Primary tabs

Celebrity & Thingyan

ပွဲတော်တွေ အားလုံးထဲမှာ မိစန္ဒီ ရင်အခုန်ဆုံးက သင်္ကြန်ပါ။ သင်္ကြန်ဆို မြေသင်းရနံ့လေးရတာက စကြိုက်တယ်။

သင်္ကြန်ကို ဘယ်လောက်တောင် ရင်ခုန်လဲဆို နှစ်တစ်နှစ်ကုန်ပြီဆိုတာနဲ့ သင်္ကြန်ရောက်တော့မယ်ဆိုပြီး ကြိုတင်ရင်ခုန်နေပြီ။ ငယ်ငယ်တုန်းကဆို အိမ်ကအပြင်မလွှတ်ချင်တော့ အိမ်ကိုဘယ်လိုပြောပြီး ထွက်ရမလဲဆိုတာ အစောကြီးကတည်းက ကြိုစဉ်း စားနေပြီ။

အခုကတော့ သင်္ကြန်မှာ အလုပ်ကလည်းရှိနေတဲ့အတွက် အ၀တ်အစားကို ဘယ်လိုဝတ်ရမလဲ၊ ဘာသီချင်းဆိုရမလဲ၊ ပရိသတ်ကို အကောင်းဆုံး Performance တွေ ဘယ်လိုလုပ်ရမလဲဆိုတာတွေ ကြိုတင်စီစဉ်ရတဲ့အတွက်စိတ်လှုပ်ရှားသလို ခေါင်းလည်း နည်းနည်းစားတာပေါ့။ သင်္ကြန်အတွက် ဖက်ရှင်ကတော့ အဓိကလုံခြုံပြီးလွတ်လပ်မှုရှိဖို့ပါပဲ။ ကာလာအရောင်တောက်တောက်လေးတွေ၊ Jean တွေ၊ Hip Hop ဆန်ဆန်လေးတွေ ကြိုက်တယ်။ ဒီနှစ်သင်္ကြန်ကိုတော့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ ရှိနေမှာပါ။

      

ငယ်ငယ်တုန်းက အမှတ်တရသင်္ကြန်ဆို တိုက်အောက်မှာ ရေပုံးလေးတွေချပြီး ရေခွက်လေးတွေနဲ့ လိုက်ပက်တယ်။ ခွက်စောင်းလိုက်ခုတ်တယ်။ မေမေက (၉)နာရီ၊ (၁၀)နာရီလောက်မှ ရေထွက်ကစားခိုင်းတာ၊ ကိုယ်ကအစောကြီးကတည်းက ကစားချင် နေပြီဆိုတော့ အိမ်ပေါ်(၄)လွှာကနေ အောက်မှာသွားနေတဲ့ လူတွေကိုခိုးပြီး လောင်းချတာ၊ အောက်သွားတဲ့လူတွေက သူတို့ခေါင်းပေါ်တည့်တည့်က လောင်းချတော့ စိတ်တွေဆိုးပြီး အပေါ်ကိုမော့ကြည့်ကြတာပေါ့။ ကိုယ်ကရေလောင်းပြီးတာနဲ့ ၀င်ပုန်းတာ ငယ်ငယ်တုန်းကပျော်စရာ အမှတ်တရပါပဲ။

“သင်္ကြန်ကျရင် ရေကစားမယ်။ ရေပက်ခံ ထွက်ရတာထက် ကိုယ်တိုင်ရေပက်ရတာပဲ ကြိုက်တယ်။ ကားနဲ့လည်ရတာလည်း မကြိုက်ဘူး။ နေပူခံရပြီး အသားတွေမည်းလို့ ဟား..ဟား”

“ရေကစားလို့မောသွားရင် ခဏနားရင်း ရွှေရင်အေးသောက်မယ်၊ သင်္ကြန်မုန့်တွေထဲမှာ ရွှေရင်အေးကို အကြိုက်ဆုံးပဲ”

Model - Mi Sandi
Makeup & Hair - Hello (Ma Cho၊ Ma Khaing)
Photo - LMN
Venue - Seinn Lann So Pyay