Miss People ရဲ့ နွေ Accessories

Venue - Calorie Café  & Bakery (Thanlyin)

Celebrity စိတ်ကြိုက် Accessories ကဏ္ဍမှာ Miss People 2013 ဆုရှင် မော်ဒယ်လ် ယွန်းမှီမှီကျော်ကို နွေရာသီအတွက် သူမ စိတ်ကြိုက် Accessories တွေနဲ့ ရိုက်ကူးခဲ့တဲ့အခါ...နွေပူပူကို ပိုမိုအေးမြလှပသွားစေတဲ့ အလှဆုံးမိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်...။

နွေရာသီအတွက်တော့ မျက်လုံးတွေကို နေပူလေပူဒဏ်တွေကနေ အကာအကွယ်ပေးမယ့် နေကာမျက်မှန်ကောင်းကောင်းလေး တစ်လက်က မရှိမဖြစ်...။

နေပူကာမယ့်အပြင် လှပတဲ့နွေဖက်ရှင်ကို ဖန်တီးပေးတဲ့ ကာလာစုံဦးထုပ်ကြီးတွေ...ချစ်စရာကောင်းပြီး နုငယ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့အလှကို ပိုမိုပေါ်လွင်စေတဲ့ ပန်းပွင့်ဦးထုပ်လေးတွေ...

ချစ်စရာကောင်းပြီး နုငယ်တဲ့ မိန်ကလေးတစ်ယောက်ရဲ့ အလှကိုပိုမိုပေါ်လွင်စေတဲ့ ပန်းပွင့်ဦးထုပ်လေးတွေ...

ရောင်စုံယှက်ဖြာ ဖန်စီအဆင်တန်ဆာလေးတွေ အားလုံးပေါင်းစပ်ဆင်မြန်းလိုက်တဲ့အခါ...

ကာလာစုံ နွေပန်းချီတစ်ချပ် အသက်ဝင်ခဲ့တယ်...။

ချိုမြိန်တဲ့ အမှတ်တရနွေရက်များမှာ လှပသော အကာအကွယ်လေးလဲ ဖြစ်စေတယ်။