Primary tabs

Beauty Review

MIZON INTENSIVE SKIN BARRIER CREAM
DEEP MOISTURE LIFTING CARE CREAM ကတော့ Ceramide ပါဝင်မှုကြောင့် အစိုဓာတ်ကို အချိန်အကြာကြီး ထိန်းထားနိုင်ကာ…  အသားအရည်ကို ပိုမိုစိုပြည်တင်းရင်းစေပြီး နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့ Mild Formula ကြောင့် Skin ကို လုံးဝထိခိုက်မှုမရှိပဲ Double Moisturizing Layering ပါဝင်တဲ့အတွက် မျက်နှာပေါ်ရှိ အသားအရည်ကို ရေဓာတ်နှင့် ဆီဓာတ်ကို မျှတစေပါတယ်။
Hydration လို့ခေါ်တဲ့ ရေဓာတ်ပါဝင်မှုနှုန်း ပိုမိုများပြားတာကြောင့်… ခြောက်သွေ့ ပျက်စီးနေပြီး ရေဓာတ်ဆုံးရှုံးနေတဲ့ အသားရည်ပိုင်ရှင်တွေ အတွက် အထူးကောင်းမွန်စေပါတယ်။
အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့  Anti Wrinkle လို့ခေါ်တဲ့ အရေပြားတွန့်လာတာ၊ တွဲကျလာတာ၊ အရေးကြောင်းဖြစ်တာတွေကို လည်း သက်သာစေပါတယ်။
နုပျိုပြီးကျန်းမာတဲ့ အသားရည်ကိုပြန်လည်မွေးဖွားပေးနိုင်တဲ့အပြင် ရေဓာတ်ကို အမြင့်မားဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်တာကြောင့် ရွေးချယ်အသုံးပြုသင့်တဲ့ Functional Skin Care လေး ဖြစ်ပါတယ်။

SNOW WHITENING CREAM
SECRETGARDEN ကတော့ သဘာဝနှင်းဆီပန်းရဲ့ အဆီအနှစ် ပါဝင်တာကြောင့် ပုံမှန်လိမ်းပေးခြင်းဖြင့် အမဲစက်နှင့် နေလောင်ကွက်များကို သက်သာစေပြီး လည်ပင်း... ချိုင်း... ဒူး... တံတောင်ဆစ် စတဲ့ နေရာတွေကို ပုံမှန်လိမ်းပေးခြင်းဖြင့် ဖြူစင်ဝင်းပလာစေပါတယ်။
ည အိပ်ရာဝင်ချိန်တိုင်း Skin ကို Message လိုပါ ပုံမှန်နှိပ်နှယ်လိမ်းပေးခြင်းဖြင့်… အသားအရည်ပိုမိုဖြူစင်လာစေပါတယ်… နေရောင်ခြည်ဒဏ်ကိုအဆများစွာ ကာကွယ်ပေးနိုင်တာကြောင့် နေရောင်ထဲ အမြဲသွားသူတွေ ပုံမှန် လိမ်းသင့်ပါတယ်။
Day or Night ဘယ်အချိန်မဆို အသုံးပြုနိုင်ပြီး… နူးညံ့ညင်သာတဲ့ အထိတွေ့နှင့် ဆွဲဆောင်မှုရှိတဲ့ ရနံ့ကြောင့် တစ်နေ့လုံး လန်းဆန်းနေစေမှာပါ။

MIZON INTENSIVE SKIN BERRIER TONER
DEEP MOISTURE ESSENTIAL CARE  TONER က အသားရေခြောက်သွေ့ပြီး Dry Skin ကို ပိုင်ဆိုင်ထားတဲ့ သူတွေအတွက် ရေဓာတ်ကိုပြည့်ဝ အောင် ဖြည့်ဆည်းပေးနိုင်တဲ့ Hydration Essential ပါဝင်တာကြောင့် မိတ်ကပ်အမြဲလိမ်းပြီး ခြောက်သွေ့ကြမ်းတမ်းနေတဲ့ မျက်နှာပြင်လေးကို… စိုပြည်တင်းရင်းပြီး ပြန်လည် ချောမွေ့နူးညံ့လာစေမှာပါ။ Makeup ဖျက်ပြီး ညအိပ်ရာဝင် Skin ထိန်းသိမ်းဖို့အတွက်လည်း လိမ်းပြီး အိပ်စက်နိုင်ပါတယ်၊ ဝက်ခြံဖြစ်လွယ်သော သူတွေအတွက် အထူးကောင်းမွန် စေပါတယ်။


MIZON INTENSIVE SKIN BERRIER EMULSION
DEEP MOISTURE ESSENTIAL CARE EMULSION က မျက်နှာပေါ်ရှိ Two skin layar ကို ပြန်လည်ထိန်းညှိပေးနိုင်တာကြောင့် မျက်နှာကို Cleansing လုပ်ပြီး အချိန်မှာ အသုံးပြုနိုင်ပြီး Special for moisturized skin ကို ပိုင်ဆိုင်ရမှာပါ။
Mild Fomula နှင့် ထုတ်ထားတာဖြစ်လို့ Sensitive Skin တွေအတွက် အထူးကောင်းမွန်ပါတယ်။
ဒါ့အပြင် မျက်နှာပေါ်ရှိ အဆီဓာတ်နှင့် ရေဓာတ်ကို ထိန်းသိမ်းပေးနိုင်တာကြောင့် ဝက်ခြံဖြစ်ပေါ်စေမှုကိုလည်း ရပ်တန့်စေနိုင်ပါတယ်။
လိုအပ်သလောက် Amount ကို လက်ထဲထည့်ပြီး မျက်နှာအနှံ့ စိမ့်ဝင်အောင်လိမ်းပေးခြင်းဖြင့် စိုပြည်နူးညံ့တဲ့ အသားရည်ကို ပိုင်ဆိုင်ရမှာပါ။

MIZON INTENSIVE SKIN BERRIER SERUM
DEEP MOISTURE UFTING CARE SERUM ကတော့ အဓိကပေးစွမ်းတဲ့ အာနိသင်တွေက တော့ Dryness, Wrinkles, Dull Skin, စတဲ့ မျက်နှာအသားအရည်ပိုင်ရှင်တွေအတွက် လိုအပ်တဲ့ ရေဓာတ်ပမာဏကို ရရှိစေတဲ့အတွက်… တင်း
ရင်းစိုပြည်မှုကို ရရှိစေမှာပါ။ Hyaluronic Acid နှင့် Ceramide ပါဝင်မှုကြောင့် အသားအရည်ရဲ့ အပေါ်ယံတင်မဟုတ်ပဲ အတွင်းပိုင်းအထိ  ကာကွယ်ပေးသောကြောင့် ခြောက်သွေ့မှုတွေရပ်တန့်ပြီး ကြည်လင်စိုပြည်စေပါတယ်။ နေရောင်ခြည်ဒဏ် ကိုလည်း ကာကွယ်ပေးနိုင်သောကြောင့် တင်းတိတ်၊ ဝက်ခြံ၊ မှဲ့ခြောက်ဖြစ်စေမှုကို ရပ်တန်စေနိုင်ပါတယ်။