Primary tabs

Beauty Review

Doaru LipStick


Moisturizer ပါဝင်တဲ့ နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ Long-Lasting အမျိုး အစားဖြစ်တဲ့အတွက် အချိန်ကြာရှည်ခံစေပါတယ်။ ဂျပန်နိုင်ငံအဆင့်မြင့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားပြီး အမွှေးနံ့မပါဝင်ပါဘူး။ အမွှေး နံ့မထည့်ထားပေမယ့် ပင်ကိုယ်ရနံ့သင်းပျံ့မှုရှိတဲ့အပြင် နှုတ်ခမ်းသားကို Allergy မဖြစ်စေလို့ နှုတ် ခမ်းသားခြောက်ခြင်း၊ ကွဲအက်ခြင်းတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ နှုတ်ခမ်းပေါင်းဆေး ပါဝင် တဲ့အတွက်ကြောင့်လည်း နှုတ်ခမ်းသားညိုမဲခြင်းေ တွကို မဖြစ်စေသလို နှုတ်ခမ်းသားအရောင်ကို သဘာဝအတိုင်း လှပစေနိုင်ပါတယ်။ Doaru White LipStick ကို အရောင် (၆)ရောင် ထုတ်လုပ်ထားပြီး ကြိုက်နှစ်သက်ရာ အရောင်ကို ရွေးချယ်နိုင်ပါတယ်။

Doaru White SPF Creme Puff

နေရောင်ခြည်ကလာတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ SPF 25PPA+++ ပါဝင် တဲ့အတွက် နေရောင်ခြည်ကို အပြည့်အဝ ကာကွယ်နိုင်ပါတယ်။ အဆီပြန်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ချွေးစိုတဲ့အခါ မိတ်ကပ်ကွက်ခြင်းတွေလည်းမဖြစ်စေပါဘူး။ နုညံတဲ့ ဆီလီကွန် Puff လေးနဲ့ အနည်းငယ်လိမ်းရုံနဲ့ အကြိမ်ကြိမ်လိမ်းစရာ မလိုပဲ တစ်နေ့တာလုံးအတွက် မိတ်ကပ်မပျက်စေနိုင်ပါဘူး၊ အသားရေကိုလိုက်ပြီး နှစ်သက်ရာ အရောင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Doaru White SPF Creme Puff ကို Refill အနေနဲ့လည်း ထုတ်လုပ်ပေးထားပါတယ်။

Serect Garden Snow Whitening Serum


မျက်နှာပြင်ပေါ်မှာရှိတဲ့ ဆဲလ်သေများကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်များ ပြန်လည် ဖြစ်ပေါ်စေခြင်းကို အထောက်အကူပေးပါတယ်။ နေရောင်ခြည်ဒဏ်မှလာတဲ့ ခရမ်းလွန်ရောင်ခြည် များကို ကာကွယ်ပေးနိုင်ပါတယ်။ Snow Whiten-ing Serum ကို နေ့စဉ်အနည်းငယ် လိမ်းပေးရုံနဲ့ မျက်နှာပြင်ကို ကြည်လင်ဝင်းပစေပြီး ဖြူဝင်းလာစေမှာဖြစ်ပါတယ်။ 120 ml ပါဝင်ပြီး USA နိုင်ငံမှ ထုတ်လုပ်တာဖြစ်ပါတယ်။

Doaru 5X Lash Boosting Mascara 


Doaru 5X Lash Boosting Mascara ဟာ မျက်တောင်တိုသူများအတွက် သင့်လျှော်ပါတယ်။ နဂိုမျက်တောင်ထက် ၅ဆ ပိုထူပိုရှည်စေပြီး ရေစိုခံဖြစ်ပါတယ်။ အနည်းငယ် အသုံးပြုရုံနဲ့ ကော့နေ စရာကို မလိုပဲ ကော့ညွှတ်ရှည်လျားတဲ့ မျက်တောင် တစ်စုံကို ရရှိစေပါတယ် Silicone Brush လေးကြောင့်လည်းပေါ့ပါးပြီး နုညံစေပြီးတော့ လွယ် လွယ်ကူကူ ကော့ညွှတ်စေနိုင်ပါတယ်။ 12ml ပါဝင်ပါတယ်။

Mizon Dust Clean Up Series

Mizon Brand မှ အသစ်ထွက်မံထွက်ရှိ လာတာကတော့ Skin Care အာနိသင်နှင့်အတူ Cleansing Effect ကိုပါထည့်သွင်းထားတဲ့ Mizon Dust Clean Up Series ပဲ ဖြစ်ပါတယ်။ Mizon Dust Clean Up Series ဟာ အမဲစက်၊ တင်းတိပ်၊ အသားရောင်ညိုညစ်သူများ၊ ဆားဝက်ခြံရှိသူ၊ အသားရည်ခြောက်သွေ့ ကြမ်းတမ်းသူများအတွက် အထူးသင့်လျော်ပါတယ်။ Mizon Dust Clean Up Peeling Mask၊ Mizon Dust Clean Up Toner ၊ Mizon Dust Clean Up Peeling Serum၊ Mizon Dust Clean Up Peeling Cream တို့ ပါဝင်ပါတယ်။ Dust Clean Up Peeling Mask ကတော့ အရေပြားအပေါ်ယံလွှာမှာရှိတဲ့ ဆဲလ်သေတွေ၊ ဖုန်မှုန့်လေးတွေကို အပြည့်အဝ သန့်စင်အောင် ပြု လုပ်ပေးပြီး၊ ချွေးပေါက်အတွင်းပိုင်းထိ ထိရောက်စွာဖယ်ရှားပေးနိုင်ပါတယ်။ Dust Clean Up Toner ကတော့ Morrimga အဆီအနှစ်နဲ့ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ ဖုန်မှုန့်နဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ရုံသာမကဘဲ AHA ပါဝင်တဲ့အတွက် အသားအရေထိခိုက်မှုမရှိ နေ့စဉ် အသုံးပြုနိုင်ပါတယ်။ Dust Clean Up Peeling Serum ကတော့ မလိုအပ်တဲ့ ဆဲလ်သေ အညစ်အကြေးများကို အထူးဖယ်ရှားပေးကာ ချောမွေ့သန့်စင်သော အသားအရေကို ပိုင်ဆိုင်စေနိုင်ပါတယ်။ AHA 4% ရာခိုင်နှုန်းပါဝင်တဲ့ အထူးသန့်စင်မှုကို ပေးစွမ်းနိုင်ပါတယ်။ Dust Clean Up Peeling Cream ကတော့ ပြင်ပမှ ဖုန်မှုန့်အညစ် များကို နောက်ထပ်ကပ်ညိခြင်းမရှိအောင် တားဆီးကာကွယ်ပေးနိုင်တဲ့ Protect Cream ဖြစ်ပါတယ်။ မည်သည့်အသားအရေနဲ့မဆို သင့်တော်ပြီး ရေဓာတ်ကို ဖြည့်ပေးနိုင်စွမ်းရှိပါတယ်။ စေးကပ်မှုမရှိဘဲ နူးညံ့သော အထိအတွေ့နဲ့ လန်းဆန်းအေးမြမှုကို ရရှိစေနိုင်ပါတယ်။