ဖက်ရှင်… ခရီးသွား…

    ဒီလရဲ့ ဖက်ရှင်တွေကို ဗီယက်နမ်နိုင်ငံရဲ့အထင်ကရနေရာများမှာ ဟန်ချက်ညီညီ ပေါင်းစုံ ထားပါတယ်။

မော်ဒယ်လ် - ပိုးအိဖြူစင်
ဓာတ်ပုံ - လမင်းနိုင်
ဒီဇိုင်နာ - ဥမ္မာကျော် (O.M.K Fashion)

သဘာဝအတိုင်းထိန်းသိမ်းထားတဲ့ အလှတရား
    UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Ha Long Bay (ဟာလောင်း ပင်လယ်အော်)…
     အရွယ်အစားမျိုးစုံ၊ ပုံစံမျိုးစုံ ထုံးကျောက် ကျွန်းငယ်များထောင်ပေါင်းများစွာ…
    စိမ်းညို့နေပေမဲ့ သန့်စင်နေတဲ့ရေထဲ တရွေ့ ရွေ့သွားနေတဲ့ Cruise ပေါ်မှာ…
    နေရောင်ကို ကိုယ်စားပြုတဲ့ လိမ္မော်ရောင် ဖက်ရှင်…

လိုတရတဲ့ ပင်လယ်ကမ်းခြေမြို့
    တောင်တရုတ်ပင်လယ်ကို မျက်နှာပြုထား တဲ့  ပင်လယ်ကမ်းခြေမြို့ Da Nang…
    မိုင် (၂၀) ရှည်လျားတဲ့ ဖြူလွတဲ့သဲသောင်၊ လတ်ဆတ်တဲ့လေထုနဲ့ ပင်လယ်လှိုင်းလုံးများ…
    အတွင်းဘက်မှာတော့ Casino ကအစ ဈေး
    သင့်တင့်တဲ့ မိုတယ်များအဆုံး မြို့အင်္ဂါရပ်နဲ့ ပြည့် စုံတဲ့ ကမ်းခြေမြို့မှ….
    ပင်လယ်နဲ့ ကောင်းကင်ကို ကိုယ်စားပြုတဲ့ အပြာရောင်ဖက်ရှင်…

တိုးတက်တဲ့မြို့ပြ
    ဗီယက်နမ်ရဲ့ အကြီးဆုံးမြို့တော် ဟိုချီမင်း…
    ကမ္ဘာပေါ်က နာမည်ကျော်အမှတ်တံဆိပ် တွေဖြစ်တဲ့ Dior ၊ Gucci ကအစ KFC ၊ Starbucksအဆုံး ရနိုင်တဲ့မြို့…
    ကမ္ဘာလှည့်ခရီးသည်များနဲ့ ပျားပန်းခတ်နေ တဲ့ နာမည်ကျော် ညဈေးတန်းက…..
    သတ္တိနဲ့ ခွန်အားကို ကိုယ်စားပြုတဲ့ အနီရောင်ဖက်ရှင်…

လက်ရာမပျက်ရှိနေစေတဲ့ သမိုင်းဝင်နေရာများ
    တောင်မြောက်ဗီယက်နမ်ရဲ့ သမိုင်းကို ဖော်ပြနေတဲ့ ပြန်လည်ပေါင်းစည်းရေးနန်းတော်…
    စစ်ရဲ့ ဆိုးကျိုးကို သက်သေများနဲ့တကွ ထိန်းသိမ်းထားတဲ့ ပြတိုက်...
    နှစ် (၁၀၀) ကျော်သက်တမ်းရှိနေတဲ့ ပြင်သစ်ဗိသုကာလက်ရာ ဗဟိုစာတိုက်ကြီးနဲ့ Notre-DameCathedral မှ မြေကမ္ဘာကို  ကိုယ်စားပြုတဲ့ ကာကီ ရောင် ဖက်ရှင်...