Primary tabs

မျက်နှာဖုံးရဲ့နောက်ကွယ်ကလူ - Jim Carrey

သူရဲ့အလုပ်တွေက သရုပ်ဆောင်၊ လူရွှင်တော်၊ ထုတ်လုပ်သူ… သူက Ace Ventura: Pet Detective နဲ့ စတင်အောင်မြင်ပြီး Bruce Almighty ရဲ့ စတား၊ နောက်ပြီး သူက the Grinch that Stole Christmas မှာလည်းပါဝင်ခဲ့တဲ့သူ။


ဟုတ်ကဲ့။ အားလုံး ခန့်မှန်းမိတဲ့အတိုင်း သူ ကတော့ Jim Carrey ပါဘဲ။ 

Jim Carrey ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက်က ရင်းဟောလိ့ဝုဒ်မှာ လင်းလက်ခဲ့တဲ့ ငွေကြယ်တစ်ပွင့်ပါ။ သူကရွှေကမ္ဘာလုံးဆုရဲ့ ဆန်ကာတင်စာရင်းမှာ ၆ ကြိမ်တောင် ထည့်သွင်းခံခဲ့ရတဲ့သူလည်း ဖြစ်တယ်။ အဲ့ဒီထဲကမှ ရွှေကမ္ဘာလုံးဆုကို ၂ ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့တဲ့သူပါ။ ယနေ့အချိန်ထိတွက်ကြည့်မယ်ဆိုရင် အနုပညာနဲ့ ပတ်သက်တဲ့ ထူးချွန်ဆုတွေ အများကြီးပိုင်ဆိုင်ထားသလို ဆန်ခါတင်စာရင်းတွေမှာလည်း အကြိမ်ကြိမ် ထည့်သွင်းခံခဲ့ရပါတယ်။ 

Carrey ဟာ ရုပ်ရှင်ကားပေါင်း ၄၂ ကား၊ ရုပ်သံဇာတ်ကား ၄ ခု ၊ ရုပ်သံဇာတ်လမ်းတွဲ ၉ ခုနဲ့ မှတ်တမ်းရုပ်ရှင် ၁ ခုတို့မှာ အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရုပ်ရှင်ကားတွေကလည်း လူကြိုက်များကျော်ကြားခဲ့ပါတယ်။ အောင်မြင်လာတဲ့ အချိန်ကစလို့ ရုပ်ရှင်တစ်ကားအတွက် သူ့ရဲ့ ဝင်ငွေကဒေါ်လာသန်း ၂၀ အထက်မှာရှိတယ်လို့လည်းသိရပါတယ်။ လက်ရှိမှာတော့ ဒေါ်လာသန်း ၁၅၀ ဝန်းကျင်ဆိုတဲ့ ပမာဏကို ပိုင်ဆိုင်ချမ်းသာနေတဲ့ သူတစ်ယောက်ပေါ့။ 

Tinseltown လို့လည်း ခေါ်ကြတဲ့ ဟောလိဝုဒ်မှာ Jim Carrey ဆိုတဲ့ နာမည်ကြီး မင်းသား တစ်လက်အဖြစ် အောင်မြင်လာဖို့အတွက် ကြိုးစားခဲ့လျှောက်လှမ်းခဲ့ရတဲ့ လမ်းကတော့ ထင်ထားသလောက် မဖြောင့်ဖြူးရှာခဲ့ပါဘူး။ 

အောင်မြင်မှုဆီသို့ လျှောက်ရာလမ်း
James Eugene Carrey ကို ၁၉၆၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ကတော့ ကနေဒါနိုင်ငံ အရှေ့အလယ်ပိုင်းက Ont-ario နယ်သား တေးဂီတပညာရှင်တစ်ယောက်ဖြစ်ပြီး မိခင်ကတော့ ကနေးဒီးယန်းနယ်သူ အိမ် ရှင်မပါ။ Carrey ဟာ မောင်နှမလေးယောက်ထဲမှာအငယ်ဆုံးဖြစ်ပါတယ်။

ကျောင်းတက်နေတဲ့ အစောပိုင်းကာလတွေမှာ သူဟာသူငယ်ချင်းအပေါင်းအဖော်မရှိဘဲ တစ်ယောက်တည်း ငြိမ်ငြိမ်သက်သက်နေခဲ့ရတယ်။ နောက်ပိုင်းမှာတော့ လူတွေကိုရယ်အောင်လုပ်ပြီးအပေါင်းအသင်း လုပ်လို့ရတယ်ဆိုတာကို Carrey တစ်ယောက် သိလာခဲ့တယ်။ ဒါကသူ့အတွက်တော့ အလှည့်အပြောင်းလို့ ဆိုရမှာပါဘဲ။ အားလုံး အ ကောင်းကို ပြောင်းလဲသွားတာရယ်တော့ မဟုတ်ပါဘူး။ သူ့ဆရာတစ်ယောက်က သူ့ရဲ့ ပညာရေးမှတ် တမ်းမှာ Jim က ‘သူလုပ်စရာရှိတာတွေကို အရင်လုပ်ပါတယ်။ ပြီးမှ တစ်တန်းလုံးကို နှောင့်ယှက်တော့တာပါဘဲ’ဆိုပြီး မှတ်ချက်ရေးခဲ့ဖူးပါတယ်။ အိမ်မှာဆိုရင်တော့ သူဟာ တစ်လျှောက်လုံးလိုလို မှန်ရှေ့မှာ ရုပ်ပြောင်တွေ တစ်မျိုးပြီးတစ်မျိုးလုပ်ေ နရတာကိုပျော်တဲ့သူပါ။

သူက သူ့မိသားစုကို အနိမ့်စားလူလတ်တန်းစားတွေလို ဖော်ပြပြောဆိုလေ့ရှိတယ်။ ဖခင်ဖြစ်သူက အလုပ်လက်မဲ့ဖြစ်သွားတဲ့ အခါမှာတော့  ဆင်း ရဲသားတွေဘဝကို လျောကျသက်ဆင်းခဲ့ရပါသတဲ့။  သူ့မိသားစုဟာ ခရိုင်တစ်ခုက တန်ဖိုးနည်းနည်းနဲ့ ငှားနိုင်တဲ့ အိမ်ခန်းကျဉ်းကျဉ်းလေးတွေမှာ နေထိုင်ခဲ့ရတယ်။ ၁၀ တန်းကျောင်းသားဘဝမှာ စက်ရုံမှာ ၈ နာရီကြာ ညဆိုင်းဆင်းပြီး နေ့ခင်းဘက်မှာတော့ ကျောင်းတက်ရင်းနဲ့ ကပ်သီးကပ်သတ် ဖြတ်သန်းခဲ့တယ်။ ဆရာဘာပြောလဲဆိုတာကို နားမလည်မှာ သူသိပ်စိုးရိမ်ခဲ့ရတယ်။ သူ့ရဲ့ ဆင်းရဲမွဲတေတဲ့ဘဝကို ရှက်မိတာကြောင့် သူငယ်ချင်းတွေ သိမှာစိုးရိမ်ခဲ့ပြီး ကျောင်းမှာ သူငယ်ချင်းမထားတော့တဲ့အထိ ဖြစ်ခဲ့တယ်။ နည်းနည်းပါးပါးသာ လေ့လာသင်ယူနိုင်ပြီး အဆက်အစပ်တွေလည်း မရှိတာကြောင့် ကျောင်းဆိုတာသူ့အတွက်တော့ အဓိပ္ပာယ်မရှိတဲ့ နေရာတစ်ခုဖြစ်လာခဲ့တယ်။ 

အသက် ၁၅ နှစ်အရွယ်မှာ မိသားစုကိုကူညီထောက်ပံ့ပေးနိုင်ဖို့ ကျောင်းထွက်ခဲ့ပြီး တံခါးစောင့် လုပ်ခဲ့တယ်။ ဒါပေမဲ့ မိခင်ဖြစ်သူက ပြင်းထန်လှတဲ့ နာတာရှည်ရောဂါကို ခံစားနေခဲ့ရတာဆိုတော့ သူ့ရဲ့ တံခါးစောင့်အလုပ်ကရတဲ့ ဝင်ငွေက အကူအညီဖြစ်တယ်လို့ မဆိုနိုင်ခဲ့ဘူး။ အဲ့ဒီနောက်ပိုင်း Carrey ဟာ ကျောင်းပြန်တက်ဖို့ သုံးလေးကြိမ် ကြိုးစားခဲ့ပေမယ့် အထက်တန်းကျောင်းကို ပြီးဆုံးအောင် မတက်ဖြစ်ခဲ့တော့ပါဘူး။ နောက်ပိုင်းမှာတော့ သူနဲ့ သူ့မိသားစုဟာ အလုပ်လုပ်ဖို့ အဆင်သင့်ရှိနေတဲ့ နေရာလည်းမဟုတ်ဘဲနဲ့ ကနေဒါကို ပြောင်းရွှေ့ခဲ့ကြတယ်။ အဲ့ဒီမှာCarrey နဲ့ သူ့မိသားစုဟာ အချိန်အတိုင်းအတာတစ်ခုအထိ Van ကားလေးထဲမှာ ရှင်သန်နေထိုင်ခဲ့ကြရဖူးတယ်။ 

သူကဖခင်ဖြစ်သူရဲ့ အကူအညီကို ယူပြီးစတိတ်စင်တွေပေါ်မှာ သရုပ်ဆောင်ဖို့ ကြိုးစားရင်းဟာ သူ့ရှိုးပွဲတွေမှာ သရုပ်ဆောင်နိုင်ဖို့ လုပ်ပါတယ်။ Carrey ရဲ့ သဏ္ဍာန်လုပ် သရုပ်တူစေဖို့ ကြိုးစားမှုတွေဟာသူတို့ ခန့်မှန်းထားတာထက်ကိုပိုပြီးတော့ ဆိုးရွားတာကြောင့် ကံမကောင်းစွာနဲ့ ကျဆုံးခဲ့ရတယ်။ ဒါက သူ့ကို ဖျော်ဖြေတင်ဆက်သူတစ်ယောက်အဖြစ် လုပ်ဆောင်နိုင်ပါ့မလားဆိုပြီး သူ့အရည်အချင်းအပေါ် သံသယကျန်ရစ်စေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ Carreys တို့ အတွက် ပိုပြီးတော့ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ 

သူတို့ရဲ့ ငွေရေးကြေးရေးအခြေအနေက တိုးတက်ခဲ့တယ်။ တည်တည်ငြိမ်ငြိမ်နဲ့ တစ်စိုက်မတ်မတ် ကြိုးစားမှုက Jim ကို အရင်ကထက်ပိုတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေနဲ့ စင်ပေါ်ကို ပြန်ရောက်စေခဲ့တယ်။ သူဟာပုံမှန်ဝင်ငွေရတဲ့ ဖျော်ဖြေတင်ဆက်မှုပွဲတွေမှာ သရုပ်ဆောင်နေရင်းကနေ သူ့ရဲ့ အောင်မြင်ကျော်ကြားမှုကို စတင်တည်ဆောက်ခဲ့တယ်။ တဖြည်းဖြည်းလူသိများလာခြင်း က Carrey ကို ရုပ်ရှင်နဲ့ ရုပ်သံတွေမှာ စမ်းသပ်သရုပ်ဆောင်ပြနိုင်ဖို့ အင်အားတွေ ရရှိလာစေတယ်။ ၁၉၈၀ ပြည့်နှစ် အစောပိုင်းကာလတွေကတော့ ငွေရေးကြေးရေးချွေတာသုံးစွဲပြီး ရိုက်ကြတဲ့ ရုပ်ရှင်ကားလေးတွေမှာ သူ့ကိုတွေ့မြင်နိုင်ပါ တယ်။ သူက The Duck Factory ဆိုတဲ့ NBC ဟာ သူရှိုးပွဲတွေမှာ နေရာတစ်နေရာရဖို့ ကြိုးစားခဲ့တယ်။ ကံဆိုးချင်တော့ ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ The Duck Factory ဟာ အတွဲ ၁ မှာတင်ဘဲ ဖျက်သိမ်းခဲ့ပါတယ်။ 

၈၀ ပြည့်နှစ်ရဲ့ အလယ်ပိုင်းနဲ့ နောက်ပိုင်းတစ်လျှောက်လုံးမှာတော့ Carrey ဟာ ရုပ်ရှင်တွေမှာ အရံဇာတ်ရုပ်အဖြစ်နဲ့သာ ပါဝင်ခဲ့ရတယ်။ သူဟာစင်ပေါ်ကို ပြန်လည်ရောက်ရှိခဲ့ပေမဲ့ ပရိ သတ်တွေကို စိတ်ပျက်စေတဲ့ လူတွေကိုပုံစံတူလုပ်
ကာ ဟာသတွေပြောရတဲ့သူအဖြစ်ကနေ ရပ်နားလိုက်ဖို့ ရွေးချယ်ခဲ့တယ်။ ခင်မင်ရတဲ့ ဟာသလူရွှင်တော် Damon Wayans ကြောင့် In Living  Color ဆိုတာ ရှိုးထဲမှာပါဝင်ရိုက်ကူးဖို့ လမ်းကြောင်းရခဲ့တယ်။ အတွဲ ၃ တွဲလောက် ရိုက်ကူးပြီးတဲ့ နောက်မှာတော့ Carrey ဟာ ပိုပြီးကြီးမားတဲ့ အရာတွေကို လုပ်ဆောင်ဖို့ ခွဲထွက်လာခဲ့ပါတော့တယ်။ 

ကြယ်တစ်ပွင့် ဖန်ဆင်းခြင်း
In Living Color မှာ ရိုက်ကူးအပြီး ၄ နှစ်လောက်ကျော်၊ ရှိုးပွဲအမှန်တကယ်ရပ်တန့်သွားပြီး သုံးလေးလလောက် ကြာတဲ့အခါမှာတော့ Carrey တစ်ကမ္ဘာလုံးက သတိပြုရစေပြီး ဟောလိဝုဒ် အကျော်အမော်အဖြစ် ရောက်ရှိသွားစေတဲ့ နေရာတစ်ခုမှာ သရုပ်ဆောင်ခွင့်ရခဲ့တယ်။ Ace Ventura: Pet Detective ဟာ ဝေဖန်မှုတွေ အများကြီးရှိခဲ့ပေမဲ့ ကမ္ဘာကျော်ခဲ့တဲ့ ကားတစ်ကားပါဘဲ။ အစောပိုင်းက ဟာသလူရွှင်တော်၊ နောက်ပိုင်းနာမည်သိပ်မကြီးတဲ့ ရုပ်သံဇာတလမ်းတွေမှာ ပါဝင်ခဲ့ရသူ  Jim Carrey ဟာ အမြတ်အစွန်းများစွာရရှိတဲ့ ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်ရသူတစ်ဦး ဖြစ်လာခဲ့ပါပြီ။ 

သူဟာ အဲ့ဒီနှစ်မှာဘဲ The Mask ၊ Dumb and Dumber တို့မှာလည်း အဓိကဇာတ်ရုပ်ကနေ ဆက်လက် ပါဝင်သရုပ်ဆောင်တယ်။ နှစ်ကားလုံးက သူ့ရဲ့ အမာခံပရိသတ် အရေအတွက် တိုးပွားလာစေဖို့ စွမ်းဆောင်နိုင်ခဲ့တယ်။ သူ့ရဲ့ အိုဗာတင်းဖြစ်လွန်းစွာ အလွန်အကျူး တင်ဆက်မှုတွေက ပရိသတ်တွေအဖို့ ရယ်ရွှင်ဖွယ်ရာဖြစ်စေခဲ့ပြီး စီးပွားရေးအရလည်း သိပ်ကိုအောင်မြင်စေခဲ့တာပေါ့။ 

သူက Joel Schumancher ရဲ့ Batman Forever မှာ Riddler ဖြစ်ခဲ့ပြီး Ace Ventura: When Nature Calls မှာလည်း ပြန်လည်ပါဝင်ခဲ့တယ်။ The Cable Guy ကတော့ သူ့ရဲ့ ပထမ ဆုံးဒေါ်လာသန်း ၂၀ ဝင်ငွေကိုရရှိစေခဲ့တဲ့ ရုပ်ရှင်ပါ။ Liar Liar မှာ ခပ်ကြမ်းကြမ်းနဲ့ ခပ်သောသော သရုပ်ဆောင်ခဲ့ရာကတစ်ဆင့် ရွှေကမ္ဘာလုံး ဆုပေးပွဲရဲ့ ဆန်ခါတင်စာရင်းမှာ ထည့်သွင်းခံလာရတယ်။ 

Carrey ကတော့ သူ့ရဲ့ အောင်မြင်မှုတွေအပေါ်မှာ ဘဲယစ်မူးမနေခဲ့ဘူး။ ၁၉၉၈ မှာ The Truman Show မှာ ပါဝင်ခဲ့တယ်။ ဒီရုပ်ရှင်က သိပ်ပြီး ဝေဖန်ခံရသလို စီးပွားရေးအရလည်း အရမ်းအောင်မြင်ခဲ့တဲ့အပြင် Carrey ကို ရွှေကမ္ဘာလုံးဆုရှင် မင်းသားအဖြစ်ကို ရောက်စေခဲ့တဲ့ ရုပ်ရှင်ပေါ့။ ၁၉၉၉ ခုနှစ်မှာတော့ သူ့ကို Man on the Moon  ဆိုတဲ့ ဇာတ်ကားမှာ Andy Kaufman ဆိုတဲ့ လူရွှင်တော်အဖြစ် တွေ့မြင်ကြရပြန်တယ်။ ဒီဇာတ်ကားမှာလည်း မီးကုန်ယမ်းကုန် သရုပ်ဆောင်ထားပြီး Carrey ကို ဒုတိယအကြိမ်မြောက် ရွှေကမ္ဘာလုံးဆု သိမ်းပိုက်နိုင်စေခဲ့ပြန်ပါတယ်။ အဲ့ဒီအချိန်ကစလို့ သူ့ရဲ့ အောင်မြင်မှုတွေက တောက်လျှောက်ဘဲပေါ့။ Carrey ဟာ သူ့ရဲ့ ရယ်စရာ ဖျော်ဖြေတင်ဆက်မှုဆီကို ပြန်ရောက်ချင် ရောက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒစ်စနေးရဲ့ A Christmas Carol မှာလို အခန်းကဏ္ဍတွေမှာ လည်း ဟိုစပ်စပ် သည်စပ်စပ် အနေနဲ့ ပါဝင်ခဲ့ပါ သေးတယ်။ 

အာရုံစူးစိုက်ဖို့ ခက်ခဲတဲ့ ဝေဒနာနဲ့ စိတ်ကျရောဂါ ခံစားနေရတဲ့သူတစ်ဦးအတွက်ကတော့ အများကြီး ကြိုးစားခဲ့သလို အများကြီးအောင်မြင်ခဲ့တဲ့သူတစ်ယောက်လို့ ဆိုနိုင်လိမ့်မယ်ထင်ပါတယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ Carrey ဟာ စိတ်ကျ ရောဂါကို ဆေးမျိုးစုံသောက်သုံးရင်း တိုက်ခိုက်တွန်းလှန်နေခဲ့ရပါတယ်။ ဒါပေမဲ့ ခက်ခဲတယ်ဆိုတဲ့ အချိန်တွေဟာ လက်မြောက်အရှုံးပေးဖို့အတွက် မဟုတ်ပါဘူး။ ဇွဲရှိရှိနဲ့ အလုပ်ကိုကြိုးစားရပါမယ်။ ပိုပြီးတော့ ကောင်းမွန်တာတွေ ရရှိဖို့ဆိုရင် စွန့်စားသင့်တာတွေကိုလည်း စွန့်စားရပါလိမ့်မယ်ဆိုတာ ကို ကမ္ဘာကျော် ဟာသသရုပ်ဆောင်ကြီးရဲ့ ဘဝက နေတစ်ဆင့် သိရှိနိုင်ပါတယ်။ 

Ref :    Jim Carrey, The Man Behind the Mask
Ref :    Jim Carrey Success Story - From Struggling Dyslexic to Comedy Movie Mogul