ကလေးဖက်ရှင်(၄)မျိုး

Location- Mounment Books & Toys

မိတ်ကပ်၊ ဆံပင်- ဥသြမေ(စိန်အေးသောင်း)

ကလေး  Talent ပြိုင်ပွဲတွင် ဆုရခဲ့တဲ့ သမီးလေး(၃)ယောက် ဖြစ်ပါတယ်။ အနုပညာဗီဇက အခုလို ကလေးဘ၀ကတည်းက ပီပြင်ထင်ရှားလာတဲ့ အနာဂတ်အတွက် အနုပညာကြယ်ပွင့် သမီးလေးတွေပါ။ ဆရီနာ၊ ပန်းသွေးကိုကို၊ သွန်းမိုးမေ (၃)ယောက်စလုံးက သီချင်းဆိုခြင်း၊ သရုပ်ဆောင်ခြင်း စတဲ့ အနုပညာအရည်အသွေးတွေ နဲ့ ပြည့်စုံပါတယ်။ ဒီသမီးလေး(၃)ယောက်ကို ကလေးအသုံး အဆောင် ပစ္စည်းလေးတွေနဲ့အတူ သူတို့စိတ်ကြိုက် ၀တ်စုံလေးတွေနဲ့ Kid Fashion ကဏ္ဍကို ဖန်တီးခဲ့တယ်။

 နွေရာသီ ကလေးတွေအတွက် အဆင်ပြေမဲ့ ဖက်ရှင်ဒီဇိုင်းပါ။

 တစ်ယောက်တစ်မျိုးစီ ဒီဇိုင်းပုံစံတွေနဲ့

ဒါကတော့ Smart စတိုင်ပေါ့။

ပုံစံ(၄)မျိုးကို ရသမတူတဲ့ ဒီဇိုင်းတွေဖြစ် အောင် ဖန်တီးခဲ့ပါတယ်။ ဖက်ရှင်ပုံစံ(၄)မျိုးကို ပရိသတ်များ ခံစားနိုင်စေဖို့ ရည်ရွယ် ပါတယ်။ ကလေးဖက်ရှင် ပုံစံတွေလည်း ယနေ့ခေတ်မှာ ခေတ်စားလာပြီဆိုတော့ ကလေးချစ်ပရိသတ်များ ကျေနပ်စေမဲ့ ကဏ္ဍဖြစ်ပါ တယ်။