Primary tabs

နုပျိုလိုခြင်းရဲ့ နောက်ကွယ်က မှားခဲ့သည်များ

ဟောလိဝုဒ်က ထိပ်တန်းငွေကြယ်ပွင့်တွေဟာ ငယ်ရွယ်လှပတဲ့ အသွင်အပြင်ကိုထိန်းသိမ်းထားနိုင်ဖို့ဆိုရင် ပလပ်စတစ် ဆာဂျရီပြုလုပ်တဲ့ စားပွဲပေါ်မှာငွေရောအချိန်ပါ များစွာအကုန်ခံနိုင်ကြသူတွေပါ။ အများစုက သိပ်ဆိုးဆိုးရွားရွားတွေ ဝေဖန်ပြောဆိုခံရတဲ့အထိ ဖြစ်မလာခဲ့ကြ ပေမယ့် ရင်သားတွေ ကြီးထွားလာအောင်လုပ် တာ ဒါမှမဟုတ် ဝမ်းဗိုက်ပိုင်းကိုပိုမိုချပ်ရပ်လာစေဖို့ အဆီတွေ စုပ်ထုတ်တာစတဲ့ ကိစ္စတွေမှာ ပိုမိုလှပမလာဘဲရှိရင်းစွဲထက် ပိုဆိုးသွားတဲ့ အခြေအနေတွေကိုရောက်သွားခဲ့တာတွေ ရှိခဲ့ပါတယ်။ တချို့ကတော့ ခွဲစိတ်ပြုပြင်တာတွေ မလုပ်တော့ဘဲ Botox ထိုးတာ၊ Filler သွင်းတာလောက်သာ လုပ်ကြတော့ပေမယ့် တချို့ကတော့ သဘာဝအတိုင်း အိုမင်းလာမှုကို ကျက်သရေရှိရှိသာ လက်ခံလာကြပါတော့တယ်။ အားလုံးသိထားကြ တဲ့အတိုင်း သဘာဝအတိုင်း ကျန်းမာပျော်ရွှင်လှပဖို့  ကြိုးစားတာကအကောင်းဆုံးဘဲ မဟုတ်ပါလား။ ဒီတစ်လမှာတော့ ပလပ်စတစ် ဆာဂျရီလုပ်ကြလို့ မှားယွင်းခဲ့ရတဲ့ နာမည်ကျော်တချို့ကို စုစည်းဖော်ပြပေးရမယ်ဆိုရင်တော့...

Tara Reid
အမေရိကန် မော်ဒယ်လ် သရုပ်ဆောင် Tara Reid ကို Days of Our Lives, California Dreams နဲ့ Scrubs စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးတာ ကြောင့် လူသိများပါတယ်။ သူမကတော့ အဆီစုပ် ထုတ်တာ၊ ရင်သားခွဲစိတ်မှုပြုလုပ်တာနဲ့ ရင်ဘတ်၊ ဝမ်းဗိုက်၊ ပေါင်နဲ့ လက်မောင်းအပေါ်ဘက်မှာရှိတဲ့ အဆီတွေကို စုပ်ထုပ်လိုက်ရာကနေ ကံမကောင်း စွာနဲ့ဘဲ ပုံမကျပန်းမကျ ဖြစ်သွားခဲ့ရပါတယ်။ သူမ ရဲ့ ဝမ်းဗိုက်ပိုင်းက အဆီပိုမရှိပေမဲ့ မြင်တွေ့ရတာ သိသိသာသာ အဆင်မပြေဖြစ်နေခဲ့ပါတယ်။

Heidi Montag
အမေရိကန် ရုပ်သံတင်ဆက်သူ၊ အဆိုတော်၊ ဖက်ရှင်ဒီဇိုင်နာနဲ့ စာရေးဆရာမ Heidi Montag ကိုတော့ The Hills ဆိုတဲ့ MTV စီးရီးမှာ ပါဝင်ခဲ့တာကြောင့် လူသိများပါတယ်။ သူမရဲ့ အလုပ်အကိုင်တွေကြောင့်အပြင် သူမကို လူသိပိုများရတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ ပလပ်စတစ်ဆာဂျရီကြောင့်ပါဘဲ။ သူမဟာ တစ်နေ့တည်းမှာဘဲ ခွဲစိတ်မှု ၁၀ မျိုးကို ပြုလုပ်ခဲ့ပါ တယ်။ မျက်ခုံးပင့်တင်တာ၊ Botox ထိုးတာ၊ နှာခေါင်းခွဲစိတ်တာ၊ ပါးထဲကိုအဆီထိုးသွင်းတာ၊ မေးကိုသွယ်အောင်လုပ်တာ၊ လည်ပင်းတစ်ဝိုက်က အဆီတွေကို စုပ်ထုတ်တာ၊ နားရွက်ကိုအနောက်ဘက်သို့ ဆွဲပို့တာ၊ ရင်သားခွဲစိတ်တာ၊ ခါးနားတစ်ဝိုက်၊ ပေါင်၊ တင်ပါးစတဲ့နေရာတွေက အဆီတွေ စုပ်ထုတ်တာနဲ့ တင်ပါးကိုခွဲစိတ်ပြုပြင်တာတွေ ပါဝင်ပါသတဲ့။ ငွေကြေးကုန်ကျခံ၊ အချိန်ကုန်ခံတဲ့အပြင် နာကျင်မှုပါခံစားရပြီး ခွဲစိတ်ပြုပြင်လိုက်ပေမယ့် သူမရဲ့ အရင်ပုံစံက ခွဲစိတ်ပြီးနောက်ပိုင်းအသွင်အပြင်ထက် ပိုလှတယ်ဆိုတာ မငြင်းနိုင်ပါဘူး။

Cameron Diaz 
Cameron ကတော့ မျက်ဝန်းနားတစ်ဝိုက်က ကျီးခြေရာတွေကို ဖုံးဖိထားနိုင်ဖို့အတွက် ၂၀၁၄ ခုနှစ်လောက်မှာ Botox ထိုးခဲ့တယ်လို့ သိရပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်းပါဘဲ။ သူမမျက်ဝန်း တစ်ဝိုက်က အရေးအကြောင်းတွေကို ဖုံးဖိထားလိုက်နိုင်တယ်လို့လည်း မထင်ရပါဘူး။ Cameron ရဲ့ အဆိုအရလည်း သူမဖြစ်ချင်တာဒီလိုပုံစံမျိုး မဟုတ်ခဲ့ဘူးလို့ သိရပါတယ်။ သူမဟာ မျက်ခုံးနားမှာ Botox တွေ အများကြီးထိုးထားပုံရတာကြောင့် သူမရဲ့ မျက်လုံးတွေဟာခံစားမှု အစစ်ကို မဖော်ပြနိုင်သလို ထင်ရပါတယ်။ ဒါပေမဲ့ ဘယ်ဘက် အခြမ်းကပုံကို ကြည့်လိုက်ရင် သူမက ဘေဘီ Botox ကို နည်းနည်းလောက်သာ ထိုးထားပုံရတာကြောင့် မျက်ဝန်းတွေက အရင်ကထက်စာရင် အသက်ပိုပါလာပါတယ်။

Victoria Beckham
Victoria Beckham ကလည်း ၁၉၉၉ ခုနှစ်တုန်း ရင်သားကြီးမားစေဖို့ ခွဲစိတ်ပြုပြင်မှု လုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်ကို ရောက်တဲ့အခါမှာတော့ သူတို့တွေရဲ့ ပုံစံကပုံမမှန် တာမျိုး ဖြစ်လွန်းတာကြောင့် ပြန်ထုတ်လိုက်ပြီဆို ပြီး ဝန်ခံပြောကြားခဲ့ပါတယ်။ ပင်ကိုအလှကပိုပြီးလှတဲ့အကြောင်းကိုနောက်ကျမှ သူမသိရပုံပါဘဲ။ 

Janice Dickinson
Janice Dickinson ကတော့ အမေရိကန် မော်ဒယ်လ်၊ ဓာတ်ပုံဆရာမနဲ့ စာရေးဆရာမအဖြစ် လုပ်ကိုင်တဲ့သူပါ။ ၇၀ ပြည့်လွန် နှစ်များနဲ့ ၈၀ ပြည့်လွန်နှစ်တွေအတွင်းမှာ မော်ဒယ်လ်တစ်ယောက်အဖြစ် လူသိပိုများပါတယ်။ နောက်ပြီး 
America ရဲ့ Next Top Model မှာ ဒိုင်အဖြစ် ပါဝင်ခဲ့ခြင်းကလည်း သူမကိုလူသိများစေခဲ့တဲ့ အကြောင်းအရင်းတစ်ရပ်ပါဘဲ။ သူမဟာလည်း ရင်သားကြီးမားအောင် ခွဲစိတ်တာ၊ ဝမ်းဗိုက်ပိုင်း ချပ်ရပ်စေဖို့ လုပ်ဆောင်တာအပြင် လည်ပင်းက 
အဆီပိုတွေ စုပ်ထုတ်တာ၊ မျက်နှာကိုခွဲစိတ်ပြုပြင်ပြီး Botox ထိုးတာတွေ လုပ်ဆောင်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါဘဲ အလွန်အကျွံ့လုပ်တော့ အလွန်အကျွံတွေ ဖြစ်ကုန်ပါတော့တယ်။ 

Gwyneth Paltrow
ဒီမင်းသမီးကိုတော့ သူမရဲ့ ပိုင်နိုင်ကျွမ်းကျင်တဲ့ သရုပ်ဆောင်အတတ်ကြောင့်အပြင် မိန်းမကိုယ်ပေါင်းတင်ခြင်းလို ပေါကြောင်ကြောင် အလှအပ ပြုပြင်ရေးနည်းလမ်းတွေကြောင့် လူသိများပါတယ်။ သူမဟာ ခွဲစိတ်ပြုပြင်တာတွေနဲ့ ပတ်သက်လို့
နည်းလမ်းအားလုံးနီးပါးကို ပြုလုပ်ခဲ့ဘူးပေမယ့် Botox ကိုတော့ နောက်တစ်ခေါက် ထပ်ထိုးမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုေ တာ့ သူမကိုယ်သူမ အရူးတစ်ယောက်လို့ ခံစားရတဲ့အတွက်ကြောင့် ဖြစ်ပါသတဲ့။ နည်းလမ်းပေါင်းကလည်း စုံနေပါပြီလို့ ထပ်ပြောခဲ့ပါသေးတယ်။ Botox ထိုးထားလို့ အလွန်အမင်း ချော မွေ့ တင်းပြောင်နေတဲ့ နဖူးနဲ့ မျက်နှာသွင်ပြင်ထက်စာရင်တော့ Botox ထိုးမထားတဲ့ သဘာဝကျကျ နဖူးအတိုင်းတွေ့မြင်ရတဲ့ မျက်နှာသွင်ပြင်က ပိုပြီး ကြည့်ကောင်းနေပါတယ်။