Primary tabs

Movie Review

ဒီလမှာ စုစည်းဖေါ်ပြပေးထားတာက မတူညီတဲ့ ရသ(၆)မျိုးပေးနိုင်တဲ့ ဇာတ်ကား ၆ ကားအကြောင်း။ စွန့်စားခန်းရသခံစားပြီးရင် အချစ် ကိုလည်း ခံစားချင်သေးတာလည်း လူပါပဲ။ အသတ်အပုတ် အက်ရှင်ကားနဲ့လည်း မလွတ်နိုင်ပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်သည်းဖိုနဲ့ ရင်တုန်ရတဲ့ ကြောက်ရွံ့စရာကားများ ဒီလိုခံစား ချက်အစုံ ရောသမပေးလိုက်တဲ့ ဇူလိုင်အတွက် ရုပ်ရှင်အညွှန်းပါ။ 

The BFG

Release Date : 1 July 2016
Fantasy/Adventure

၁၀နှစ်အရွယ် ကလေးလေး Sophie နဲ့ သူရဲ့ သူငယ်ချင်းလူဘီလူးကြီးရဲ့ စွန့်စားခန်းတွေပါဝင်တဲ့ ဇာတ်ကားလေးပေါ့။ ပထမမြင်မြင်ချင်း ဒီဘီလူကြီးကို ကြောက်လန့်ခဲ့ပေမယ့် ဒီမိန်းကလေး ငယ်ငယ်လေးက သိမ်မွေ့ပြီး ကြင်နာတတ်တယ် ဆိုတာကို သိသွားတဲ့နောက်မှာတော့ သူတို့ မိတ်ဆွေတွေ ဖြစ်သွားကြပါတယ်။ ဒါပေမယ့် ဘီလူးကြီးတွေ အကုန်လုံးကတော့ ဘယ်ကြင်နာ သနားတတ်ပမလဲနော်။ လန်ဒန်က ဘုရင်မကြီး ဗစ်တိုးရီးယားကို ကူညီတဲ့အနေနဲ့ သူတို့ ၂ ယောက်
က အခြားဘီလူးဆိုးကြီးတွေရဲ့ ရန်ကို ကာကွယ်ကြ မလဲဆိုတာကတော့ စောင့်မျှော်ကြည့်ရှုကြအုံးနော်။ 

ဒီကားမှာ Mark Rylance နဲ့ ကလေး သရုပ်ဆောင် Ruby Barnhill တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဒါရိုက်တာ Steven Spielberg ရဲ့လက်ရာကို ခံစားချင်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ရသအသစ်ပေးနိုင်မယ့် မိသားစုကြည့်လို့ရတဲ့ အပန်းဖြေကားကောင်းလေးတစ်ကားပါ။ 

 

Independence Day: Resurgence

Release Date : 24 June 2016
Science fiction / Disaster

ကမ္ဘာမြေပေါ် ကျရောက်လာမယ့် ဂြိုလ်သားတွေရဲ့ အန္တရာယ်ကို ကာကွယ်ရမယ့် ဇာတ်လမ်းပါပဲ။ ဒါပေမယ့် Independence Day က ရုပ်ရှင်ချစ်သူတွေကို ၁၉၉၆ ခုနှစ်ကတည်းက ဂြိုလ်သားတွေ အာကာသယာဉ်ပုံဆန်းတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ကားကောင်း တစ်ကားဆိုတော့ ဒီကားကိုလည်း လက်လွတ်မခံသင့်ပါဘူး။ ၂၀၁၆ မှ အသစ်နောက်ဆက်တွဲ ပြန်လည်ရိုက်ကူးထားတာဖြစ်လို့ Jeff Goldblum / Bill Pullman / Judd Hirsch တို့ အရင်မင်းသားတွေအပြင် Liam Hemsworth က ဒီကားမှာ ပါဝင်သူအသစ်တစ် ယောက်ဖြစ်ပါတယ်။ သူကတော့ မင်းသမီးအဆို ကျော်မိုင်လီဆိုင်းရပ်စ်ရဲ့ ချစ်သူ။ အခုလို နှစ် (၂၀) ကျော်မှ ပြန်လည်ရိုက်ကူးဖြစ်တဲ့ ဒီကားမှာ ကမ္ဘာမြေကြီးကို ပြန်လည်ဝန်းရံတိုက်ခိုက်လာမယ့် ဂြိုလ်သားတွေဟာ အရင်ကထက် ပိုပြင်းထန်တဲ့ လက်နက်ဆန်းတွေတွေ ဘယ်လိုရန်လိုလာမလဲဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ခံစားကြပါအုံး။

 

The Legend of Tarzan

Release Date : 1 July 2016
Action / Adventure
တောတွင်းမင်းသား တာဇံ (Alexander Skarsgard ) ဟာ အာဖရိကတောအုပ်ကြီးကို သူ့နောက်မှာထားခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ လန်ဒန်မှာပဲ ဘ၀ကို သူ့ဇနီး ဂျိန်း (Margot Robbie)နဲ့အတူ နေထိုင်နေတာပေါ့။ ဒါပေမယ့်လည်း သူ့ဆီကို မဖိတ်ခေါ်ပဲ ဧည့်သည်ကတော့ ပေါ်လာခဲ့တာပါပဲ။ ကွန်ဂိုပြည်နယ်ကို လာရောက်ဖို့ ဖိတ်ကြားခံရပြီး အထူးလျို့ဝှက်သူလျိုအဖြစ် တာဝန်ပေးအပ်ခြင်းခံရပါတယ်။ ဒီကိစ္စတွေကို နောက်ကနေ ကြိုးကိုင်ခြယ်လှယ်သူ ကပ္ပတိန်အဖြစ်ကတော့ Christoph Waltz က သရုပ်ဆောင်ထားပါတယ်။ တာဇံနဲ့ သူ့ဇနီး ဂျိန်းတို့ ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရဦးမှာလဲ... ဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါအုံး.....။ မင်းသမီး Margot Robbie ဆိုတာကလည်း အခုတလော Suicide Squad နဲ့ နာမည်ကြီးနေတဲ့ တစ်ယောက်ဆိုတော့  တာဇံရဲ့မိန်းမအဖြစ် သရုပ်ဆောင်မှာက စိတ်ဝင်စားစရာပါပဲ။

ဖြန့်ချိမှာက Warner Bros.Pictures ၊ ထုတ်လုပ်ရေးအပိုင်းက Village Roadshow Pictures/ Jerry Weintraub Produtctions / Riche/Ludwig Productions / Beaglepug Productions တို့အားဖြည့်ပူးပေါင်းထားပါတယ်။

 

The Neon Demon

Release Date : 24 June 2016
Thriller /Horror

Model ဖြစ်ဖို့ မျှော်လင့်ချက်နဲ့ Log Angeles ကို ရောက်လာတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ရိုက်ထားတဲ့ဇာတ်။ LA ရဲ့ ဖက်ရှင်လောကကြီးထဲက နေရာ (၁)နေရာရပ်တည်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် မနာလိုဖြစ် 
ကြတာတွေ၊ အထီးကျန်ရတာတွေ၊ ပြိုင်ဆိုင်ရတာတွေကို အမြင်ဆန်းဆန်းရိုက်ချက်လေးတွေနဲ့ မီးမောင်းထိုးပြထားတာပါ။ အသက်(၁၆)နှစ်ပြည့် မွေးနေ့ကျင်းပပြီးတာနဲ့ LA ကိုရောက်လာတဲ့ အပြစ်ကင်းဖြူစင်တဲ့ ချာတိတ်မလေးတစ်ယောက်၊
အလုပ်မဖြစ်ခင်တော့ မင်းသား Keanu Reeves ရဲ့ မိုတယ်အပေါစားလေးမှာတည်းရင်း ဘယ်လိုရုန်းကန်ရမှာလဲ... သူမရဲ့ငယ်ရွယ်နုပျိုမှုနဲ့ ဘာတွေကိုအရယူပြီး ထိပ်ဆုံးရောက်အောင် ကြိုးစားမလဲဆိုတာ.....

Keanu Reeves နဲ့ Elle Fanning တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဒါရိုက်တာ Nicolas Winding Refn ရဲ့ လက်ရာကားကောင်းတစ်ခုပါပဲ။ Drive ဇာတ်ကားတုန်းကလို ဘယ်လိုရသအသစ်တွေ ပေးအုံးမလဲဆိုတာ ကြည့်လိုက်ကြပါအုံးနော်။

 

The curse sleeping beauty

Initial release: May 13, 2016 (USA)
Fantasy/Mystery

ဟောလိဝုဒ်ရဲ့ Dark Fairy Tales နတ်ဆိုးပုံပြင်တွေကို နှစ်သက်တဲ့ သူတွေဆိုရင်တော့ ဒီကားကို ကြိုက်မှာပါ။ Red Riding Hood တို့ Hansel & Gretel: witch hunters တို့လိုပါပဲ ဒီ The curse of sleepin beauty ဇာတ်ကားလေး 
ရဲ့ရသက ပေးစွမ်းနိုင်မှာပါ။ ဘိုးဘွားပိုင်အမွေအဖြစ် အိမ်ဂေဟာကြီးကို ရရှိသွားတဲ့ Thomas Kaiser ဟာ အိမ်ကြီးကို ရသွားတာတင် မကပဲ နောက်ဆက်တွဲ ကျိန်စာကိုပါ ဆက်ခံရပါတော့တယ်။ အိမ်ဂေဟာကြီးရဲ့ မဖြေရှင်းနိုင်တဲ့ အရှုပ်
အထွေး လျှို့ဝှက်ချက်တွေအတွက် Thomas မှာ အစောင့်အရှောက်နတ်သမီးတော့ လိုအပ်လာပါပြီ။ ဒီအချိန်မှာ အိပ်ပျော်နေတဲ့ sleeping beauty Rose ကိုနှိုးဖို့ သူကြိုးစားရုန်းကန်ရပါတော့တယ်။ အလှပဂေးလေး နိုးလာမှာလားဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြအုံး ပရိသတ်ရေ.....

Sleeping beauty အဖြစ် India Eisley ၊ Thomas အဖြစ် Ethan Peck တို့ ခေါင်းဆောင်ပါဝင်ရိုက်ကူးထားပြီး Maleficent လို ဇာတ်ကားလို အပြင်အဆင် costume နှစ်သက်သူတွေ အကြိုက်တွေ့မှာပါ။