Primary tabs

Beauty Review

New  Pond’s  White  Beauty  Cream    
New  Pond’s  White  Beauty  Cream   တွင် ဗီတာမင် ဘီ 3 ပိုမိုပါဝင်တာကြောင့် အသားအရေအတွက် လိုအပ်သည့် အာဟာရကို ပေးနိုင်ပါတယ်။ ဒါကြောင့် အသားအရေညိုမည်းခြင်းအတွက် ကောင်းမွန်ပါသည်။ ပျောက်ဖို့ခက်သည့် အမည်းစက်နှင့် အသားအရေညိုမည်းခြင်း၊ ၀က်ခြံအမာရွတ်များ၊ အသားအရောင် မညီညာခြင်း၊ အသားအရေမညီညာခြင်း၊ နေလောင်ခြင်း၊ နေလောင်ကွက်များ၊ အသားအရေညိုညစ်ခြင်း၊ ခြောက်သွေ့ကြမ်းတမ်းခြင်းတို့အတွက် ကောင်းမွန်ပါတယ်။ ထို့အပြင် အသားအရေကို ပန်းနုရောင်သန်းစေပါသည်။

ESTEE LAUDER Double Wear Stay-in-Place Makeup 
ရေစိုခံနိုင်သည့် ဖောင်ဒေးရှင်းအမျိုးအစားဖြစ်ပြီး  SPF 10 ပါဝင်တာကြောင့် နေရောင်ဒဏ်ကို ကာကွယ်နိုင်ပါတယ်။ မျက်နှာပြင်ပေါ်တွင် ပေါ့ပါးသည့်ခံစားမှုနှင့် လေ၀င်လေထွက်ကောင်းမွန်တဲ့ ဖောင်ဒေးရှင်း အမျိုးအစား ဖြစ်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပေါ်တတ်သည့် မိတ်ကပ်ပျက်ခြင်း၊ ကွက်ခြင်း၊ ပြာခြင်းတို့ကိုလည်း ဖြစ်ပေါ်ခြင်းမရှိပါ။ မျက်နှာပြင်ပေါ်တွင် ပေါ့ပါးတောက်ပနေပြီး ပူခြင်း၊ အသားအရေခြောက်သွေ့ခြင်းတို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

Lash Sensational Mascara 
Jojoba Oil ပါဝင်မှုကြောင့် ထူထဲသန်စွမ်းသော မျက်တောင်ကို ရရှိစေပါတယ်။ အတိုတခြမ်း အရှည်တခြမ်းပါဝင်သော Brush ပါရှိပြီး Water Proof Mascara ဖြစ်ပါတယ်။ Brush အတိုဖြင့် မျက်တောင်တိုလေးများကို သေချာစွာ ထူထဲရှည်လျားအောင် လုပ်ဆောင်နိုင်ပါတယ်။ Brush အရှည်ကြောင့် မျက်တောင်များကို မပူးကပ်စေဘဲ တစ်ချောင်းချင်းစီ ခွဲဖြာလှပစေပြီး ပိုထူထဲကော့ညွတ်သော မျက်တောင်ကို ဖန်တီးနိုင်ပါတယ်။

Clear Sakura Fresh
Clear Sakura Fresh တွင် Nutrium 10 နှင့် ဆာကူရာပန်း၏ အဆီအနှစ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ဦးရေပြားပေါ်ရှိ ဗောက်တွေကို ဖယ်ရှားပေးပါတယ်။ ဦးရေပြားကိုလည်း အားဖြည့်  နိုင်ပါတယ်။ အထူးသဖြင့် ဆာကူရာပန်း၏အနံ့ တနေကုန် မွှေးနေစေပါတယ်။ Clear Sakura Fresh က CLEAR Total Scalp Solutions အမျိုးအစားများထဲမှ တစ်ခုဖြစ်ပြီး ဦးရေပြားခြောက်သွေ့ခြင်း၊ အဆီစုဝေးခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Gold Face Night Cream     
ရွှေသားအစစ်နှင့် ထောပတ်သီးအဆီကို အဆင့်မြင့်နည်းပညာဖြင့် ပေါင်းစပ်ထားသည့် Cream ဖြစ်သည်။ မျက်နှာပြင်ရှိ ဆဲလ်သေများကို ဖယ်ရှားပစ်ပြီး ချွေးပေါက်ကလေးများကို ပုံမှန်အနေအထားသို့ ရောက်ရှိစေပါသည်။ မျက်နှာပြင်ကို ချောမွေ့စေပြီး မိတ်ကပ်မကွက်စေတဲ့အတွက် မိတ်ကပ်လိမ်းရန်ရှိသည့် နေ့မတိုင်မီ တစ်ညကြိုတင်လိမ်းနိုင်ပါတယ်။ မျက်နှာပြင်ရှိ ၀က်ခြံ၊ ဆားဝက်ခြံ၊ မှဲ့ခြောက်၊ တင်းတိပ် နှင့် နေလောင် ကွက်များအတွက် ကောင်းမွန်ပါတယ်။ နေဒဏ်၊ လေဒဏ်၊ ဆားငံရည်ကြောင့် အသားအရေပျက်စီးသွားသည့်အချိန်တွင် တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် အသုံးပြုနိုင်ပါသည်။ မျက်နှာသစ်ပြီးလျှင် Cream ကိုယူ၍ ငါးမိနစ်ခန့်ပွတ်လိမ်းနိုင်ပါသည်။   

Voluminous False Fiber Lashes Mascara 
အတို၊ အရှည် နှစ်ဖက်ပြုလုပ်ထားတဲ့ ထူးခြားသည့် Brush ပုံစံကြောင့် မျက်တောင်များကို ထူထဲကော့ညွတ်စေပါတယ်။ Fiber Wire Type Brush ကြောင့် တစ်မွှေးချင်းဖြာထွက်လှပနေတဲ့ မျက်တောင်မျိုးကိုရရှိစေပါတယ်။ False Lash Effect ကြောင့် မျက်တောင်များအားလုံးကို လေးလံခြင်းမရှိပဲ မျက်တောင်တုတပ်ထားသကဲ့သို့ မည်းနက်လှပစေပါတယ်။ Jojoba Oil နှင့် ရေဓာတ်ပါဝင်တဲ့အတွက် မျက်တောင်ကိုအားဖြည့်ပေးပါတယ်။ Sensitive Skin များနှင့် မျက်ကပ်မှန်တပ်သူများပါ နေ့စဉ်အသုံး ပြုနိုင်ပါတယ်။