ် အပြည့်အစုံနဲ့ ဖက်ရှင်ကဏ္ဍလေး ရိုက်ကူးပေးဖို့အတွက် People က ကမ်းလှမ်းခဲ့ပြီး ဖြူ့ဖြူ့ရဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့အယူအဆလေးကို မေးကြည့်တဲ့အခါ သာမန်မိန်းကလေးတစ်ယောက်နဲ့ အနုပညာရှင်
တစ်ယောက်ရဲ့ ဘဝနှစ်ခုအတွက် ပြန်ဖြေပေးခဲ့တဲ့ ဖြူဖြု့ရဲ့ အဖြေလေးဖြစ်ပါတယ်။ ခုလို People အတွက် ရိုက်ကူးပေးခဲ့တဲ့ ဖြူဖြူ့ရဲ့ ဖက်ရှင်စိတ်ကူးလေးတွေကတော့ -


People က ဒီကဏ္ဍလေးအတွက် ကမ်းလှမ်းလာတော့ အရင်ဆုံးဖြူဖြူ့ရဲ့ Stylist လည်းဖြစ်တဲ့ ပြင်သစ်မှာနေတဲ့ မမညိုနဲ့ တိုင်ပင်ဖြစ်ပါတယ်။ ကိုယ်လက်ရှိ နိစ္စဓူဝ ဝတ်ဖြစ်၊ ကိုင်ဖြစ်၊ စီးဖြစ်နေတဲ့ Fashion, Bags & Shoes တွေနဲ့ပဲ ရိုက်ဖို့ 
ဆုံးဖြတ်ခဲ့ပါတယ်။ Photo Shooting လုပ်နေတုန်းမှာလည်း Love Space က ညီညီ၊ အောင်ဇော်၊ Teddie တို့နဲ့ ထပ်တိုင်ပင်ပြီး မိတ်ကပ်၊ ဆံပင် Johnny June က လိုအပ်သလို ထပ်ပြောင်းပေး ပါတယ်။ Classic , Elegant, Chic ပုံစံလေးဖြစ်ဖို့ ကြိုးစားထားပါတယ်။

ဖြူဖြူ့ဖက်ရှင် အယူအဆ
ပုံမှန်အတွက်ဆိုရင်တော့ အရိုးဆုံးဟာ အဆန်းဆုံးပဲ။ 
စင်ပေါ်က ဖျော်ဖြေရေးသမားအတွက်ဆိုရင်တော့ ဆန်းလေကောင်းလေပဲ။

စိတ်ကြိုက်အတွေ့ဆုံး ဖက်ရှင်စတိုင်လ်
Classy ဖြစ်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းကို ပံ့ပိုးပေးတဲ့ ဖက်ရှင်မျိုး။

အကြိုက်ဆုံးဖက်ရှင် Accessories
သာမန် မိန်းကလေးတစ်ယောက်အနေနဲ့ ဆိုရင်တော့ ပိုက်ဆံအိတ်၊ ဖိနပ်၊ မျက်မှန်တွေကို ကြိုက်တယ်။
စင်ပေါ်ကဖျော်ဖြေရေးသမား ဖြူဖြူကျော်သိန်းအနေနဲ့ ဆိုရင်တော့ ထူးပေ့ ဆန်းပေ့ လှပေ့ဆိုတဲ့ Accessories မှန်သမျှပေါ့… အထူးသဖြင့် နားဆွဲတွေပေါ့နော်။

အများဆုံးစုဆောင်းဖြစ်တဲ့ ဖက်ရှင်ပစ္စည်း
အိတ်၊ ဖိနပ်၊ နားဆွဲ

အိတ်၊ ဖိနပ်အကြိုက်ရွေးချယ်မှု
ဈေးကြီးတာ မကြီးတာ၊ Brand ဖြစ်တာ မဖြစ်တာထက် ဖက်ရှင်ကျမကျ၊ လက်တွေ့ကျမကျကို ပိုဂရုပြုတယ်။
အနုပညာရှင်အနေနဲ့ကျ ဖက်ရှင်ကျဖို့လိုပြီး ရိုးရိုးသာမန်မိန်းကလေးအနေနဲ့ကျတော့ လက်တွေ့ကျရမှာကိုး။

Phyu Phyu Kyaw Thein
Makeup & Hair - Johnny June (Nyi Nyi Mg - Sanchaung)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw