Summer Glasses Summer Style

မျက်မှန် (Summer Glasses Eyewear)ဆိုတာ… ပျိုမေတို့အတွက် smart ကျပြီး style ကျစေမယ့် အဆင်တန်ဆာ တစ်ခုပါပဲ… ဒါ့အပြင်  နေရောင်ခြည်ဒဏ် Light Ray ကြောင့် ဖြစ်ပေါ်စေတတတ်တဲ့ (မျက်လုံးနာခြင်း... ယောင်ယမ်းခြင်း... အစရှိတဲ့ မျက်လုံးရောဂါများလည်း ကာကွယ်ပေးနိုင်ပါတယ်။ အားလုံးပဲနွေရာသီလေးကို မကြာမီ ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက်…ကမ်းခြေသွားဖို့လည်း ပြင်ဆင်နေကြပြီထင်ပါတယ်။ ကဲဒီတော့ နွေရာသီရဲ့ အပူဒဏ်ကို Summer 
Glasses (Eyewear) လှလှလေးတွေနဲ့ သင့်မျက်လုံးလှလှလေးတွေကို မထိခိုက်အောင် ဘယ်လို (protect) ကာကွယ်မလည်း ဘယ်လိုဆွဲဆောင်မှုရှိအောင် ရွေးချယ်တပ်ဆင်ကြမလဲ ဖတ်ကြည့်လိုက်ရအောင်နော်။
No(1) - သင့်ရဲ့ မျက်လုံးကာလာ၊ မျက်လုံး အနေအထား(Eye colour)
No(2) - အသားအရည်အရောင်(Skin colour)
No(3) - ဆံပင်ကာလာ၊ ဆံပင်စတိုင်လ်(Hair style, Hair colour)
No(4) - မျက်နှာအနေအထားပုံသဏ္ဍန် (Face Shape Type)
ဒါတွေကို သိထားသင့်ပါတယ်၊ ဒါလေးတွေက ပျိုမေတို့အတွက် ရွေးချယ်ရ ပိုမိုလွယ်ကူစေမှာပါ။ မျက်နှာအချိုးအစားကိုလိုက်ပြီး ရွေးချယ်ဖို့ သတိပြုပါနော်။
လေးထောင့်ပုံ မျက်နှာအနေအထား (Square Face Type)
ဒီလိုမျက်နှာပုံစံ ပိုင်ရှင်တွေကတော့ များသောအားဖြင့် မျက်နှာပြင်ကျယ်ပြန့်ပြီး ဘေးအနည်းငယ်ကားတဲ့ ပါးရိုးအနေအထားကို ပိုင်ဆိုင် ထားသူတွေဖြစ်ပါတယ်။ ဥပမာ.. (America Pop Singer Jessie J)လို မျက်နှာထားပိုင်ရှင်မျိုးကို ပြောတာပါ…
ဒီလို square face ပိုင်ရှင်တွေနှင့် အလိုက်ဖက်ဆုံး summer glasses အမျိုးစားကတော့- မှန်မျက်နှာပြင် မလုံးမဝိုင်း မကြီးလွန်းမသေးလွန်းတဲ့ပုံစံမျိုးနှင့်  Frame မထူလွန်းတာမျိုး ရွေးချယ်တပ်ဆင်သင့်ပါတယ်… ဒါမှ သင့်မေးရိုးကျယ်ပြန့်တာကို ပြေပြစ်လှပပြီး ပုံကျသလိုခံစားရစေမှာပါ...
မလိုက်ဖက်တဲ့ပုံစံတွေကတော့ မှန်မျက်နှာပြင်လေးထောင့်ကြပြီး ကျယ်ပြန့်တာမျိုးကို ရှောင်ရပါမယ် ဘာလိုလည်းဆိုရင် သင့်မျက်နှာပြင်ကို ပိုမိုကျယ်ပြန့်စေတဲ့ ပုံစံပေါက်စေနိုင်ပြီး အချိုးမကျစေနိုင်တဲ့အတွက် လုံးဝရှောင်သင့်ပါတယ်။
နှလုံးသားပုံ မျက်နှာအနေအထား (Heart Face Type)
ဒီလိုပုံစံ မျက်နှာပိုင်ရှင်တွေကတော့ မျက်နှာပြင်လှပြီး နဖူးလှတဲ့ပုံစံမျိုးပါ။ ပါးရိုးလည်းမကားပဲ မေးစေ့လည်းမချွန်တဲ့ ပြေပြစ်တဲ့ မျက်နှာအနေထားကို ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။ ဥပမာ...(America Country Singer Mily Cyrus) လို မျက်
နှာထားပိုင်ရှင်မျိုးကို ပြောတာပါ။
ဒီလို heart face ပိုင်ရှင်တွေနှင့် အလိုက်ဖက်ဆုံး summer glasses အမျိုးစားကတော့-မှန်မျက်နှာပြင်ကို လေးထောင့် မကျတကျပုံစံမျိုး တွေ, လေးထောင့်ပုံစံလေးတွေနှင့် မှန် size မကြီးလွန်း မသေးလွန်းတာမျိုးနှင့် Frame မထူလည်း မထူ မပါးလည်း မပါးလွန်းတာမျိုးကို ရွေးချယ် တပ်ဆင်သင့်ပါတယ်။ ဒါမှ သင့်မျက်နှာအလှကိုပိုပေါ်လွင်စေမှာပါ။
မလိုက်ဖက်တဲ့ပုံစံကတော့ မှန်မျက်နှာပြင်ဘဲဥပုံသဏ္ဍန်ဖြစ်ပြီး size သေးလွန်းတဲ့ပုံစံမျိုး မှန်ဘောင်ဆန်လွန်းတဲ့ပုံစံကို ရှောင်ရပါမယ်။ လုံးဝမလိုက်ဖက်စေပဲ သင့်မျက်နှာကို ပုံပျက်စေနိုင်လို့ ဖြစ်ပါတယ်။ မတပ်သင့်ပါဘူး။
ဘဲဥပုံ မျက်နှာအနေအထား (Oval Face Type)
ဒီလိုပုံစံ မျက်နှာပိုင်ရှင်တွေကတော့ မျက်နှာပြင် သွယ်လျပြီး အနည်းငယ်လုံးချွန်စေတဲ့ မျက်နှာအနေအထားကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ ဥပမာ.. (Bollywood Acter s Katrina Kaif) လို မျက်နှာထားပိုင်ရှင်မျိုးကို ပြောတာပါ။
ဒီလို oval face ပိုင်ရှင်တွေနှင့် အလိုက်ဖက်ဆုံး summer glasses အမျိုးစားကတော့ - မှန်မျက်နှာပြင်သေးသွယ်ပြီး လေးထောင့်ရှည်ရှည်လေးဖြစ်ပြီး ဘောင်  size မထူလွန်းတဲ့ ပုံစံမျိုးကို ရွေးချယ်တပ်ဆင်သင့်ပါတယ်။ ဒါမှ သင့်မျက်နှာကို vshape ပုံစံလေးလို ပေါ်လွင်လှပ စေမှာပါ။
မရွေးချယ်သင့်သော ပုံစံကတော့ မှန်အရွယ်အစားကြီးလွန်းပြီး လေးထောင့်ကျသော ပုံစံကို ရှောင်ရပါမည်။ ဘာလို့လည်းဆိုရင် သင့်မျက်နှာကို သေးသွယ်သွားစေပြီး မျက်နှာအနေအထားကို ကြည့်ရဆိုးစေနိုင်ပါတယ်။ လုံးဝရှောင်သင့်ပါတယ် မလိုက်ဖက်ပါဘူး။
လုံးဝိုင်းတဲ့ မျက်နှာအနေအထား (Ro-und Face Type)
ဒီလိုပုံစံ မျက်နှာပိုင်ရှင်တွေကတော့ မျက်နှာပြင် ပြည့်ပြည့်ဖောင်းဖောင်းလေးရှိပြီး မေးမချွန်တဲ့ မျက်နှာအမျိုးစားကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ ဥပမာ (Korea Actress Park Sooae) လိုမျက်နှာပိုင်ရှင်မျိုးကိုပြောတာပါ။
ဒီလို round face ပိုင်ရှင်တွေနှင့် အလိုက်ဖက်ဆုံး summer glasses အမျိုးစားကတော့ - မျက်မျက်နှာပြင်ခပ်ကြီးကြီး လေးထောင့်ဆန်ဆန် ဘောင်အပြည့်ပုံစံမျိုးကို ရွေးချယ်တပ်ဆင်သင့်ပါတယ်။ သင့်မျက်နှာကို သေးသွယ်ပြီးပြည့်စုံသလို ခံစားရစေမှာပါ။
မရွေးချယ်သင့်သော ပုံစံကတော့ မှန်အနေအထား လုံးဝိုင်းသေးသွယ်လွန်းပြီး ဘောင်သေးသေးလေးဖြစ်နေတဲ့ ပုံစံမျိုးကိုရှောင်ရပါမယ်… သင့်မျက်နှာကို လုံးဝမလိုက်ဖက်စေလို့ပါ... မျက်နှာပိုမိုဖောင်းကားစေနိုင်လို့ မရွေးချယ်သင့်ပါဘူး။
 
စိန်ပုံသဏ္ဍန် မျက်နှာအနေအထား (Diamond Face Type), ပိုင်ရှင်တွေကတော့ မျက်နှာပြင် ရှည်သွယ်ပြီး ခပ်ခပ်မိုက်မိုက် ပြေပြစ်စေတဲ့ မျက်နှာထားကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ ဥပမာ(America Pop Singer Rihanna Navy)တို့လို မျက်နှာပိုင်ရှင်တွေကိုပြောတာပါ။
ဒီလို diamond face ပိုင်ရှင်တွေနှင့် အလိုက်ဖက်ဆုံး summer glasses အမျိုးစားကတော့ - မှန်ကိုဘဲဥပုံ လုံးဝိုင်းရှည်သွယ်ပြီး အနည်းငယ်သေးတဲ့ဘောင်ပုံစံ ခပ်ဆန်းဆန်းပုံကို ရွေးချယ်တပ်ဆင်သင့်ပါတယ် သင့်မျက်နှာကို အချိုးကျပြီး လှပစေမှာပါ။
မရွေးချယ်သင့်သောပုံစံကတော့ - စတုရန်း ပုံသဏ္ဍန် မှန်မျက်နှာပြင်မသေးလွန်းမကြီးလွန်းတဲ့ ပုံစံမျိုးကို ရွေးချယ်တပ်ဆင်တာရှောင်ရပါမယ်…သင့်မျက်နှာက ရှည်သွယ်လွန်းတာကို သိသာစေလို့ပါ။
အရေးကြီးဆုံးအချက်က Eyewear (Summer Glasses) တွေကို စတင်ဝတ်ဆင်ဖို့ ရွေးချယ်တော့မယ်ဆို မျက်မှန်ဖြစ်ပြီးရော မရွေးချယ်သင့်ပါဘူး… အဓိကအချက်ဖြစ်တဲ့ UV ကို Protect လုပ်နိုင်မှုကို လေ့လာရပါမယ်။
အခုဆိုရင် နေရောင်ခြည် (Light Ray)က တစ်နှစ်ထက်တစ်နှစ် ပိုပြင်းထန်လာပါတယ်... ဒါ့ကြောင့်နေရောင်ခြည်ကို ကာကွယ်နိုင်ဖို့ မျက်မှန်တွေမှာပါဝင်တဲ့ UV ပမာဏကို လေ့လာပြီး ဝယ်ယူသင့်ပါတယ်။
UV (100), (400) စသဖြင့် အမြင့်ဆုံး ပါဝင်လေပိုကောင်းလေပါ…
ဒီတော့… နွေရာသီလေးမှာ အပူဒဏ်ကို အံတုနိုင်ပြီး စတိုင်ကျလှပစေဖို့ ဘယ်လို မျက်မှန်အမျိုးစားတွေကို အလိုက်ဖက်ဆုံး ရွေးချယ်သင့်တယ်ဆိုတာ သိလောက်ပြီပေါ့နော်…
အားလုံးပဲ Smart ကျပြီး လှပဆွဲဆောင်မှု အပြည့်ရှိတဲ့ မျက်နှာထားပိုင်ရှင်တွေဖြစ်ပြီး  Summer Glasses (Eyewear) လှလှလေးတွေ ရွေးချယ်တပ်ဆင်ပြီး ပြည့်စုံတဲ့ယုံကြည်မှုတွေနှင့်အတူ နွေရာသီမှာ အလှဆုံးလှနိုင်ကြပါစေရှင့်… နေရောင်ခြည်အောက်မှာ အထိခိုက်ကင်းဝေးတဲ့ မျက်လုံး လေးတွေလည်း ပိုင်ဆိုင်ကြပါစေနော်...