Dancer K မီကိုရဲ့ သွက်သွက်လက်လက် Fashion Style !

အမြဲတမ်းပေါ့ပါးသွက်လက် မြူးကြွနေတဲ့ Dancer တစ်ယောက်ရဲ့ ဖက်ရှင်အယူအဆနဲ့ လွတ်လွတ်လပ်လပ် ဖက်ရှင်စတိုင်လ်အလန်းလေးတွေကို... ဖက်ရှင်ချစ်သူတို့ ခံစားကြည့်နိုင်ဖို့…

ဖက်ရှင်ဆိုတာ သူ့နေရာနဲ့သူ အနေအထားပေါ်မူတည်ပြီး ဝတ်တတ်ရင် ကိုယ့်ကိုအများအလယ်မှာ ယုံကြည်မူကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် လူတိုင်းအတွက် ဖက်ရှင်ကအရေးကြီးတယ်လို့ ခေမီကိုယူဆပါတယ်။

ခေမီကိုအကြိုက်ဆုံးကတော့ ပေါ့ပါးသွက်လက်မှုရှိစေတဲ့ စတိုင်လ်မျိုးပါပဲ။ ဥပမာ... အခု ရိုက်ထားတဲ့ ဖက်ရှင်လိုမျိုး ရှပ်အဖြူ၊ ဘောင်းဘီအနက်ကို Shoes ပါးပါးလေးနဲ့ ဝတ်ရတာကို အကြိုက်ဆုံးပါ။

Jean Fashion ကတော့ ရှိုးပွဲတွေနဲ့ လိုက်ဖက်တဲ့အဆို၊ အကဒီဇိုင်းပုံစံလေးပါ။ အကပိုင်း (Hip Hop) နဲ့ ပိုပြီးလိုက်ဖက်တဲ့ fashion ကို ရွေးချယ်ထားတာပါ။ ဖက်ရှင်ပစ္စည်းတွေမှာ ဦးထုပ်၊ မျက်မှန်၊ အိတ်၊ ဖိနပ်အားလုံးကို ကြိုက်ပါတယ်။

ခေမီကိုသွားလာတိုင်း အမြဲပါတဲ့အကြိုက်ဆုံး၊ စုဆောင်းမူအများဆုံးကတော့ ဖိနပ်ပါ။ Dancer တစ်ယောက်လည်းဖြစ်တော့ ဖိနပ်မျိုးစုံ စုဆောင်းဖြစ်ပါတယ်။ ဖိနပ်ကိုဝတ်ထားတဲ့ fashion နဲ့ လိုက်ဖက်အောင်ပြောင်းပေးခြင်းဖြင့် ဖက်ရှင်
ပြည့်စုံတယ်လို့ ခံစားရတဲ့အပြင် ကိုယ်ဝတ်ထားတဲ့ ဒီဇိုင်းကိုလည်း ပိုပြီးပေါ်လွင်သွားစေတယ်လို့ ထင်ပါတယ်။

အနက်ရောင် အိတ်၊ ဖိနပ်နဲ့ ဂါဝန်ရွေးချယ်မှုကတော့ ပွဲတက်စတိုင်လ်ပါ။ ပွဲပေါ်မူတည်ပြီး လိုက်ဖက်တဲ့ဖက်ရှင်လေးတွေ ရွေးချယ်ဖြစ်ပါတယ်။ တချို့ပွဲတွေမှာတော့ မြန်မာဆန်ဆန်လေး ဝတ်ရတာပိုနှစ်သက်ပါတယ်။ အခုဖက်ရှင်က
တော့ ညနေခင်းပွဲတက်နဲ့အဆင်ပြေစေပါတယ်။

ခုလို People ရိုက်ကွင်းအတွက် ဖက်ရှင်သုံးစုံရွေးချယ်မူကတော့ ချစ်သော ပရိသတ်ကြီးနဲ့ ခေမီကို အကြိုက်ထပ်တူကျမယ်လို့ မျှော်လင့်ပါတယ်။ People မဂ္ဂဇင်းပရိသတ်များအားလုံး ကျန်းမာ၊ ချမ်းသာ လိုအင်ဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေရှင့်...။

Model - K MiKo
Hair & Makeup - ThiThi (NyiNyi Mg, San Chaung)
Photo - Thardu Ko Ko