Primary tabs

ရောင့်ရဲတတ်တယ်၊ အောင်မြင်ချင်တယ်

“ရောင့်ရဲတက်ရင်တော့ ပိုပိုရောက်နေတဲ့ နေရာလေးက ပျော်စရာလေးပါ။ မရောင့်ရဲတက်ဘူး လောဘကြီးတယ်၊ ဒီထက်ပိုအောင်မြင်ချင်တယ်ဆိုရင်တော့ အောင်မြင်မှုပန်းတိုင်ကိုသွားချင်တယ်၊ ဘာပဲပြောပြော ကိုယ်ရတဲ့နေရာလေးမှာ ပျော်သင့်တယ်၊ ပျော်ပါတယ်။ လူဆိုတော့လည်း လောဘတော့ရှိတာပေါ့၊ ဒီထက်ပိုအောင်မြင်ချင်တယ်၊ ပိုကြိုးစားမယ်ဆိုတဲ့ စိတ်တော့ရှိတာပေါ့” လို့ ဆိုလာတဲ့ တေးသံရှင်မလေး၊ သူများထက် ပိုပြီး စိတ်ဓာတ်မာကျောတဲ့သူမ၊ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေရရှိထားတဲ့အပြင် အလှူရေစက်လက်နဲ့မကွာ လှူဒါန်းတိုင်းမှာ ပရိသတ်အတွက် အမြဲရည်စူးလှူဒါန်းတတ်တဲ့သူမ၊ ချစ်ဖူးခဲ့သမျှကစလို့ အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယိုအထိ ပရိသတ်ရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ တေးသံရှင် ပိုပိုရဲ့ ဂီတအကြောင်း၊ ဘ၀အကြောင်း၊ အချစ်အကြောင်းတို့ကို ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို
အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယိုဆိုတဲ့ သီချင်းခွေ VCD Promotion ကို ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာ လက်မှတ်ထိုးရောင်းရင်းနဲ့ free show လေးလုပ်ဖြစ်တာပါ။ အဓိကကပိုက်ဆံနဲ့ဆိုရင် မကြည့်နိုင်တဲ့ ပရိသတ်တွေအတွက် လုပ်ပေးတဲ့အပြင်၊ ပိုပို့ကိုချစ်တဲ့ fan တွေအတွက် သီချင်းတွေ အများကြီးဆိုပြချင်တာလည်း ပါပါတယ်။ Audio CD နဲ့ဆိုရင် ဒီခွေလေးက ၁ နှစ်နဲ့ ၄လလောက်  ခြားပါတယ်။ Audio ထဲက သီချင်းတစ်ပုဒ်ကို ဖြုတ် ပြီးတော့ “ကြွေပြီလေအိုက်စ်” ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ထည့်ပေးထားပါတယ်။

ပိုပိုနဲ့ ဂီတခြေလှမ်းအစ
ပိုပို ၂၀၀၆၊ ၂၀၀၇မှာ သီချင်းဆိုပြိုင်ပွဲတွေ စပြီး ဝင်ဖြစ်တယ်။ ၂၀၀၈ မှာ တေးရေးဆရာလုပ်ပြီး သီချင်းတွေရောင်းနေပြီ။ ၂၀၀၉ မှာတော့ နယ်ရှိုးနဲ့ ရန်ကုန်ရှိုးတွေမှာ သီချင်းတွေ စပြီး ဆိုခဲ့တယ်။ Underground မှာ ကျင်လည်နေခဲ့တယ်။ ၂၀၁၂ ခုနှစ် ၁၀လပိုင်း ၅ရက်နေ့မှာတော့ ချစ်ဖူးခဲ့သမျှ CD လေးစထွက်ခဲ့ပါတယ်။ ၂၀၁၄ခုနှစ် ၁၀လပိုင်း ၅ရက်နေ့မှာတော့ VCD ထွက်ပြီး ပိုပိုဆိုပြီး ပရိသတ်တွေသိလာခဲ့ပါတယ်။ ဒုတိယခွေ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို”ကိုတော့ ၂၀၁၅ခုနှစ် ၅လပိုင်း ၂၉ရက်နေ့မှာ CD ထွက်ခဲ့ပြီး အခု VCD ထွက်ဖြစ်ခဲ့ပါတယ်။

ပိုပိုနဲ့ သီချင်းရေးခြင်း
၂၀၀၆ ခုနှစ်မှာ ပိုပို ၁၀တန်းအောင်ပြီးတော့ ဂစ်တာတီးစသင်နေပြီ။ အဲဒီကတည်းက သီချင်းတွေ စပြီးရေးဖြစ်သွားတာ။ ထူးဆန်းတာက ကော့ဒ် ၅ ကော့ဒ်၊ ၆ကော့ဒ်လောက်ကတည်းက သီချင်းစရေးဖြစ်ခဲ့ပါတယ်။ ကိုယ်တိုင်လည်း အဆိုအပြင်အရေးနဲ့ ပတ်သက်ပြီးလည်း အားရတယ် ပြောရမယ်။ ပထမခွေရော၊ ဒုတိယခွေရောမှာ ကိုယ်တိုင်ပဲရေးခဲ့တာပါ။

ဂီတ၀ါသနာပိုး
ဂီတနဲ့ပတ်သက်လို့ မျိုးရိုးမရှိပေမဲ့ အဖေရော၊ ဦးလေးတွေရောက ဝါသနာပါကြတယ်။ ပိုပို ငယ်ငယ်တုန်းကတော့ တီးဝိုင်းတွေ ဘာတွေလုပ်ပေမဲ့ အရမ်းကြီးအောင်မြင်ခဲ့တဲ့ သူတော့မရှိခဲ့ဘူး။ ကိုယ်တိုင်ပဲ ကိုယ့်ဘာသာကိုယ် ကြိုးစားပြီး အနု
ပညာခရီးလမ်းကို စတင်ခဲ့တာပါ။ ဂီတကို ဝါသနာပါတဲ့အရွယ်ကို ပြောရမယ်ဆိုရင် ပိုပို ၃၊ ၄ တန်းလောက်တုန်းက မခိုင်ကြီး (ထွန်းအိန္ဒြာဗိုလ်)ရဲ့ ခါးလေးလှုပ်ကာ လမ်းလျှောက်သွားရင် သီချင်း တွေ အောင်မြင်နေတဲ့အချိန်ဆိုတော့ အဲဒီသီချင်းတွေအလွတ်ရတယ်၊ အကုန်လိုက်ဆိုတာပဲ။ ငယ်ငယ်တုန်းက ကြီးလာရင် ဘာလုပ်မလဲဆို အဆိုတော်လုပ်မယ်လို့မပြောဘဲ သီချင်းတွေလိုက်ဆိုမယ်၊ မုန့်တွေလျှောက်စားမယ် အဲလိုမျိုးပြောခဲ့တာ။   ၇တန်း၊ ၈တန်းလောက်ကျမှ အဆိုတော်ဖြစ်ချင်လာတယ်။ သူငယ်ချင်းတွေနဲ့စုပြီး West Life ကို အားကျတော့ နာမည်တွေလျှောက်ပေးတယ်။ ကျောင်းမှာအရူးထပြီး ၈တန်းနှစ်လောက်မှာ အဖွဲ့တွေ ခွဲထားတယ်။ ၉တန်း၊ ၁၀တန်းကျရင် ခွေထွက်မယ်ဆိုပြီး လုပ်ထားပေမဲ့ တကယ်တမ်း မေဂျာတွေ ခွဲလိုက်တဲ့အချိန်မှာကွဲသွားတယ်။ ကိုယ်ကသီချင်းတွေကို ရူးသွပ်တာဆိုတော့ FM တွေ နားထောင်တယ်၊ လာတဲ့သီချင်းတွေကို record လုပ်ပြီး ပြန်နားထောင်တယ်။ အဖွားဆီက မုန့်ဖိုးကိုမသိအောင်ယူပြီး ကက်ဆက်လေးဝယ်တယ်။ သီချင်းခွေဆိုရင် West Life ခွေတွေပဲဝယ် အကုန်နားထောင်တယ်။ ၁၀တန်းအောင်ပြီးတဲ့ အချိန်မှာလည်း ခြံထဲမှာသီချင်းတွေ အော်ဆိုတယ်။ ပထမတော့ ပြိုင်ပွဲတွေမှာလည်း ဆုမရတော့ စိတ်ဓာတ်ကျတယ်။ ပြိုင်ပွဲပြိုင်လို့ ရှုံးသွား
ခဲ့ရင်မလုပ်တော့ဘူးဆိုပြီး ပြိုင်တာရှုံးသွားတယ်။ ဒါပေမဲ့ ဆက်လုပ်တယ်။ ကိုယ့်ဝါသနာကို မစွန့်လွှတ်နိုင်ဘူး။ အဲဒီလိုပဲဆက်လုပ်ရင်းလုပ်ရင်း အိပဲ့ အိပဲ့နဲ့ပဲ ဖြစ်လာတယ်။ တကယ်တမ်း ခွေထွက်ပြီးတော့လည်း ပိုပိုဆိုပြီး လူမသိသေးဘူး။ အဲဒီတုန်းကဆိုပွဲတွေလည်းမဆိုရဘူး။ 

စိတ်ဓာတ်မာကျောတဲ့သူမ
ကိုယ့်ရဲ့ စိတ်ကမာတယ်။ ဒါပေမဲ့ ကိုယ်စိတ်ဓာတ်ပျော့တဲ့အချိန်လည်း သူများတွေကို ပေးမမြင်ဘူး။ ကိုယ့်ဘာသာကိုယ် ငိုတယ်။ စိတ်ညစ်ရင် အကြာကြီးငိုတယ်။ အားလုံးပြီးသွားရင် အိပ်လိုက်တယ်။ နိုးလာရင်တော့ စိတ်ကအသစ်ဖြစ်သွားပြီ။ ပြီးတော့အလုပ်ကိုလည်း ယောက်ျားလေးတစ်ယောက်လိုပဲ အရမ်းလုပ်တယ်။ စိတ်ကိုလည်း မာအောင်ထားတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်ကတစ်ယောက်တည်း အဖေ၊ အမေလည်း မရှိဘူးဆိုတော့ မာသင့်ရင်မာရတယ်။ တစ်ခါတလေကျရင်လည်း လူငယ်ဆိုတော့ စကားပြောမှားတာ ရှိတာပေါ့။ အဲဒီကျရင်လည်းပြောပြီးမှ စိတ်မကောင်းဖြစ်တယ်။ ကိုယ်ကိုယ်တိုင်ပဲ ဦးဆောင်ပြီး ရှေ့ကနေသွားနေရတာကိုး။ ကိုယ်မလုပ်ရင်လည်း ကိုယ့်နောက်မှာဘယ်သူမှမရှိဘူး။ ကိုယ်က လဲ ကျသွားမှာဆိုတော့ စိတ်ကိုမာအောင်ထားရတယ်။ 

ရင့်ကျက်လာတဲ့သူမ
အနုပညာသက်တမ်း ၇ နှစ်ကျော်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်မိတာတော့ တဖြည်းဖြည်းနဲ့ ရင့်ကျက်လာတယ်။ အရင်တုန်းကတော့ ကလေးအရမ်းဆန်တယ်၊ ငါကြိုးစားရမယ်ဆိုတဲ့ စိတ်ကတောက်လျှောက်ရှိခဲ့တယ်။ အခုအချိန် အထိလည်း ရပ်မသွားဘူး။ အခုပိုပြီး ကျင့်သားရသွားပြီ၊ စိတ်ထားတတ်လာပြီ။ အရင်တုန်းက တစ်ခုခုဆိုထစ်ကနဲဆို ၀မ်းနည်းတတ်တယ်၊ နောက်ပိုင်းကျတော့ ထိန်းတတ်လာတယ်၊ တရားနဲ့ ဖြေတယ်၊ ကံကံ၏အကြောင်းတွေပဲ၊ အရင်တုန်းကကိုယ်လုပ်ခဲ့လို့ ကိုယ်ဖြစ်တာလို့ပဲ ခံယူလိုက်တယ်။

စိတ်ဓာတ်ကျတဲ့အချိန်
စိတ်ဓာတ် အရမ်းကျသွားတဲ့အချိန်က ငိုတဲ့အချိန်ပဲ။ အိမ်မှာ အော်ငိုပစ်လိုက်တယ်။ ငိုပြီးရင် ပြီးသွားပြီ။ ဘာသာရေးအမြဲလုပ်တယ်။ စိတ်ရှုပ်လာပြီဆိုရင် ဘာသာရေးလုပ်ပေမဲ့လည်း ပုထုဇဉ် ဆိုတော့ မထိန်းနိုင်ဘူး။ Pressure တွေ အရမ်းများလာရင် ရှေ့ရေး၊ နောက်ရေးတစ်ယောက်တည်း တွေးပူရတဲ့အခါကျတော့ မခံနိုင်ရင် အကောင်းဆုံးနည်းလမ်းက ငိုလိုက်တာပဲ။ ငိုပြီးသွားရင်တော့ တစ်ကနေပြန်စတယ်၊ Step by Step သွားတယ်။

ဘာသာရေးကိုင်းရှိုင်းတဲ့သူမ
အခုဆိုရင် စိတ်ငြိမ်းချမ်းအောင် တရားထိုင်တယ်။ ဘာသာရေးအရ ပြောရမယ်ဆိုရင် တစ်ဝက်လောက်က ဘာသာရေးကြောင့် အောင်မြင်လာ တယ်လို့ ပိုပိုထင်တယ်။ ဘာကြောင့်လဲဆိုတော့ ပိုပို ပဌာန်းစရွတ်တာ တစ်နှစ်တိတိပြည့်တဲ့အချိန်မှာ ချစ်ဖူးခဲ့သမျှခွေထွက်တယ်။ ပြီးတော့ အောင်မြင်တယ်။ အဲဒါပြီးတော့ ဘာသာရေးဆက်လုပ်တယ်၊ လှူတယ်၊ ကျောင်းလှူပြီးတဲ့အချိန်မှာ ပိုပို အိမ်ရတယ်။ ပိုပို့ဘ၀မှာ အလှူနဲ့ပတ်သက်ရင် ဇရပ်လှူ ပြီးသွားပြီ၊ ရေကန်၊ အဘွားတည်ထားတဲ့ဘုရားကိုလည်းချဲ့ပြီးတော့ တံတိုင်းခတ်ပြီးတော့ တန်ဆောင်းလုပ်ဖို့လည်း စီစဉ်ပြီးသွားပြီ။ ဒီထက်ပိုပြီးတော့လည်း အမေလိုခင်တဲ့ အသိမိတ်တွေ အဒေါ်တစ်ယောက်ကဘုရားတည်နေတဲ့ဆီမှာ ပိုက်ဆံထည့်လှူတယ်။ သိမ်ဆောက်ဖို့ ရည်ရွယ်ထားတာလည်း “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို” ခွေရောင်းရငွေအမြတ်တွေအားလုံးကို ပိုပိုသိမ်ဆောက်တဲ့ အထဲကို အကုန်လှူမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီပိုက်ဆံတွေက ပရိသတ်တွေက ကိုယ့်ကိုချစ်လို့၊ အားပေးလို့ ၀ယ်တဲ့ငွေပါ။ အဲဒီတော့ ပရိသတ်တွေကိုလည်း ကုသိုလ်ရစေချင်တယ်။ သိမ်ဆောက်တယ်ဆိုတာ သာသနာတော်အတွက် ကောင်းတဲ့ အလုပ်ပါ။ ဒါကပိုပိုရဲ့ အဓိဌာန်ပါ။ ပရိသတ်တွေဆီကရတဲ့ ပိုက်ဆံတွေကိုလည်း ကထိန်အတွက်ဆို ကထိန်အတွက်၊ အလှူအတန်းဆိုလည်း ပရိသတ်တွေရဲ့ အလှူဆိုပြီး အမြဲလုပ်ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖြစ်လို့လည်း ကိုယ့်မှာအကျိုးက ပိုက်ဆံမပြတ်ဘူး၊ ဒုက္ခရောက်ရမယ့်နေရာတွေမှာ ဒုက္ခအရမ်းမရောက်ဘူး။ ဘာသာရေးကိုလည်း ယုံကြည်တယ်၊ ပရိသတ်တွေကိုလည်း လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။ 

ရောင့်ရဲတတ်တယ်၊ အောင်မြင်ချင်တယ်
ရောင့်ရဲတတ်တယ်ဆိုရင်တော့ ပိုပိုရောက်နေတဲ့နေရာလေးက ပျော်စရာလေးပါ။ မရောင့်ရဲတက်ဘူးလောဘကြီးတယ်၊ ဒီထက် ပိုအောင်မြင်ချင်တယ်ဆိုရင်တော့ အောင်မြင်မှုပန်းတိုင်ကိုသွားချင်တယ်၊ ဘာပဲပြောပြော ကိုယ်ရတဲ့နေရာလေးမှာပျော်သင့်တယ်၊ ပျော်ပါတယ်။ လူဆိုတော့လည်း လောဘတော့ရှိတာပေါ့၊ ဒီထက်ပိုအောင်မြင်ချင်တယ်၊ ပိုကြိုးစားမယ်ဆိုတဲ့ စိတ်တော့ရှိတာပေါ့။ ကြိုးလည်း ကြိုးစားပါဦးမယ်။

စိတ်ပင်ပန်းတဲ့အချိန်
ကိုယ်စိတ်ပင်ပန်းတဲ့ အချိန်မျိုးမှာလည်း ခံစားနေရတဲ့အချိန်မှာ တစ်ယောက်တည်းပဲ ခံစားနေရလို့လားမသိဘူး သူများတွေကို ထုတ်ပြောလေ့မရှိဘူး၊ တစ်ခါတလေကျရင်တော့ ကိုယ်အရမ်း ခင်တဲ့သူငယ်ချင်းကို ထုတ်ပြောဖြစ်တယ်။ အရမ်းခင်တဲ့ အစ်ကိုတစ်ယောက်ရှေ့မှာသွားငိုတယ်။ ဒါပေမဲ့ ခံစားချက်တွေကိုများသောအားဖြင့် ပြောပြလေ့မရှိတဲ့အခါ ဒေါသကိုမထိန်းနိုင်ဘူး။ မင်း ကွန်းဆရာတော်ဘုရားကြီး ပြောထားသလို လောဘ၊ ဒေါသ၊ မောဟကိုလျှော့နိုင်ရင် ဘုန်းကံမြင့်လာတယ်ဆိုတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး Control လုပ်တယ်။ တစ်ခါတလေအရမ်း စိတ်ညစ်တဲ့အချိန်ကျရင်တော့ ဘုရားမှာ သွားဆုတောင်းတယ်။ သူများတွေဆို မိဘရှိနေတဲ့အတွက် မိဘကိုဖြစ်ချင်တာ ပြောလို့ရတယ်၊ ကိုယ့်မှာ  မိဘမရှိတော့တဲ့အတွက် တစ်ခုခုလိုတယ်ဆိုရင်တောင် ဘုရားမှာပဲဆုတောင်းဖြစ်တယ်။

အောင်မြင်မှုဆိုတာ
အောင်မြင်လာတာနဲ့အမျှ စိတ်ပင်ပန်းလာတာပါပဲ။ တကယ်တမ်းဆိုရင်တော့ အောင်မြင်တယ်ဆိုတာ ပျော်စရာပါ။ အောင်မြင်တယ်ဆိုတာလည်း အချိန်တန်ရင် ပြီးသွားမှာပဲ။ လူတွေ အကုန်လုံးက နောက်ဆုံးကျရင် သေကြမှာပဲ ဒီအောင်မြင်မှုတွေ ဘာလုပ်လို့ရမှာလဲဆိုတဲ့ အတွေးမျိုးတွေးမိတယ်။ ဒါပေမဲ့လည်း လူဖြစ်နေတဲ့အတွက် အောင်မြင်အောင်တော့ ကြိုးစားသင့်တယ်။ ဒါပေမဲ့လည်း အောင်မြင်မှုအပေါ်မှာ မိန်းမောပြီးတော့ သာယာမသွားဖို့၊ အမှားတွေမလုပ်မိဖို့ လိုအပ်ပါတယ်။ အောင်မြင်မှုကတော့ လူသားတိုင်းရသင့်တဲ့အရာလို့ ပိုပိုထင်ပါတယ်။

လတ်တလော ကြိုက်နေတဲ့သီချင်း
အခု Country သီချင်းလေးတွေ၊ Rock N Roll သီချင်းအဟောင်းလေးတွေ ပြန်ကြိုက်နေတယ်။ သီချင်းအကြိုက်တွေကတော့ အပြောင်း အလဲရှိတယ်။ ကိုယ့်သီချင်းကိုယ်တောင် အကြိုက်ကပြောင်းလဲနေတာ။ 

အချစ်ရေး
အခုလောလောဆယ်တော့ ရင်ထဲမှာ ဘာခံစားချက်မှမရှိဘူး။ ပျော်နေလားဆိုတော့ တစ်ဝက်လောက်က ပျော်တယ်။ တစ်ဝက်လောက်က အလုပ်တွေနဲ့ပိနေတယ်။ ကိုယ့်ပျော်ရွှင်မှုက ကိုယ်ကိုယ်တိုင်ဖန်တီးမှ ရတာဆိုတော့ ကိုယ်ကိုယ်တိုင်ပျော်အောင်နေတယ်။ ပြီးခဲ့တဲ့အချိန်တွေတုန်းက အသည်းကွဲသီချင်းတွေရေးတယ်၊ လွမ်းတဲ့ ခံစားချက်လေးတွေ ရှိခဲ့တယ်။ ပြီးတဲ့အချိန်မှာ ပျောက်သွားတယ်။ အသည်းကွဲရင် သီချင်းရေးတယ်။ တစ်ယောက်တည်းဖြစ်နေတာလည်း ကြာပါပြီ။ နောက်ထပ်လည်းစဉ်းစားဖို့က ကိုယ့်ရဲ့ Life Style နဲ့လည်း ညီဖို့ကလိုသေးတယ်။

ယောက်ျားလေးဆန်သော်လည်း
ပိုပိုက နည်းနည်းယောက်ျားလေး ဆန်တယ်။ စိတ်ဓာတ်နဲ့ အပြောအဆိုက ယောက်ျားလေးဆန်ပေမဲ့ ကျန်တဲ့ဝါသနာကျတော့ ထမင်းချက်တာ၊ ဟင်းချက်တာ၊ ပန်းလေးတွေစိုက်တာ၊ အိမ်မှာ Decoration လေးတွေ လုပ်ရတာကြိုက်တယ်။ အရုဏ်ဆွမ်းချက်တာကအစ၊ ဆွမ်းကပ်တာကအစ ကိုယ်ပဲလုပ်တာ။ 

ပရိသတ်အတွက်
တတိယခွေလည်း လုပ်နေပါတယ်။ အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယိုခွေမှာလည်း မင်းသားတွေ အများကြီးပါတယ်။ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ထွန်းထွန်း၊ ရဲလေး၊ လွှမ်းပိုင်တို့တွေနဲ့ အများကြီး ကြိုးစားပြီး ရိုက်ထားပါတယ်။ “ကြောက်၊ ကြောက်၊ ကြောက်” ရုပ်ရှင်ကားကြီး ရိုက်ထားတာရှိပါတယ်၊ ရုံတင်ရင်လည်း အားပေးကြပါဦး။ သရုပ်ဆောင်ရတာလည်း ဝါသနာပါတယ်၊ ဒါပေမဲ့ကိုယ်မလုပ်နိုင်တဲ့ ကာရိုက်တာတွေတော့ မလုပ်ဖြစ်သေးပါဘူး။ သရုပ်ဆောင်တာ ဘယ်လောက်ထိ ဝါသနာပါလည်းဆို ဒီခွေလေးထဲမှာ သီချင်း ၁၄ပုဒ်ပါတာ ကိုယ်တိုင်ပဲ အားလုံးသရုပ်ဆောင်ထားပါတယ်။

Photo- Aung Zaw(Love Space)
Retouch- Nyi Nyi Hla Baw
Makeup& Hair- Gucci Aung
Dress- Pont Hay Khin

စိတ်ဓာတ်မာကျောတဲ့သူမ
ကိုယ့်ရဲ့ စိတ်ကမာတယ်။ ဒါပေမဲ့ ကိုယ်စိတ်ဓာတ်ပျော့တဲ့အချိန်လည်း သူများတွေကို ပေးမမြင်ဘူး။ ကိုယ့်ဘာသာကိုယ် ငိုတယ်။ စိတ်ညစ်ရင် အကြာကြီးငိုတယ်။ အားလုံးပြီးသွားရင် အိပ်လိုက်တယ်။ နိုးလာရင်တော့ စိတ်ကအသစ်ဖြစ်သွားပြီ။ ပြီးတော့အလုပ်ကိုလည်း ယောက်ျားလေးတစ်ယောက်လိုပဲ အရမ်းလုပ်တယ်။ စိတ်ကိုလည်း မာအောင်ထားတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်ကတစ်ယောက်တည်း အဖေ၊ အမေလည်း မရှိဘူးဆိုတော့ မာသင့်ရင်မာရတယ်။ တစ်ခါတလေကျရင်လည်း လူငယ်ဆိုတော့ စကားပြောမှားတာ ရှိတာပေါ့။ အဲဒီကျရင်လည်းပြောပြီးမှ စိတ်မကောင်းဖြစ်တယ်။ ကိုယ်ကိုယ်တိုင်ပဲ ဦးဆောင်ပြီး ရှေ့ကနေသွားနေရတာကိုး။ ကိုယ်မလုပ်ရင်လည်း ကိုယ့်နောက်မှာဘယ်သူမှမရှိဘူး။ ကိုယ်က လဲ ကျသွားမှာဆိုတော့ စိတ်ကိုမာအောင်ထားရတယ်။ 

ရင့်ကျက်လာတဲ့သူမ
အနုပညာသက်တမ်း ၇ နှစ်ကျော်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်မိတာတော့ တဖြည်းဖြည်းနဲ့ ရင့်ကျက်လာတယ်။ အရင်တုန်းကတော့ ကလေးအရမ်းဆန်တယ်၊ ငါကြိုးစားရမယ်ဆိုတဲ့ စိတ်ကတောက်လျှောက်ရှိခဲ့တယ်။ အခုအချိန် အထိလည်း ရပ်မသွားဘူး။ အခုပိုပြီး ကျင့်သားရသွားပြီ၊ စိတ်ထားတတ်လာပြီ။ အရင်တုန်းက တစ်ခုခုဆိုထစ်ကနဲဆို ၀မ်းနည်းတတ်တယ်၊ နောက်ပိုင်းကျတော့ ထိန်းတတ်လာတယ်၊ တရားနဲ့ ဖြေတယ်၊ ကံကံ၏အကြောင်းတွေပဲ၊ အရင်တုန်းကကိုယ်လုပ်ခဲ့လို့ ကိုယ်ဖြစ်တာလို့ပဲ ခံယူလိုက်တယ်။

စိတ်ဓာတ်ကျတဲ့အချိန်
စိတ်ဓာတ် အရမ်းကျသွားတဲ့အချိန်က ငိုတဲ့အချိန်ပဲ။ အိမ်မှာ အော်ငိုပစ်လိုက်တယ်။ ငိုပြီးရင် ပြီးသွားပြီ။ ဘာသာရေးအမြဲလုပ်တယ်။ စိတ်ရှုပ်လာပြီဆိုရင် ဘာသာရေးလုပ်ပေမဲ့လည်း ပုထုဇဉ် ဆိုတော့ မထိန်းနိုင်ဘူး။ Pressure တွေ အရမ်းများလာရင် ရှေ့ရေး၊ နောက်ရေးတစ်ယောက်တည်း တွေးပူရတဲ့အခါကျတော့ မခံနိုင်ရင် အကောင်းဆုံးနည်းလမ်းက ငိုလိုက်တာပဲ။ ငိုပြီးသွားရင်တော့ တစ်ကနေပြန်စတယ်၊ Step by Step သွားတယ်။