Primary tabs

Beauty Review

Revlon Ultra HD Lipstick 
ဖယောင်းဆီပါဝင်မှုကင်းပြီး  HD Gel နည်းပညာကို အခြေခံထုတ်လုပ်ထားတဲ့ နှုတ်ခမ်းနီဖြစ်ပါတယ်။ နှုတ်ခမ်းသားအစိုဓါတ်ကို ထိန်းပေးပြီး အရောင်ထွက်အားကောင်းတာကြောင့် နှုတ်ခမ်းသားအလှကို ထင်ရှားစွာ ပေါ်လွင်စေပါတယ်။ ပေါ့ပါး
ချောမွတ်တဲ့ ခံစားမှုမျိုးကိုရရှိစေလို့ သက်တောင့်သက်သာရှိစေပါတယ်။ ရေဓါတ်ကို အပြည့်အဝ ဖြည့်စွမ်းပေးနိုင်တဲ့ Hyaluronic Acid ပါဝင်လို့ နှုတ်ခမ်းသားခြောက်သွေ့ခြင်းကင်းပြီး နှုတ်ခမ်းသားပေါ်မှာ အရောင်တာရှည်ခံစေပါတယ်။ သေး
သေးသွယ်သွယ်လှပတဲ့ ဗူးပုံစံလေးနဲ့ တိကျတဲ့ ထိပ်ဖျားလေးကြောင့် လိုသလိုပုံဖော်နိုင်ပါတယ်။ အသားညိုသူ အသားဖြူသူအားလုံးအတွက် ရွေးချယ်နိုင်တဲ့ အရောင် ၅ မျိုးထွက်ရှိပါတယ်။
Bio Oil
Bio Oil ဟာ အရေပြား ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ထုတ်ကုန်တစ်ခုဖြစ်ပြီး အမာရွတ်များ၊ အသားအရောင် မညီညာခြင်းတအား  လျော့ပါးသက်သာစေကြောင်း ထောက်ခံမှုရရှိထားပြီး အရေပြားအိုမင်းရင့်ရော်ခြင်း နှင့် အသားအရေ ရေဓာတ်ခမ်း ခြောက်ခြင်းအတွက်လည်း သင့်တော်ကောင်းမွန်သော ထုတ်ကုန်တစ်ခုဖြစ်သည်။ Bio Oil ဟာ လွယ်ကူစွာ အရေပြားထဲစိမ့်ဝင်စေနိုင်ပြီး စေးကပ်မှုမရှိစေပါ၊ ဓာတ်မတည့်မှုကို မဖြစ်စေပဲဓာတ်မတည့်မှုဖြစ်လွယ်သော အသားအရေအ တွက်လည်း အထူးသင့်တော်တဲ့အပြင် မျက်နှာနှင့် ခန္ဓ္ဓ္ဓာကိုယ်အတွက်ပါ အသုံးပြုနိုင်ပါတယ်။
Pixy BB Cream & Pixy UV Whitening Two Way Cake
လွယ်ကူစွာ လိမ်းခြယ်နိုင်ပြီး တစ်ချက်တည်း ဆွဲ၍ လိမ်းခြယ်နိုင်သည်။ သဘာဝအရောင်အတိုင်း ထုတ်လုပ်ထားခြင်းဖြစ်လို့ ကြည်လင်တောက်ပစွာဖြင့် သဘာဝအသားအရေအတိုင်း လှပစေသည်။ ညက်ညောစွာဖြင့် ပေါ့ပါးသေားအထိအတွေ့ကို ရရှိစေပြီး လန်းဆန်းသောသွင်ပြင်ကို ရရှိစေသည်။ Cream, Ochre, Beige ဟူ၍ အရောင်များရွေးချယ်နိုင်သည်။ 30ml ပါဝင်သည့် Pixy UV Whitening Two Way Cake မှာလည်း ပြီးပြည့်စုံသော ဖော်မျူလာဖြင့် ထုတ်လုပ်ထားခြင်းကြောင့် ကျန်းမာလှပ သောအသားအရေကို ရရှိစေပြီး Squalane အဆီ နဲ့ ထုတ်လုပ်ထားတဲ့အတွက် ကြာရှည်စွာ ချောမွတ်လှပစေသည်။ Pixy BB Cream နှင့် Pixy Two Way Cake တို့သည် နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန်လည်း အထောက်အပံပေးပါတယ်။
NNO Nourishing Night Oil
သဘာဝဗိုက်တာဗင်နှင့် ဂျိုဂျိုဘာအဆီတို့ ဖြင့် ပြုလုပ်ထားတဲ့ ညလိမ်းအဆီဖြစ်ပါတယ်။ အရေပြားတွန့်ခြင်း၊ မျက်ကွင်းညိုခြင်းနဲ့ အသားအရေ ခြောက်သွေ့ခြင်းတို့ကို ကာကွယ်ပေးနိုင်ပြီး အသားအရေချောမွေ့မှုကိုလည်း ထိရောက်စွာ ကာကွယ် ပေးနိုင်ပါတယ်။ အရေအကြောင်းဖြစ်ပေါ်ခြင်းနဲ့ အမည်းစက်များကို ပျယ်ဖျက်ပေးနိုင်ပြီး ရေဓာတ်ဆုံးရှုံးခြင်းကြောင့် အသားအရေကိုလည်း ပြန်လည် ကောင်းမွန်စေပါတယ်။ ညဘက်အနားယူချိန်တွင် လိမ်းပေးခြင်းအားဖြင့် အသားအရေအတွင်းပိုင်းလွှာအထိ စိမ့်ဝင်သွားပြီး ဆဲလ်အသစ်များ ဖြစ်ပေါ်စေပါတယ်။ ရာသီမရွေးသုံးစွဲနိုင်သည်။ ပုံမှန်သုံး ပေးလျှင် ၂ ပတ်မှ ၃ ပတ်အတွင်း သိသာစွာပျောက်ကင်းစေပါတယ်။
NNO Vite Whitening Serum
ဗီတာမင် စီ၊ ဗီတာမင် အီးနဲ့ Bisabolol တို့ ပါဝင်တဲ့ Whitening Serum ဖြစ်ပါတယ်။ အသားအရေကို ဖြူဝင်းစေပြီး နေလောင်ခြင်းကြောင့် ပျက်စီးသွားတဲ့ အသားအရေကို  ပြန်လည်စိုပြည်လာစေပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာ တတ်တဲ့ အရေးပြားပေါ်က အစက်အပြောက်များ ဝက်ခြံများ အညိုအမည်းအကွက်များကို သက်သာပျောက်ကင်းစေပါတယ်။ အသားအရေ မညီညာခြင်းကို ပြုပြင်ပေးနိုင်ပါတယ်။ NNO Whitening Serum မှာ ပါဝင်တဲ့ အဆီဟာ ပျစ်ခဲခြင်းမရှိလို့ အရေပြားအတွင်း လျှင်မြန်စွာစိမ့်ဝင်နိုင်ပြီး အငွေ့ပြန်သွားတဲ့အတွက် အရေပြားကို ၀င်းပစေပါ တယ်။
Secret Garden Air Cushion Refill Set
အချိန်တိုအတွင်းမှာ လွယ်ကူစွာလိမ်းခြယ်နိုင်သော  Air Cushion ဖြစ်ပါတယ်။ စေးကပ်မှုမရှိပဲ မိမိအသားအရေ နှင့် တစ်ထပ်တည်းကျသော အရောင်ရွေးချယ်နိုင်ပါတယ်။ သဘာဝကျတဲ့ အရောင်ကြောင့် မျက်နှာပြင်ကို စိုပြေတောက်ပစေပါ တယ်။ SPF 50+++ ပါဝင်တဲ့အတွက် နေရောင်ခြည်ဓါတ်ကို ကာကွယ်ပေးပြီး အသားအရေပျက်စီးခြင်းကိုကာကွယ်နိုင်ပါတယ်။ Secret Garden Air Cushion Refill Set နဲ့အတူ Refill Set တစ်ခုအပိုပါဝင်ပါတယ်။