လတ်တလော စိတ်ကြိုက်ဖက်ရှင်များနဲ့ ၀မ်း

Model - One
အကြိုက်ဆုံး ဖက်ရှင်စတိုင်လ်နဲ့ ကာလာ
ကိုယ့်ရဲ့လက်ရှိအသက်အရွယ်နဲ့ ကိုယ်သွားမယ့်နေရာ လိုက်ဖက်တဲ့ ဖက်ရှင်မျိုးကိုပဲ ရွေးပြီးဝတ်ဖြစ်ပါတယ်။ အကြိုက်ဆုံးအရောင်ကတော့ အနက်နဲ့ အဖြူ ပါ။

Brand အားလုံးကို ကြိုက်သလို Brand မဟုတ်လည်း ကြိုက်တယ်။ ကိုယ်နဲ့ လိုက်ဖက်မယ် ထင်တာလေးတွေကို ရွေးဝယ်ဖြစ်တယ်။ အိတ်၊ ဖိနပ်ကိုတော့ Brand ဖြစ်တာလေးတွေရွေးပြီး အင်္ကျီအ၀တ်အစားကိုတော့ ဖက်ရှင်ကိုပဲ အဓိကထားရွေးပါတယ်။ Brand အစွဲမရှိဘူး။ သူ့ဟာနဲ့သူ အားလုံးကလှပြီး ဖက်ရှင်ကျပါတယ်။

အားလုံးက အနက်ကို အဓိကထားပြီးမှ ကာလာတွေ နည်းနည်းဖြည့်လိုက်တာပါ။ Leather ဘောင်ဘီးအကျပ်လေးဆိုတော့ အပေါ်က leather အင်္ကျီအကျပ်လေးထပ်ဝတ်လိုက်တယ်။ ဒီပုံစံက Boots နဲ့လိုက်တော့ ဖိနပ်ကို ဒီလို Boots လေးရွေးဝတ်လိုက်တယ်။

လတ်တလော စိတ်ကြိုက်ဖက်ရှင်
လတ်တလောကတော့ အခုဝတ်ထားတဲ့ စတိုင်လ်တွေကိုပဲ ၀တ်ဖြစ်နေပါတယ်။ ဘောင်းဘီအပွ အရှည်တွေကို ကြိုက်နေပါတယ်။ ဘောင်းဘီရှည်အပွအနက်ဆိုတော့ အိတ်၊ ဖိနပ်၊ ဆွဲကြိုး၊ နားကပ်ကို အနီလေးတွေရွေးပြီး ၀တ်လိုက်တာပါ။

နှစ်စုံက ဘောင်းဘီတွေဆိုတော့ ဒီဝတ်စုံကို ဂါဝန်ရှည်လေး ရွေးလိုက်တယ်။ ဒီဂါဝန်က အထပ်အထပ်ပုံစံလေးဝတ်ချင်လို့ ၀မ်း စိတ်ကြိုက် ဒီဇိုင်းပေးပြီး ၀မ်းတိှု့ဆိုင် The Lace မှာ ချုပ်ထားတာပါ။ ဒီတစ်စုံမှာတော့ အိတ်၊ ဖိနပ် အားလုံးလည်း အနက်ရောင်ပဲရွေးလိုက်တယ်။