Primary tabs

Beauty Review

Cooling Spring Water


အသားအရေကို ရေဓါတ်ဖြည့်တင်းပေးတဲ့ အရေဖြစ်ပါတယ်။ လန်းဆန်းအေးမြတဲ့ ခံစားမှုကို ဖြစ်ပေါ်စေပြီး Spray type ဖြစ်လို့ အချိန်နေရာမရွေး လွယ်ကူစွာနဲ့ အသုံးပြု ဖြန်းနိုင်ပါတယ်။ Alcoohol မပါဝင်တဲ့အတွက် အသားအရေ
တိုင်းအတွက် အသုံးပြုနိုင်ပါတယ်။ နေလောင်ခံထားရတဲ့ အသားအရေပေါ်ကို ဖြန်းပေးခြင်းဖြင့် နေလောင်ဒဏ်ကိုလျော့ပါး သက်သာစေပါတယ်။ ကလေး၊ လူကြီး အမျိုးသား၊ အမျိုးသမီး မရွေးအသုံး ပြုနိုင်ပါတယ်။ 100 ml ပါဝင်ပြီး Seaweed Glucose ၊ Sil Collagen Powder (၁၈) မျိုး ပါဝင်ထားလို့ အရေပြားအတွက် လိုအပ်တဲ့ amino acid ကို ဖြည့်နိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။

Gentle Peeling Treatment


ညစ်နွမ်းနေတဲ့ အသားအရေတွေကို တောက်ပလာစေနိုင်တဲ့ အစွမ်းနဲ့ Peeling ဖြစ်ပါတယ်။ နေလောင်ခြင်း ၀က်ခြံကြောင့်ဖြစ်တဲ့ အရေပြား ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ အရေပြားကို ထိခိုက်မှုမရှိစေဘဲ သန့်ရှင်းတောက်ပစေပြီး အမျိုးသားရော အမျိုးသမီးပါ တစ်ပတ်ကို နှစ်ကြိမ်အသုံးပြုနိုင်ပါတယ်။ Sodium Hyaluronate ပါဝင်တဲ့အတွက် အရေပြား အရေးအကြောင်းဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပြီး Scleroglucan gum လည်း ပါဝင်တဲ့အတွက် အရေပြားရဲ့ immune ကို ကာကွယ် နိုင်စွမ်းကောင်းစေပါတယ်။

SilkyGirl  Matte Junkie Lip Cream


Cream type အမျိုးအစားဖြစ်တဲ့အတွက် နှုတ်ခမ်းသာပေါ်မှာ အချိန်ကြာစွဲထင် လှပစေပါတယ်။ နှုတ်ခမ်းသားကို တင်းကြပ်ခြင်း ခြောက်သွေ့ ခြင်း စေးကပ်ခြင်းများမရှိစေတဲ့အတွက် ပေါ့ပါးတဲ့ ခံစားမှုကို ရစေပါတယ်။ ဆိုးလိုက်တာနဲ့ ခြောက်
သွေ့မှုမြန်ဆန်လို့ အချိန်သက်သာစေတယ်။ တိကျသပ်ရပ်တဲ့ အရောင်အဆင်းလေးနဲ့ နှုတ်ခမ်းသားကို ပေါ်လွင်လှပစေပါတယ်။ Kiss Proof တဲ့အတွက် ကော်ဖီခွက်၊ အင်္ကျီ၊ လက်ကိုင်ပုဝါတို့ကိုလည်း စွန်းထင်းခြမရှိစေပါဘူး။

Magic BB White Chiffon All-IN-ONE Powder Foundation


သနပ်ခါး သစ်သီးများမှ ရရှိတဲ့ အဖိုးတန် သဘာဝကုန်ကြမ်းများနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ BB White ဖြစ်ပါတယ်။ အထိအခိုက်မခံတဲ့ အသားရေပိုင်ရှင်များလည်း အသုံးပြုနိုင်တဲ့ အနံ့မပါတဲ့ Foundation ပါ။ Chiffon ဆိုတဲ့အတိုင်း ပိုးသားလို နုညံ့တဲ့ အထိအတွေနဲ့ နုညံ့မှုကိုလည်း ရရှိစေပြီး အရေပြားပေါ်မှာရှိတဲ့ အပြစ်အနာအဆာများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ အဆီပြန်ခြင်းနဲ့ အမဲစက်များဖြစ်ပေါ်ခြင်းကိုလည်း  ထိန်းချုပ်ပေးလို့ သဘာဝဆန်တဲ့ အလှကိုရရှိစေပါတယ်။ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပြီး နေ့စဉ်အသုံးပြုပါက အသားအရေကို ဖြူဝင်း စိုပြေလာစေနိုင်ပါတယ်။

Zain Layering Essence and Cream


Coreana ရဲ့ Luxury Brand ZAIN မှ အသစ်ထွက်ရှိတဲ့ Essence Cream ဖြစ်ပါတယ်။ သဘာဝရှားပါး ဝါးနက်ပင်အတွင်းသားကို ခြစ်ထုတ် ပေါင်းခံရရှိလာတဲ့  အဆီအနှစ်ကို ထည့်သွင်းဖော်စပ်ထားခြင်းဖြစ်ပါတယ်။ အသားရည်အလွှာတစ်ဆင့်ချင်း ဆီအလိုက် ရေဓါတ်အပြည့်အဝ ဖြည့်တင်းပေးနိုင်ပြီး စိုပြေအေးမြကာ ကြည်လင်သန့်စင်တဲ့ မျက်နှာပြင်ကို ပိုင်ဆိုင်ရရှိစေမှာပါ။ Zain Layering Essence ang Cream ရဲ့ အေးမြမြအထိအတွေ့နဲ့ အာနိသင်က စိတ်ကျေနပ်မှုကို အပြည့်အဝရစေပါတယ်။