Primary tabs

Beauty Review

Secret Garden Snow Whitening Cream 


120 ml ပါဝင်တဲ့ Secret Garden ရဲ့ Snow Whitening Cream ဟာ နေလောင်ခြင်းကြောင့် ဖြစ်ပေါ်စေတဲ့ အမဲစက်နဲ့ နေလောင်ကွက်များအတွက် အသုံးပြုနိုင်ပါတယ်။ မျက်နှာနှင့် ခန္ဓာကိုယ် အားလုံးကို အသုံးပြုနိုင်ပြီးတော့ နေ့၊ ည မရွေး အသုံးပြုနိုင်ပါတယ်။ ညဘက်အိပ်ယာဝင်ခါနီးမှာ နှိပ်နှယ်ပေးတဲ့ ခရင်(မ်)ကဲ့သို့ လိမ်းလျှင် အသားအရေကို ဖြူဝင်းလာစေတဲ့ အာနိသင်ရရှိစေပြီး လည်ပင်း၊ ဂျိုင်း၊ လက်မောင်း ၊ ခြေထောက် အစရှိသောနေရာများကို လိမ်းပေးနိုင်ပါတယ်။

The Skin House  Marine Active Line


ရေဓါတ်ကို အဓိကဖြည့်တင်းပေးနိုင်တဲ့ Marine Active Line ဖြစ်ပါတယ်။ ပင်လယ်ရေ ပင်လယ်ရေညှိအဆီအနှစ် Hyaluronic Acid နဲ့ Ceramide တို့ ပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး အသားအရေကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ ခြောက်သွေ့တဲ့ မျက်နှာအသားအရေအတွက် သင့်တော်ကောင်းမွန်ပြီးတော့ ကြည်လင်တင်းရင်းစေနိုင်ပါတယ်။

The Skin House Vocalinic Water Mineral Line


အသားအရေအတွက် ရေဓါတ်ဖြည့်တင်းခြင်းကို ပုံမှန်ရေဓါတ်ဖြည့် Product များထက် ပိုမိုဖြည့်တင်းပေးနိုင်ပြီး အသားအရေအတွက် လိုအပ်တဲ့ အဟာရတွေကိုလည်း ဖြည်းပေးနိုင်စွမ်းရှိပါတယ်။ တစ်ကြိမ်တစ်ခါသုံးပြီးရုံနဲ့တင် သိသာသော ထူးခြားသောပြောင်းလဲမှုကို ခံစားရစေနိုင်ပါ တယ်။ ဂျယ်ဂျူကျွန်းမှ Vocalnic Water ၊ Snail Secretion Fitrate ၊ Psidium Guajava Fruit နဲ့ Acerola တို့မှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

The Skin House Tightening Plus Line


သဘာဝအဟာရ အားဖြည့်ပစ္စည်း Witch Hazel ၊ Centellaasiatica ၊ Tea Extract ၊ Camellia တို့ကနေ ထုတ်လုပ်ထားတဲ့ Tightening Plus Line ဟာ Sensitive Skin အသားအရေရှိသူတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Pore 
Care Product ဖြစ်ပြီးတော့ အသားရေကို တင်းရင်းစိုပြေစေတဲ့ အာနိသင်တွေ ရရှိစေမှာ ဖြစ်ပါတယ်။

Dr.SOMCHAI ACNE Whip Foam 


ဝက်ခြံထွက်တတ်သူများအတွက် Acne Whip Foam ဖြစ်ပါတယ်။ မျက်နှာသစ်ရုံနဲ့ ဝက်ခြံများကို သက်သာစေရုံမျှမက မှဲ့ခြောက်၊ အဆီပြန်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းများကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ Japanese Camellia ၊ Salicylic Acid (BHA)၊Tangerine From Jeju Island တို့မှ ထုတ်လုပ်ထားပြီး ဝက်ခြံများထပ်မံမထွက်စေဖို့ ဟန့်တားပေးနိုင်ပြီး အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။

SKIN 79 JEJU ALOE SKIN CARE LINE  


ကိုရီးယားနိုင်ငံ Jeju ကျွန်းမှရရှိတဲ့ ရှားစောင်းလပတ်ကနေ ထုတ်ယူထားတဲ့ Aloe Skin Care Item လေးဖြစ်ပါတယ်။ အစိုဓာတ်ကို ထိန်းညှိပေးပြီး ရှားစောင်းရဲ့ အဆီအနှစ်က အသားအရောင် မညီညာခြင်း၊ အသားအရေကြမ်းတမ်း၍ နီစပ်စပ်ဖြစ်ခြင်းနှင့် အဆီပြန်၍ စိတ်ညစ်နေသူများအတွက် အထူးသင့်လျော်ပါတယ်။ Magnolia နှင့် ပန်းပေါင်းစုံ ၈ မျိုးတို့၏  အဆီအနှစ်ကြောင့် အသားအရေကို အာဟာရ ပိုမိုပေးစွမ်းနိုင်ပြီး sensitive skin အတွက်ပါ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။