Primary tabs

ကမ္ဘာကျော် စုံတွဲတို့ရဲ့ ချစ်ခြင်း...

Relationship တစ်ခုကို ရေရှည်တည်ဆောက်ကြတဲ့နေရာမှာ တစ်ဦးနဲ့ တစ်ဦး ချစ်ကြတယ်ဆိုတာထက်ပိုတဲ့ နားလည်မှု၊ သစ္စာရှိမှု၊ ယုံကြည်မှု စတဲ့အရာတွေ လိုအပ်တယ်ဆိုတာ ချစ်တတ်သူတိုင်း နားလည်လက်ခံထားကြတဲ့ အရာတွေဖြစ်ပေမယ့် ဒီအချက်တွေကို ချစ်သူနှစ်ဦးကြား ရေရှည်ခိုင်မြဲအောင် စွဲကိုင်ထားဖို့ကတော့ အနည်းအများ ခက်ခဲကောင်းခက်ခဲကြတာချည်းပါပဲ...

ဒါဆို အနောက်နိုင်ငံတွေက ကမ္ဘာတစ်လွှားထင်ရှားကျော်ကြားနေတဲ့ Star စုံတွဲတွေအကြောင်း တစ်ချက်လောက် တီးခေါက်ကြည့်ရအောင်...

Beyonce & Jay Z
ဂီတလောကက စံပြ ကြယ်နှစ်ပွင့်လို့ တင်စားပြီး ပြောရလောက်အောင် လက်ရှိအချိန်အထိ တစ်ဦးလက်တစ်ဦး မြဲမြဲ ခိုင်ခိုင် တွဲလာနိုင်တဲ့ Mr &  Mrs Carter တို့ စုံတွဲပဲ ဖြစ်ပါတယ်။  သန်းချီသော သူတို့ရဲ့ ပရိသတ်တွေကတော့ JayZ နဲ့ Beyonce လို့ သိကြပါတယ်။ 

နှစ်ယောက်လုံးရဲ့ အောင်မြင်မှုတွေကို ကြည့်ခြင်းအားဖြင့် ဘယ်သူက အရည်အချင်းပိုရှိတယ် မရှိဘူး၊ ပိုအောင်မြင်တယ် မအောင်မြင်ဘူးလို့ ပြောဖို့ခက်ခဲပေမယ့် တစ်ယောက်ကို တစ်ယောက် အပြန်အလှန်နားလည်မှုနဲ့ ခိုင်မြဲတဲ့ ဘ၀တစ်ခုကို တည်ဆောက်ထားကြတာကိုတော့ လွယ်ကူစွာ မြင်နိုင်ပါတယ်။ 

Beyonce ကို Houston မှာ မွေးဖွားခဲ့ပြီး ငယ်ငယ်တုန်းကတော့ အကကို ပိုင်နိုင်စွာကပြနိုင်တဲ့ သူတစ်ယောက်အဖြစ်သာ သူမကိုယ် သူမ သိခဲ့တာပါ။ ဒါပေမယ့် မကြာခင်အချိန်မှာပဲ သူမရဲ့ သီချင်းသီဆိုနိုင်တဲ့ စွမ်းရည်ကို သူမ သိရှိခဲ့ရပြီး နောက်မှာတော့ ပထမဆုံး Beyonce ဟာ  Girls Tyms အဖွဲ့ မှာ စတင်လှုပ်ရှားခဲ့ပြီး အောင်မြင်မှု မရခဲ့ပေမယ့် ၁၉၉၇ ခုနှစ်မှာ Beyonce ဟာ Destiny’s Child အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် လူသိများခဲ့ပါတယ်။ 

Jay-Z ကတော့ 1969 ခုနှစ်မှာ Shawn Corey Carter က မွေးဖွားခဲ့ပြီး သူ့ကို Jay-Z ဆိုပြီး အောင်မြင်မှု ရရှိစေခဲ့တာကတော့ Reasonable Doubt ဖြစ်ပြီး Platinum Multi-million အဆင့် ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ 

ဒီလိုမျိုး အောင်မြင်မှုအသီးသီးကို များစွာပိုင် ဆိုင်ထားကြတဲ့ Beyonce နဲ့ Jay-Z တို့ တွေ့ဆုံမှုက ရိုးရင်းတယ်လို့ပဲ ပြောရမလား သူငယ်ချင်းအဖြစ်ကနေ စတင်ခဲ့တာပါလို့ Oprah Winfrey နဲ့ အင် တာဗျူးမှာ ဖြေကြားခဲ့ပါသေးတယ်။ ဒီလိုပဲ သူငယ်ချင်းအဖြစ်နဲ့ ဖုန်းတွေဆက် ဖုန်းတွေပြောရင်းကနေ တစ်နှစ်တာ ကာလလောက် အချိန်ဖြုန်းခဲ့ပြီး နောက်မှာ Date လုပ်ဖြစ်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ်  တစ်နှစ်လောက် သူငယ်ချင်း အနေအထားနဲ့ အချိန်ကုန်ခဲ့တယ် ဆိုပေမယ့် Beyonce ကတော့ ဒီလို သူငယ်ချင်း အဖြစ် ၁ နှစ်တာလောက်ရှိနေခဲ့လို့သာ သူတို့ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိခဲ့တယ်လို့ ထင်ပါတယ်ဆိုပြီးတော့ ဖြေကြားခဲ့ပါတယ်။  သူတို့နှစ်ဦး စတင် Date လုပ်ဖြစ်တဲ့ အချိန်က ၂၀၀၀ ခုနှစ်လောက်ဖြစ်ပြီး နှစ်ယောက်လုံးရဲ့ အောင်မြင်မှုတွေကလည်း ထိပ်ဆုံးတစ်နေရာမှာ ရောက်ရှိနေတဲ့ အချိန်ပါ။ ဒီလိုနဲ့ ချစ်သူတွေအဖြစ် လက်တွဲလာကြ​ပီး ၂၀၀၃ ခုနှစ်၊ ချစ်သူသက်တမ်း သုံးနှစ်လောက်မှာ ပထမဦးဆုံး Jay-Z နဲ့ Beyonce တို့ရဲ့ အတွဲသီချင်လေးဖြစ်တဲ့ 03 Bonnie & Clyde ကတော့ သူတို့ နှစ်ဦးအတွက် အမှတ်တရ ဖြစ်စေခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။ ၂၀၀၈ ခုနှစ်၊ ချစ်သူသက်တမ်း ၈ နှစ်မြောက်မှာပဲ တိတ်တဆိတ် လပ်ထပ်ခဲ့ကြတာပါ။ 

လက်ထပ်တာကို အလျင်စလို ဆုံးဖြတ်ခဲ့တာ မဟုတ်သလို အလျင်စလို ဆုံးဖြတ်သင့်တဲ့ အရာလည်း မဟုတ်ပါဘူးလို့ US Magazine နဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားထားတာကို ဖတ်ရှု့ခဲ့ရဘူးပါတယ်။ ဘာလို့လဲဆိုတော့ အသက် ၂၅ နှစ် မကျော်ရင် လက်မထပ်ဘူးဆိုတဲ့ သူမကိုယ်သူမ သတ်မှတ်ဆုံးဖြတ်ထားတာကြောင့်ပါ ။ ပြီးတော့ အသက် ၂၀ မှာ ထင်တဲ့ အတွေးနဲ့ အသက် ၃၀ မှာတွေးတဲ့အတွေးနဲ့ လိုအပ်ချက်တွေကတူမှာ မဟုတ်တဲ့လည်းပါတယ်လို့ ပြောခဲ့ပါတယ်။ 

အိမ်ထောင်သက် ၅ နှစ်ခန့်အကြာ၊ ၂၀၁၂ ခုနှစ်မှာ Blue Ivy ဆိုတဲ့ သမီးလေးတစ်ယောက် ရခဲ့ပါတယ်။ အခုလို အချစ်တော်လေးတစ်ယောက် Jay-Z နဲ့ Beyonce တို့ရဲ့ ဘ၀ထဲကို ရောက်ရှိလာခဲ့ခြင်းက သူတို့ဘ၀ကို ပိုမိုပြီးပြည့်စုံစေခြင်းဖြစ်
ပြီး သူမရဲ့ဘ၀က ပိုပြီး အဓိပ္ပါယ်ရှိစေခဲ့တာပါလို့ Oprah ကို ဖွင့်ဟပြောဆိုဘူးပါတယ်။  

Jay-Z ရဲ့ Ivy အပေါ်မှာ ထားရှိတဲ့ ဆန္ဒကတော့ သူ့ကိုယ်သူ တန်ဖိုးထားချစ်တတ်တဲ့ သူတစ်ယောက် ဖြစ်ရမယ်။ ပြီးတော့ မိဘကိုလေးစားပြီး ကိုယ့်ကိုယ်ကိုလည်း လေးစားရမယ်၊ ကိုယ်ကျင့်တရားကောင်းတဲ့ သူတစ်ယောက် ဖြစ်ရမယ်ဆိုတာတွေကို မျှော်လင့်ထားတာပါ။ ဇနီးဖြစ်သူ Beyonce ကတော့ jay-Z ငယ်စဉ်က ဖြစ်ခဲ့တဲ့ မူးယစ်ဆေးသုံးဆွဲတာတွေ Gang Star ဆန်ဆန် နေထိုင်မှုတွေကြောင့် ကလေးကလေးစားမှုရှိပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးတွေ ရှိနေပေမယ့် Jay-Z 
က လက်ရှိ သမီးလေးမွေးဖွားလာတဲ့ အချိန်မှာ အရင်က သူ မဟုတ်တော့သလို ပြောင်းလဲခဲတာကြောင့် Beyonce တစ်ယောက် စိတ်အေးခဲ့ရတယ်လို့ထင်ပါတယ်။ ခုချိန်မှာဆိုရင်တော့ သူတို့ နှစ်ဦးဟာ အိမ်ထောင်သက် ၈ နှစ်နဲ့ ချစ်သူသက်တမ်းပေါင်းရင် ၁၆ နှစ်တာ ကာလတစ်လျောက် အတူတူလက်တွဲခဲ့ကြတဲ့ စံထားစရာ Cele စုံတွဲတစ်တွဲအဖြစ် လက်ရှိရပ်တည်နေပါတယ်။ 

Tom Hanks & Rita Wilson
၁၉၈၈ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတဲ့ အမေရိကန်ရုပ်ရှင် သရုပ်ဆောင်မင်းသား Tom Hanks နဲ့ သူ့ရဲ့ ဇနီး Rita Wilson တို့ရဲ့ အချစ်တွေကိုလည်း တစ်ချက်လောက် စပ်စုကြည့်ရအောင်...

အမေရိကန်ရဲ့ cele မှန်သမျှ မလွတ်တန်း အင်တာဗျုးလေ့ရှိတဲ့ Presenter မိခင်ကြီး Oprah Winfrey ရဲ့ Talk Show ကို Tom Hanks နဲ့ Rita Wilson တို့ စုံတွဲ ရောက်ရှိခဲ့ပါပြီ… Oprah Winfrey ရဲ့ ထုံးစံအတိုင်း မေးခွန်းတွေကတော့ စုံလိုပေါ့… ဒီထဲကမှ Relationship နဲ့ ပတ်သက်ပြီး ယခုလက်ရှိ ဇနီးအပေါ်မှာ ဘယ်လိုမြင်သလဲဆိုတဲ့ မေးခွန်းကို Tom Hanks တစ်ယောက် ဘယ်လိုများ ဖြေခဲ့ပါလိမ့်။

သူဟာ အရမ်းကံကောင်းတဲ့ သူတစ်ယောက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ Rita ကို ပိုင်ဆိုင်ခွင့်ရတာဟာ ထီပေါက်သလိုပါပဲ ကျွန်တော့်အတွက် Rita လိုသူမျိုး နောက်ထပ် မရနိုင်တော့သလို ကျွန်တော့်ရဲ့ကောင်းတဲ့ အရာတွေအားလုံးကို လုပ်ဆောင်နိုင်တာဟာလဲ သူမအကူအညီနဲ့ ဖြစ်ပြီး၊ ကျွန်တော့်ရဲ့ အောင်မြင်မှုတိုင်းမှာလည်း သူမရဲ့ အကူအညီ မကင်းခဲ့ပါဘူးလို ဆိုပါတယ်။ Rita ဟာ ကျွန်တော့်အတွက် ဇနီးကောင်းတစ်ယောက်ဖြစ်သလို အတိုင်ပင်ခံ သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်လို့ Oprah ကို ဖြေကြားခဲ့ပါတယ်။ 

ဒီအင်တာဗျုးကို ကြည့်ပြီးတဲ့နောက်ပိုင်းမှာ အေးအတူ၊ ပူအမျှဆိုတဲ့ သီချင်းလေးကိုတောင် ပါးစပ်က ရေရွတ်မိလိုက်ပါသေးတယ်။ ဒါကြောင့်လည်း Paparazi တွေ သတ်မှတ်ထားတဲ့ Relationship အကြာဆုံး နာမည်ကြီးစုံတွဲတွေထဲက Tom Hanks နဲ့ Rita Wilson တို့စုံတွဲက တစ်တွဲဖြစ်နေရတယ်လို့ ထင်ပါတယ်။ 

အမှန်တကယ်တော့ Rita က Tom Hanks ရဲ့ ဒုတိယမြောက်ဇနီး ဖြစ်ပါတယ်။ 1978 ခုနှစ်မှာ Tom Hanks က အမေရိကန်ရဲ့ နာမည်ကျော် ရုပ်ရှင်မင်းသမီး တစ်ဦးဖြစ်တဲ့ Samantha Lewes နဲ့ လက်ထပ်ခဲ့ပြီး လက်ရှိမှာ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ သမီးကြီး Colin နဲ့ အသက် ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ သမီးငယ် Elizabeth တို့  နှစ်ဦးရှိခဲ့ပါတယ်။ Samantha Lewes နဲ့ ကတော့ ၁၉၈၇ ခုနှစ်မှာ တရားဝင်ကွာရှင်းခဲ့တာဖြစ်ပြီး လက်ရှိ Second Wife ဖြစ်တဲ့ Rita နဲ့ကတော့ ၁၉၈၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ အချိန်က Tom Hanks ဟာ လက် ထောက် ဒါရိုက်တာအဖြစ်နဲ့ My Big Fat Greek Wedding 2 ရိုက်ကူးနေတဲ့ အချိန်ဖြစ်ပြီး Rita ကတော့ ဒီဇာတ်ကားမှာ Cheerleader နေရာကနေ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးရင်းက နှစ်ယောက်သား ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ ချစ်သူသက်တမ်း သိပ်မကြာခင်မှာပဲ လက်ထပ်ခဲ့ကြပြီးတော့ လက်ရှိမှာတော့ သားကြီး Chester Marlon နဲ့ သားငယ် Truman Theodore တို့ နှစ်ယောက်ကို ပိုင်ဆိုင်ထားကြတဲ့ အိမ်ထောင်သက် ၃၀ ကျော် စုံတွဲတစ်တွဲ ဖြစ်ပါတယ်။

နှစ်ပေါင်း ၃၀ ကျော်ဆိုတဲ့ အိမ်ထောင်သက်တမ်းကို အဆင်ပြေမှုတွေနဲ့ပဲ ဖြတ်သန်းခဲ့ကြတာ မဟုတ်ပါဘူး၊ Rita က ရင်သားကင်ဆာကြောင့် ရင်သားနှစ်ဖက်လုံး ခွဲစိတ်ထားခဲ့ရပါတယ်။ ဒီလို အဖြစ်အပျက်တွေပြီးတဲ့ နောက်ပိုင်းမှာတော့ Tom 
Hanks တစ်ယောက် Media တွေရဲ့ စိတ်ဝင်စားခြင်းကို အကြီးအကျယ်ခံခဲ့ရပါသေးတယ်။ အားလုံးသိချင်နေကြတာကတော့ တစ်ခုတည်းပါပဲ... Tom Hanks တစ်ယောက် ဒီရောဂါဖြစ်နေတဲ့ Rita ကို ထားခဲ့ပြီး ဖောက်ပြန်မလားဆိုတဲ့ မေးခွန်းတွေ၊ ထင်မြင်မှုတွေပဲ ဖြစ်ပါတယ်။

သို့ပေမယ့် Tom Hanks က “သူလိုအပ်နေတဲ့အချိန်မှာ အနားမှာ ရှိပေးခဲ့တယ်၊ နှစ်သိမ့်ပေးခဲ့တယ်၊ ဖောက်ပြန်ဖို့ဆိုတာထက် သူအဆင်ပြေဖို့သာ မျှော်လင့်ကြောင်း” အင်တာဗျူး တစ်ခုမှာ ဖြေခဲ့ပါတယ်။ တကယ်လည်း ဟုတ်ပါတယ်၊ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့တဲ့ Rita ကလည်း Tom ရှိနေလို့ ကျွန်မ အတော်လေးစိတ်သက်သာရာရခဲ့တယ်ဆိုတဲ့ အကြောင်းကို ပြန်လည်ဖြေကြားခဲ့တဲ့ အဖြေတွေက Tom Hanks ရဲ့ Rita Wilson အပေါ်ထားတဲ့ အချစ်တွေကိုဖော်ပြနေသလို၊ နှစ်ဦးသား အခက်အခဲတွေကို ဘယ်လောက်ပဲ တွေ့ပါစေ နှစ်ဦးသား အတူမခွဲ တွဲလျက်ရှိနေမယ်ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြလိုက်သလို တစ်ဦးနှင့် တစ်ဦးနားလည်မှု၊ သစ္စာရှိမှု စတာတွေကလဲ Relationship တစ်ခုခိုင်မြဲစေဖို့အတွက် အဓိကလိုအပ်တယ်ဆိုတာကို သက်သေပြလိုက်သလိုပါပဲ။

WILL & Jada Pinkett Smith
ကမ္ဘာကျော်စုံတွဲတို့ရဲ့ Relationship တွေအကြောင်း ပြောဆိုနေကြရာမှာ ဒီတစ်ခါတော့ ကျွန်တော်တို့ Hollywood ထဲ ၀င်ကြည့်ပါမယ်... တော်တော်များများတော့ တွေ့ပေမယ့် စာဖတ်သူ တို့ ပုံမြင်တာနဲ့ သိလွယ်စေမယ့် စုံတွဲ တစ်တွဲကို ရွေးထုတ်လိုက်ပါတယ်။ 

Will Smith လို့ လူသိများတဲ့ Willard Carroll Smith နဲ့ Jada Pinkett Smith တို့ စုံတွဲပါ။ Will Smith ဟာဆိုရင်တော့ American သရုပ်ဆောင် တစ်ဦးဖြစ်တဲ့အပြင် ထုတ်လုပ်သူတစ်ဦးသာမက သီချင်းတွေလဲရေးသလို Rapper တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်လောက်က အမေရိကန်ရဲ့ Weekly သတင်းစာတစ်စောင်ဖြစ်တဲ့ Newsweek ရဲ့ ဖော်ပြချက်အရ Hollywood ရဲ့ အင်အားအကြီးဆုံး သရုပ်ဆောင်တစ်ယောက်လို့ တင်စားခြင်းကို ခံထားရတဲ့ Will Smith ဟာဆိုရင် ၁၉၉၂ မှာ Sheree Zampino နဲ့ လက်ထပ်ခဲ့ပြီး Tery Smith ဆိုတဲ့ သားတစ်ယောက်ရရှိခဲ့ပါတယ်။ ဒါပေမယ့် သဘောထား မတိုက်ဆိုင်မှုတွေကြောင့် ၁၉၉၅ ခုနှစ်လောက်မှာ တရားဝင်ကွားရှင်းခဲ့ကြတာပါ။ ဒီလို Sheree နဲ့ ကွာရှင်းပြတ်ဆဲပြီး ၂ နှစ်ခန့် အကြာ ၁၉၉၇ ခုနှစ်မှာ အမေရိကန် သရုပ်ဆောင်၊ အဆိုတော်တစ်ဦးဖြစ်တဲ့ Jada Korean Pinkett နဲ့ တရားဝင် လက်ထပ်ခဲ့ကြတာပါ။

Jada Korean Smith ဟာလဲ ဇာတ်ကားပေါင်းရာချီရိုက်ကူးထားပြီး The Women၊ Bad Moms နဲ့ Scream 2 လိုမျိုး နာမည်ကြီးရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Action မင်းသမီးတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ Jaden နဲ့ Willow ဆိုတဲ့ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရဲ့ မိခင်ဖြစ်နေပါပြီ။

ဒီလို ကမ္ဘာကျော် အနုပညာရှင်နှစ်ဦးရဲ့ အချစ်ရေးဟာ အစပိုင်းမှာ Will Smith က အရင် အိမ်ထောင်ရှိခဲ့တယ်ဆိုတဲ့ အချက်ကြောင့် ပြစ်တင်ဝေဖန်မှုများစွာ ခံခဲ့ရတဲ့အတွက်ကြောင့် အဆင်မပြေဖြစ်ခဲ့ပေမယ့် ဒီလို ဝေဖန်မှုတွေက သူတို့ရဲ့ 
ပြောင်မြောက်လှတဲ့ အနုပညာ အရည်အချင်းတွေကြောင့် တစ်ကမ္ဘာ လုံးက သူတို့ရဲ့ပရိသတ်တွေက အချစ်မပြတ်ခဲ့ကြပါဘူး။ 

ချစ်သူသက်တမ်းက ၂ နှစ်လောက်သာ ကြာမြင့်ခဲ့ပြီး Will Smith နဲ့ Jada Smith တို့ရဲ့ တွေ့ ဆုံမှုက သဘောကျစရာကောင်းပါတယ်။ Will Smith အဓိက ပါဝင်သရုပ်ဆောင်မယ့် The Fresh Prince of Bel-Air ဆိုတဲ့ ဇာတ်ကားမှာ မင်းသမီးနေရာအတွက် Jada က ၀င်ရောက် လျောက်ထားခဲ့ တာဖြစ်ပြီး အဲဒီအချိန်ကတည်းက တစ်ဦး နှင့် တစ် ဦး စိတ်ဝင်ခဲ့ကြတာပါ။ ပထမဆုံး တရားဝင် ချိန်းတွေ့ဖြစ်ကြတာကတော့ Maxico မှာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတည်းက တစ်ယောက်နဲ့ တစ်ယောက် အလေးအနက်ထားပြီး စကားပြောဖြစ်ခဲ့ကြတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားတာ ကို ဖတ်ရှု့ခဲ့ဖူးပါတယ်။ ချစ်သူသက်တမ်းတစ်လျှောက်တော့ နှစ်ယောက်သား သိပ်မတွေ့ကြပေမယ့် မှတ်မှတ်ရရ နှစ်ယောက်လုံးရဲ့ သူငယ်ချင်းတွေနဲ့ ညစာအတူ စားခဲ့ဖူးပါတယ်လို့ Jada ကလည်း ပြန်လည်ဖြေကြားထားပါတယ်။ 

ချစ်သူသက်တမ်း ၂ နှစ်လောက်မှာ လက်ထပ်ကြပေမယ့် စောလွန်းတယ်လို့ ပြောလို့မရပါ ဘူး… Relationship တစ်ခုကို ရေရှည်စေတာက လက်ထပ်ခြင်းဆိုတာထက် နှစ်ယောက်သားအတူတူ ဘယ်လို လျောက်လှမ်းရမလဲဆိုတာက ပိုပြီး 
အဓိက ကျပါတယ်။ အစပိုင်းမှာတော့ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက အေးစက်နေပေမယ့် ရယ်မောခြင်း စတာမျိုးတွေတောင် မလုပ်ဖြစ်ကြပေမယ့်  လက်ထပ်ပြီးနောက် ချစ်တဲ့သူနဲ့အတူ သွားချင်တဲ့နေရာတွေကို သွားရတာ ဈေးဝယ်ထွက်ရတာ စတာမျိုးတွေကြောင့် နှစ်ယောက်သား ပိုမိုရင်းနှီးမှုရလာကြတာပါလို့ Jada က  အင်တာဗျူး တစ်ခုမှာ ဖြေဆိုထားတာကို ဖတ်ရှုရဖူးပါတယ်။ 

အမျိုးသမီးဖြစ်တဲ့ Jada ရဲ့ Will အပေါ်ထားရှိတဲ့ နားလည်မှုက ဘယ်လောက်ထိလည်း ဆိုရင် Will ရဲ့ အရင်အိမ်ထောင်နဲ့ ရရှိခဲ့တဲ့ သားဖြစ်တဲ့ Trey ကိုတောင် မေတ္တာမပြတ် ချစ်ပေးနေနိုင်သေးတာပါ။ Trey ဆိုတာကလည်း သူ့​အဖေဖြစ်တဲ့ Will ရဲ့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ အနုပညာဝါသနာ မသေးသူတစ်ယောက်ပါ။ Jada နဲ့ Will တို့ရဲ့ သားအရင်းဖြစ်တဲ့ Jaden ကတော့ စာဖတ်ပရိသတ်တွေကို ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘူးလို့ထင်ပါတယ်။ ၂၀၁၀ ခုနှစ်လောက်မှာ နာမည်ကြီး ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ခဲ့တဲ့ The Karate Kid ဆိုတဲ့ ဇာတ်ကားမှာ ကမ္ဘကျော် သရုပ်ဆောင်ကြီး ဂျက်ကီဂျန်း နဲ့ ဇာတ်လိုက်နေရာကနေ သရုပ်ဆောင်ရင်း နာမည်ရလာခဲ့တဲ့ Will နဲ့ Jada တို့ရဲ့ ထူးချွန်သားတစ်ယောက် ဖြစ်ပါတယ်။ သမီး အရင်းဖြစ်တဲ့ Jaden ရဲ့ ညီမ Willow ကလည်းပဲ အဖေဖြစ်သူ will smith ရဲ့ တွန်းအားပေးမှုကြောင့် 2007 ခုနှစ်မှာ Will Smith ရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ခဲ့တဲ့I Am Legend ရုပ်ရှင်ဇာတ်ကားမှာ Robert ရဲ့ သမီး Marley Neville အဖြစ် ပါဝင်သရုပ်ဆောင်ရာကနေ နာမည်ရရှိခဲ့တာ ဖြစ်ပါတယ်။ ယခု အချိန်မှာတော့ မောင်နှမနှစ်ယောက်လုံးဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာပါ အောင်မြင် 
နေကြတဲ့ ကမ္ဘာကျော်တွေ အဖြစ်မြင်တွေ့ နေကြရတယ်ဆိုတာ စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။ 

အခုလို အိမ်ထောင်တစ်ခုကို နှစ်ယောက်သားအောင်မြင်အောင် ဘယ်လိုများ ထိန်းသိမ်းကြသလဲဆိုတဲ့ လျို့ဝှက်ချက်တွေကတော့ ပြောရင်ဆုံးနိုင်မှာ မဟုတ်ပါဘူး… သို့ပေမယ့် Will နဲ့ Jada တို့ရဲ့ အချစ်ခိုင်မြဲမှုကတော့ ၁၉ နှစ်တာ ကာလရှိခဲ့ပါ ပြီ...

Oprah Winfrey & Stedman Graham
ကဲ… လာပါပြီ... အမြဲတမ်းသူများအကြောင်းတွေပဲ စပ်စုနေတတ်တဲ့ Oprah Winfrey တစ်ယောက်…

သူမရဲ့ Relationship ကရော ဘယ်လိုအနေအထားမှာ ရှိနေသလဲဆိုတာ တစ်ပြန် တီးခေါက် ကြည့်ကြရအောင်…

Oprah တစ်ယောက် သူမရဲ့ ခြံထဲမှာ သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားဖို့ ပြင်ဆင်နေပါတယ်… သူမရဲ့ Best friend တွေနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့ မကြာခင်အချိန်မှာ ရောက်လာခဲ့ပြီး တစ်ချို့သော သူတို့ရဲ့ သူငယ်ချင်းတွေကလည်း လိုက်ပါလည်ပတ်ကြတာပါ။ အဲဒီအချိန်မှာ Oprah ရဲ့နှလုံးသားကို လှုပ်ခတ်စေခဲ့တဲ့ သူတစ်ယောက်ရှိနေပါတယ်။ အစားအသောက်တွေသာ ပြင်ဆင်နေရတယ် စိတ်နဲ့ မျက်လုံးတွေကတော့ သူ့ဆီမှာပါ။ သူဆိုတာကတော့ လက်ရှိသူမ နှစ် ၃၀ ကျော် လက်တွဲလာပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်လည်းဖြစ်တဲ့ Oprah ရဲ့ ခင်ပွန်း Stedman Graham ပဲ ဖြစ်ပါတယ်။ ဒီလို အချိန်ကနေ စတင်တွေ့ဆုံခဲ့ကြပေမယ့် နှစ်ယောက်သားရဲ့ များပြားလှတဲ့ အလုပ်ကိစ္စတွေကြောင့် မချိန်းတွေ့ဖြစ်ကြပါဘူးလို့ Oprah ပြောတာကို ကြားဖူးပါတယ်။ 

ချစ်သူသက်တမ်း သိပ်မကြာသေးခင်မှာ လက်ထပ်ခဲ့ကြပြီး Stedman က အရင်အိမ်ထောင် နဲ့ ကလေးတစ်ယောက်ရှိဖူးပါတယ်။ ဒါပေမယ့် အနောက်တိုင်းသားတို့ သဘာဝ၊ ဖောက်ပြန်ကြတာမျိုးမဟုတ်ပဲ တစ်ယောက်နဲ့ တစ်ယောက် သဘောထားခြင်း မတိုက်ဆိုင်ရာကနေ တရားဝင်ကွာရှင်းပြတ်ဆဲပြီးတော့မှ တွေ့ခဲ့ကြတာပါ။ ၁၉၉၂ ခုနှစ်မှာ Stedman က Oprah ကို တရားဝင် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ Oprah အနေနဲ့လည်း ချစ်သူသက်တမ်း သိပ်မကြားသေးခင်မှာ လက်
ထပ်ခွင့်တောင်းခံရတဲ့အတွက် လည်းကောင်း၊ တစ်ခါမှ Date မလုပ်ဖြစ်ကြသေးပဲနဲ့ လက်ထပ်ခွင့်တောင်းခံရတဲ့အတွက်ကြောင့်လည်း အရမ်းကို အံ့သြနေခဲ့တယ်လို့ အင်တာဗျုးတစ်ခုမှာ ဖတ်ခဲ့ရဖူးပါတယ်။ 

ဘယ်လောက်ပဲ ချစ်သူသက်တမ်း နည်းသေးတယ်ပြောပြော Stedman လို အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က လေး  လေးနက်နက် ချစ်ခွင့်ပန်ခဲ့တာဖြစ်တဲ့အတွက် Oprah အနေနဲ့ မငြင်းနိုင်ခဲ့ပါဘူး… ဒီတစ်ချက်တင် မဟုတ်ပါဘူး Stedman ဟာ ကိုယ့်ချစ်သူအပေါ် ဂရုစိုက်တတ်သလို သွားလေရာမှာ ဇနီးအကြောင်း ဂုဏ်ဖော်ပြောဆိုတတ်သူတစ်ဦးလည်း ဖြစ်တယ်လို့ Oprah က ဆိုပါတယ်။ 

Oprah Winfrey ဆိုတာကလည်း ဂုဏ်ယူထိုက်စရာကောင်းတဲ့ အမျိုးသမီးတစ်ဦးပါ။ များသောအားဖြင့် တင်ဆက်သူ လောကမှာ ဘုရင်မတစ်ပါးအဖြစ် သတ်မှတ်ခံထားရတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ Oprah ရဲ့ Talk Show တွေမှာ အမေရိကန် သမ္မတလိုမျိုး နိုင်ငံခေါင်းဆောင်တွေနဲ့ ကမ္ဘာကျော် အနုပညာရှင်တွေ မှန်သမျှ ၀င်ရောက်တင်ဆက် ဆွေးနွေးကြဖူးပါတယ်။ Radio တင်ဆက်သူအဖြစ်လည်း လုပ်ကိုင်သလို ပရဟိတလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ ကမ္ဘာကျော် တင်ဆက်သူသရုပ်ဆောင် တစ်ဦးဖြစ်တာကြောင့်ပါ။ 

Oprah Winfrey ဆိုတဲ့ နာမည်ကြားရင်ကို အားလုံးက လေးစားရတဲ့ စံပြပုဂ္ဂိုလ် တစ်ဦးပါ။ လက်ရှိအချိန်ထိ သူမရဲ့ အောင်မြင်နေတဲ့ Talk Show ကနေ ကူညီခဲ့ဖူးတဲ့ ပရိသတ်များစွာရှိပြီး တစ်ကမ္ဘာလုံးကလည်း ကောင်းသော ပြောင်းလဲမှုတွေကို များစွာလုပ်နိုင်ပြီး လူတွေကို အကျိုးပြုနေတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် သတ်မှတ်ထားကြပါတယ်။ သူမရဲ့ အောင်မြင်လှတဲ့ Show တွေ အနုပညာလှုပ်ရှားမှုတွေကနေ ရရှိတဲ့ ၀င်ငွေအချို့ကို လှူဒါန်းမှုတွေ ပြုလုပ်တဲ့အပြင် စီးပွားရေးလုပ်ငန်းရှင်များရဲ့ ယုံကြည်ကိုးစားမှုကို ရရှိထားတဲ့ သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အောင်မြင် မှုနှစ်ခုကို ထပ်လောင်းပေါင်းဆင့်ကာ Oprah Winfrey နဲ့ Stedman Graham နှစ်ယောက်ဟာ တစ်ဦး နှင့် တစ်ဦး နားလည်မှု၊ သစ္စာရှိမှုတွေနဲ့ လက်တွဲလာခဲ့ကြတာဆိုရင် နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။