Primary tabs

Beauty Review

Luna BB Foundation Set
Luna BB Foundation ဆိုသည့် နာမည်အတိုင်း BB နှင့် Foundation Effect နှစ်ခု ပေါင်းစပ် ထုတ်လုပ်ထားခြင်းဖြစ်တာကြောင့် သိပ်သည်း၍ ညီညာသေသပ်သော အသွင်အပြင်ကို ရရှိစေသည့် အပြင် Whitening ၊ Anti-Wrinkle ၊  UV Protection စတဲ့ Multi Function ပါဝင်တာကြောင့် မျက်နှာပြင် အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါသည်။ ထို့ကြောင့် အသွင်အပြင် လှပရုံသာမက အရေပြားကိုပါ ထိန်းသိမ်းနိုင်သည့် BB Foundation အမျိုးအစား ဖြစ် ပါသည်။

Bigen Speedy (Men/Woman)
Bigen Speedy သည် ဆံပင်ဖြူရှိသော အမျိုးသားများ အသုံးပြုရန်နှင့်အမျိုးသမီးများ အသုံးပြုရန် နှစ်မျိုးထုတ်လုပ်ထားပါသည်။ အဓိကအချက်မှာ ဆံကေသာကို ခြောက်သွေ့ပျက်စီးစေ သည့် အမိုးနီးယား လုံးဝမပါရှိခြင်းဖြစ်သည်။ Bigen Speedy ၏ ဆံပင်ဆိုးဆေးများမှာ သဘာဝအသီး၊ အပွင့်၊ အရွက်များဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အမျိုးသားများအသုံးပြုရန် အရောင်သုံးရောင်နှင့် အမျိုးသမီးများအသုံးပြုရန် အရောင်ခုနှစ်ရောင် ရွေးချယ်နိုင်ပါသည်။ ဆံပင်ပျော့ဆေး ပါဝင်သည့်အတွက် ဆံပင်သားကို ပိုးသားကဲ့သို့ နူးညံ့စေပြီး တောက်ပြောင်လာစေသည်။ အချိန် ဆယ်မိနစ်ခန့်သာပေးရသည့်အတွက် အသုံးပြုရန် အဆင်ပြေပါသည်။ ဆိုးဆေးဘူးတွင် ပါဝင်သော Tube နှစ်ခုကို ဆတူရော၍ အသင့်ပါရှိသော ဘီး၊ ဘရက်ရှ်ဖြင့်သင့်တော်သလို အသုံးပြုနိုင်ပါ သည်။

Bigen Powder 
Bigen ဆံပင်ဆိုးဆေး၏ မူလလက်ဟောင်း ဖြစ်ပါသည်။ ဆံပင်ဖြူသောသူများအတွက် အထူးထုတ်လုပ်ထားသော မူလလက်ဟောင်းပေါင်ဒါမှုန့် အမျိုးအစားဖြစ်ပါသည်။ Bigen Powder တွင်လည်း အရောင် ခုနှစ်ရောင်ရှိပါသည်။ အမိုးနီးယားနှင့် အခြားဓာတုပစ္စည်းများ ပါဝင်ခြင်းမရှိဘဲ သဘာဝအသီး၊ အပွင့်များဖြင့် ဖော်စပ်ထားတာကြောင့် ဦးရေပြားယားယံခြင်း၊ စပ်ခြင်း၊ ပူခြင်း လုံးဝ  မရှိပါ။ အခြားဆံပင်ဆိုးဆေးများကဲ့သို့ အသုံးပြုနေစဉ်အတွင်း ဆိုးရွားသော အနံ့အသက်ဖြစ်ပေါ်ခြင်းမရှိဘဲ သင်းပျံ့သောအနံ့ရှိသည့်အပြင် ဆံပင်သားကို နူးညံ့စေသည့် ဆိုးဆေးအမျိုးအစား ဖြစ်ပါသည်။ Bigen Powder အမှုန့်ကို လမ်းညွှန်စာရွက်တွင်ပါဝင်သည့်အတိုင်း ရေနှင့်ရောစပ်ကာ ဆံသားတွင် လိမ်းထားပြီး မိနစ်သုံးဆယ်ခန့်ထား၍ ခေါင်းလျှော်ရမည်ဖြစ်ပါသည်။

Mizon Water Volume Ex Cream
ရေဓာတ်ခမ်းခြောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အရေပြားပြသနာများကို ကာကွယ်ရန် အသုံးပြုနိုင်ပြီး စွမ်းအားမြင့်ရေဓာတ်ဖြည့်ပေးနိုင်သော cream တစ်မျိုးဖြစ်ပါသည်။ ခန္ဓာကိုယ်  အပူချိန်အလိုက် မျက်နှာအသားအရေပေါ်မှာ ရရှိလာမယ့် Stress Skin နဲ့ အသားအရည် ညစ်နွမ်းမှုကို အထူးပြန်လည် ကြည်လင်လာစေနိုင်သော အေးမြတဲ့ခံစားမှုနှင့် အတူပေါ့ပါးမှုကို ခံစားရစေနိုင်သော cream ဖြစ်သည်။

Dreamron SKIN CARE SOLUTION 
မျက်နှာအသားအရေ ထိန်းသိမ်းမှုအတွက် အသုံးပြုသင့်သည့် ပစ္စည်းအမျိုးအစား ခုနှစ်မျိုးထုတ်လုပ်ထားပါသည်။ (Facial Cleanser) မျက်နှာပြင်အပေါ်ယံရှိ အညစ်အကြေးများသာမက ချွေးပေါက်အတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားသန့်စင်သည့်အတွက် မိတ်ကပ်ထူထူ လိမ်းလေ့ရှိသူများနှင့် အသားအရေညစ်သော သူများအတွက် အထူးကောင်းမွန်ပြီး အသားအရေကို ကြည်လင် တောက်ပစေပါသည်။ (Skin Toner) Pro Vitamin B5 ပါဝင်ပြီး အသားအရေကို ကြည်လင်၍ ချွေးပေါက်များကို ထိန်းညှိရန် အသုံးပြုနိုင်ပါသည်။ (Facial Moisturizer) ခြောက်သွေ့သော အသားအရေနှင့် ပုံမှန်အသားအရေရှိသောသူများ အသုံးပြုသင့်ပြီး အမဲစက်နှင့်တင်းတိပ်တို့ကို သက်သာပျောက်ကင်းစေသည့်အပြင် လိုအပ်သည့် အသားအရေအစိုဓာတ်ကို ပြန်လည်ဖြည့်တင်းအားဖြည့်ပေးပါသည်။ (Facial Pack) မျက်နှာပြင်ပေါ်ရှိ မကောင်းသောဆဲလ်အသေများကို ဖယ်ရှားနိုင် ပြီး ရေဓာတ်ဖြည့်ပေးသည့်အတွက် မျက်နှာပြင်အသားအရေကို ကြည်လင်၍ ငယ်ရွယ်နုပျိုစေပါသည်။ (Facial Scrub) သဘာဝသစ်သီးများဖြစ် သော သင်္ဘောသီး၏ အစိုဓာတ်၊ မက်မွန်သီး၏ အသားအရေကြည်လင်စေသော ဓာတ်၊ နေကြာဆီ၏ အဆီအနှစ် ပေါင်းစပ်ထားတာကြောင့် အဆီဓာတ်နှင့်စိုပြေမှုပေါင်းစပ်၍ ချွေးပေါက်အတွင်းထိ သန့်စင်ပေးပြီး အညစ်အကြေးများကို ဖယ်ရှားပေးပါသည်။ (Mud Pack) အဆီပြန်သော အသားအရေပိုင်ရှင်များနှင့် အထူးသင့်လျော်ပြီး ချွေးပေါက်များကို ထိန်းညှိပေးသည့်အတွက် ကြမ်းတမ်းသော မျက်နှာအသားအရေကို နူးညံ့စေပါ သည်။ (Facial Massage Gel) မျက်နှာပြင်သွေးကြောများ ကောင်းမွန်စွာ လည်ပတ်စေရန်နှင့် ဗီတာမင်-E ဓာတ်ကိုကို နှိပ်နယ်ခြင်းဖြင့် မျက်နှာ အတွင်းဖြည့်သွင်းပေးသော gel ဖြစ်သည်။