Primary tabs

Beauty Review

Skin 79 Make Up Series 

Skin 79 Make Up Series မှာဆိုရင်တော့ Skin 79 Glow Foundation, CC Cream and Sun Tint တို့ ထွက်ရှိတာဖြစ်ပါတယ်။ Skin 79 Glow Foundation ကတော့ ပေါ့ပါးတဲ့အရည် အမျိုးအစားဖောင်ဒေးရှင်းဖြစ်ပြီး သဘာဝဆန်တဲ့အသွင်အပြင်နဲ့ ကြာရှည်စွာလွှမ်းခြုံနိုင်ပါတယ်။ Avocado oil ၊ Niacinamide ၊ Allantoin ပါဝင်ပြီး ဆွဲရလွယ်ကူတဲ့ မိတ်ကပ်ရည်အမျိုးအစား ဖြစ်ပါတယ်။ Skin 79 CC Cream ကတော့ ဂျင်းဆင်းနီ ကြွယ်ဝစွာပါဝင်ပြီး အသားအရေအိုမင်းရင့်ရော်ခြင်းကို ကာကွယ်စေပါတယ်။ တောက်ပ လင်းလက်တဲ့ အသားအရေအသွင်အပြင်ကို ရရှိစေနိုင်ပြီး UVA နဲ့ UVB တို့ကြောင့်ဖြစ်ပေါ်နိုင်တဲ့ အရေပြားပြဿနာတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ ပေါ့ပါးပြီး ဆွဲရလွယ်ကူတဲ့ အမျိုးအစားဖြစ်ပါတယ်။ Skin 79 Sun Tint ကတော့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပြီး အသားအရေစိုပြည်မှုနှင့် ရေဓာတ်ဖြည့်ခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ အသားအရေလင်းလက်စေဖို့နဲ့ နေရောင်ခြည်ကြောင့် အသားအရေထိခိုက်ပျက်စီးခြင်းကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Entia Aqua Plus White Set  by Coreana


Coreana ရဲ့  ထုတ်ကုန်သစ်တစ်မျိုးဖြစ်တဲ့ Entia Aqua Plus White Set မှာတော့ Aqua Plus White cream ၊ Aqua Plus White Eye Cream ၊ Aqua Plus White Toner ၊ Aqua Plus White Essence ၊ Aqua Plus White Emusion တို့ပါဝင်ပါတယ်။ ဒီထုတ်ကုန်တွေမှာတော့ Super Berry ၊ Vitamin fruit က Whitening နဲ့ Anti-Aging အတွက်ကောင်းမွန်တဲ့ ဗီတာမင်အုပ်စုတွေ ပါဝင်ပါတယ်။ ဒါ့အပြင် Marine Water လို့ခေါ်တဲ့ ပြင်သစ်နိုင်ငံအနောက်ပိုင်း၊ Vendee ကမ်းရိုးတန်းရှိ Noirmoutier ကျွန်းက ပုံမှန်ပင်လယ်ရေထက် minerals ဓာတ်ငါးဆ ပိုပါဝင်ပြီး အာဟာရဓာတ်ပိုမိုပြည့်ဝတဲ့ ရေကိုလည်း ပေါင်းစပ်အသုံးပြုထားပါတယ်။ ဒါ့အပြင် သဘာဝရေဓာတ်ဖြည့်ပစ္စည်းတွေဖြစ်တဲ့ အချဉ်ဖောက်ထားတဲ့ ပဲ၊ မျောက်ဥနဲ့ ကျောက်ပွင့်ဖြူတို့ပါဝင်ပြီး ရေဓာတ်ကို စေ့စပ်သေစွာ ဖြည့်တင်းပေးပြီး အသားအရေစိုပြေမှုကို မြှင့်တင်နိုင်တာ ဖြစ်ပါတယ်။ ကျန်းမာတဲ့အသားအရေအတွက် သဘာဝရေဓာတ်ဖြည့်ပစ္စည်းများ ဖြစ်ပါတယ်။ အသားအရေ အိုမင်းမှုကို လျှော့ချနိုင်တဲ့ ဓာတ်တိုးပစ္စည်းများလည်းပါဝင်ပြီး တင်းရင်းမှုကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

Revlon ColorBurst Lip Butter


ထောပတ်လိုနူးညံ့မှုကို ပေးသော အဆီအနှစ်၊ တောက်ပသောအရောင်နှင့် နှုတ်ခမ်းဆိုးဆေးအဆီက သင့်ကို စိုပြည်စေသောအရောင်မျိုးစုံနှင့် ရွှန်းစိုလှပလာစေပါမယ်။ နူးညံ့စေသော ဂျဲလ်ဖော်မြူလာနှင့်အတူ သရက်သီး၊ အုန်းသီးတို့ရဲ့အဆီအနှစ် Shea အဆီအနှစ်တို့ပါဝင်မှုကြောင့် ဆိုးလိုက်တဲ့အခါတိုင်း နူးညံ့ပေါ့ပါးတဲ့ အထိအတွေ့ကို ရရှိစေပါလိမ့်မယ်။ စွမ်းအားမြင့် ရေဓာတ်ဖြည့်ပေးထားသောကြောင့် စိုပြည်လှပမှုနဲ့အတူ ကလေးငယ်ကဲ့သို့ နူးညံ့သောနှုတ်ခမ်းလေး ပိုင်ဆိုင်လာပါလိမ့်မယ်။ Gel Formula ဖြင့် ဖော်စပ်ထားပြီး သရက်သီး၊ အုန်းသီးနဲ့ Shea အဆီအနှစ် ပါဝင်မှုကြောင့် ဆိုးလိုက်သည့်အခါ ချောမွေ့နူးညံ့သည့် နှုတ်ခမ်းတစ်စုံကို ရရှိစေပါသည်။ စွမ်းအားမြင့် ရေဓာတ်ဖြည့်အစွမ်းပါဝင်တာကြောင့် စိုပြေတောက်ပစေသည့်အပြင် ကလေးငယ်၏ နှုတ်ခမ်းကဲ့သို့ နူးညံ့စေပါသည်။ ရွေးချယ်စရာ အရောင်နှစ်ဆယ်ရှိပါသည်။

Secret Garden
Gift Set Box


Cleaning Foam ၊ Soothing Gel ၊ Whitening Cream တို့ပါဝင်တဲ့ Gift Set ပါ။ Deep Cleaning Foam မျက်နှာသစ်ဆေးက နက်ရှိုင်းစွာဖြင့် သန့်ရှင်းတောက်ပြောင်စေပါတယ်။ အနည်းငယ်သော ပမာဏကို ရေအနည်းငယ်နဲ့ အမြှုပ်များ ထွက်လာအောင် ပွတ်လိမ်းကာ ညင်သာစွာ နှိပ်နယ်ပေးပြီး ရေခပ်နွေးနွေးဆေးချလိုက်ရင် ကြည်လင်တဲ့ အသားအရေလေးရနိုင်ပါတယ်။ Whitening Cream ကတော့ အမဲစက်နဲ့ နေလောင်ကွက်တွေကို သက်သာပျောက်ကင်းစေ လို့ နေ့ညမရွေး အသုံးပြုနိုင်ပါတယ်။ ညဖက်အိပ်ရာဝင်ချိန်မှာ နှိပ်နယ်ပြီး လိမ်းပေးရင် အသားအရေကို ဖြူဝင်းလာစေပါတယ်။ မျက်နှာနဲ့ ကိုယ်ခန္ဓာ နှစ်ခုလုံးအတွက် အသုံးပြုနိုင်ပြီးတော့ လည်ပင်း၊ ဂျိုင်း၊ လက်မောင်း၊ ခြေထောက်များကိုလည်း လိမ်းပေးနိုင်ပါတယ်။ AQUA Soothing Gel ကတော့ အသားအ ရေအေးမြခြင်းနဲ့ ညီညာစေရန် အသုံးပြုနိုင်ပါတယ်။ နေလောင်ထားတဲ့ အသားအရေအတွက် ရေဓါတ်ပြန်လည်ဖြည့်တင်းပေးခြင်းကြောင့် အသားအရေကို ပြန်လည်ကျန်းမာစေပါတယ်။ နေ့ည အသုံးပြုနိုင်ပါတယ်။

Secret Garden
Rouge Fit Tint


PEACH CORAL BURGUNDY ROSE (7g) ဘာဂန်ဒီနှင်းဆီရောင်နှင့် မက်မွန်သီးရောင် Rouge Fit Tint များဟာ နှုတ်ခမ်းသားကို သဘာဝအတိုင်း လှပစေပါတယ်။ နှစ်သက်ဖွယ်ရနံ့နဲ့ အရသာက ဥပါဒ်မဖြစ်စေဘဲ နှစ်လိုဖွယ်ဖြစ်စေမှာပါ။