Primary tabs

Beauty Review

Sea’s Nutrition (Whitening Diamond Sparkling Mask)
အရေပြားကို ချောမွေ့စိုစွတ်စေပြီး တင်းတင်းရင်းရင်းရှိသော အသားအရေအဖြစ်ြ ပန်လည်ရရှိစေတဲ့အပြင် အရေးအကြောင်းတွေကို လျှော့ချ နိုင်ပြီး အသားအရေအိုမင်းမှုကို ကာကွယ်နိုင်ပါတယ်။ သဘာဝဆေးဖက်ဝင်အပင်များက ထုတ်ယူထားတဲ့ Phytoextraction (အဆိပ်ဖြေဓာတ် တစ်မျိုး)ပါဝင်တာကြောင့် အသားအရေကို နူးညံ့စွာ ထိန်းသိမ်းပြီး အဆိပ်အတောက်ကင်းစေပါတယ်။ အသားအရေဖြူစင်စေတဲ့ ဇီဝဓာတုပစ္စည်းများနှင့် ရေဓာတ်ထိန်းဒြပ်စင်များလည်း ပါဝင်ပါတယ်။ ငါးအကြေးခွံ ကော်လာဂျင်အသားဓာတ်နှင့် Glycoaminoglycans (အမိုင်နိုသကြားဓာတ်တစ်မျိုး)ပါဝင်တာကြောင့် အရေးအကြောင်းများကို လျှော့ချနိုင်ပြီး အသားအရေတင်းရင်းစေပါတယ်။ ဒါ့အပြင် မျက်နှာပေါ်မှာ အပိုအလိုမရှိအတိအကျ အသားကျပြီး လေ၀င်လေထွက်ကောင်းမွန်တဲ့ Mask ဖြစ်ပါတယ်။ အသားအရောင်ကို အပေါ်ယံလွှာဖြူစင်ရုံမျှမဟုတ်ဘဲ အတွင်းပိုင်းထိချိန်ညှိပေးပြီး ကြည်စင်တောက်ပတဲ့ အသားအရေအသွင်အပြင် ရရှိပါတယ်။

Mistine (Ejitsu 3D Action Pore Tightening Serum)
တစ်မျိုးထဲအသုံးပြုရုံနဲ့ အာနိသင်ငါးမျိုးရရှိတာက ကျေနပ်စရာပါ။ အသားအရေကို ၀င်းမွတ်ပြီး ကြည်ကြည်စင်စင်လေးဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။ ကော်လာဂျင်ပါဝင်တဲ့အတွက် အသားအရေကို တင်းရင်းစေတယ်။ အစိုဓာတ်ကို ဖြည့်ဆည်းပေးပေမယ့် အဆီပြန်ခြင်းကို မဖြစ်စေပါဘူး။ အလွန်အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက်လည်း အဆီပြန်ခြင်းကို လျှော့ချပေးလို့ လိမ်းဖို့အတွက် အဆင်ပြေပါတယ်။ ချွေးပေါက်ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်တဲ့အတွက် အသုံးပြုဖို့ သင့်လျော်ပါတယ်။

Sea’s Nutrition (Whitening Body Lotion) 
ဆွစ်ဇာလန်နိုင်ငံမှ SNYCOLL နဲ့ SNY-AKE တို့ပါဝင်ပြီး အသားအရေရဲ့ အစိုဓာတ်ကို သာမန် body lotion များထက် နှစ်ဆပိုမိုထိန်းသိမ်းထားနိုင်ပါတယ်။ အစိုဓာတ်ကို ကြာရှည်စွာထိန်းထားနိုင်ပြီး အသားအရေအတွက် လိုအပ်တဲ့ အာဟာရ
ဓာတ်များကို ဖြည့်သွင်းပေးပါတယ်။ အသားအရေအပေါ်ယံတွင်သာ အစိုဓာတ်ရရှိစေခြင်းမဟုတ်ပဲ အသားအရေအတွက် လိုအပ်သော အာဟာရဓာတ်များကို အရေပြားအတွင်းသို့ ဖြည့်သွင်းပေးပြီး ပျက်စီးနေသောအသားအရေများကို ကုသပေးနိုင်ပါတယ်။ အသားအရေကို ရေနှင့်အဆီဓာတ်ကြား လိုအပ်သည့် အနေအထားတွင် ချိန်ညှိထားပြီး လိမ်းထားချိန်မှာလည်း လေးလံတဲ့ခံစားမှုကို မဖြစ်ပေါ်စေပါဘူး။

Mehron Aura Bronzing  Gel
မိတ်ကပ်အဆင့်ဆင့်ပြင်ဆင်ဖို့ အချိန်မပေးနိုင်တဲ့ပျိုမေတို့အတွက် တစ်မျိုးထဲအသုံးပြုရုံနဲ့ တောက်ပတဲ့ အသွင်အပြင်ရရှိစေမယ့် Bronzing Gel ဖြစ်ပါတယ်။ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ super hydrating ၊ အသားအရေကို နူးညံ့ 
ချောမွတ်စေတဲ့ lemongrass ၊ အရေးအကြောင်း များဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးတဲ့ Ginseng ၊ Chamomile ၊ အရေပြားတစ်ရှူးများကို ကျန်းမာစေတဲ့ Comfery နှင့် ရှားစောင်းလက်ပတ်၊ ဂျပန်လက်ဖက်စိမ်းနဲ့ ရွှေမှုန်တို့ပါဝင်တဲ့အတွက် အသားအရေစိုပြေစေပါတယ်။ အသားညိုသူတွေအတွက်လည်း မျက်နှာကို ရွှေသွင်းထားသလို ၀င်းဝါစိုပြေတဲ့ အသားအရေအသွင်အပြင် ရရှိစေပါတယ်။

INNI solutions  series
INNI solution series ထဲကမှ Advanced Solutions set က သဘာဝကရရှိတဲ့ အရေပြားအကျိုးပြုဓာတ်ပစ္စည်းများကို 100% အသန့်စင်ဆုံး ဖြစ်အောင် ပြုလုပ်ထားပြီး ဆေးပညာအရ ဖော်စပ်ထားတဲ့ အရေပြားထိန်းသိမ်းမှု set ဖြစ်ပါတယ်။ Advanced Solutions set မှာဆိုရင်ဖြင့် Intense Age Defense serum ၊ Hyaluronic B5 Gel နဲ့ Intensive Repair Gel တို့ပါဝင်ပါတယ်။ Intense Age Defense serum ကတော့ အသားအရေချောမွေ့မှုနှင့် တောက်ပမှုအတွက် ထုတ်လုပ်ထားပြီး ခရမ်းလွန်ရောင်ခြည်နှင့် ဓာတ်တိုးပစ္စည်းများကြောင့် ဖြစ်ပေါ်တတ်တဲ့ အရေပြားပြသနာများကို ကုသနိုင်ပါတယ်။ မျက်နှာပြင်ရှိ အရေးအကြောင်း များ၊ အစက်အပြောက်များကို မှေးမှိန်လျော့ပါး ပျောက်ကွယ်သွားအောင် ကုသနိုင်ပြီး အရေပြားချောမွေ့မှုနဲ့ တောက်ပမှုအတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။ Hyaluronic B5 Gel ကတော့ ရေဓာတ် ဖြည့်ဆည်းခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် အသုံးပြုနိုင်ပါတယ်။ အရေပြားတစ်ရှူးများအတွင်းသို့  ရေဓာတ်ဖြည့်ဆည်းခြင်းကြောင့် အသားအရေကို ချောမွေ့နူးညံ့စိုအိစေပါတယ်။ အဆီပြန်ခြင်း၊ ဆားဝက်ခြံ ဖြစ်ပေါ်ခြင်းများအတွက်  အထူးသင့်လျော်ပြီး မည်သည့်အသားအရေမဆို အသုံးပြုနိုင်ပါတယ်။ မျက်နှာပြင်ပေါ်တွင် အသုံးပြုလိုက်သည့် ပမာဏတိုင်းကို အရေပြားအတွင်းပိုင်းသို့ အလွယ်တကူစိမ့်ဝင်စေပါတယ်။ Intensive Repair Gel ကတော့ အရေပြားအာဟာရဖြည့်ဆည်းမှုအတွက် အထိရောက်ဆုံးသော serum ဖြစ်ပါတယ်။ အရေပြားယားယံခြင်းကို ကုသပြီး နှင်းခူနှင့် မျက်နှာတွင် အနီဖုငယ်ထွက်ပေါ်ခြင်းများ ကုသရာမှာလည်း အထောက်အပံ့အဖြစ် အသုံးပြုနိုင်ပါတယ်။ ပါဝင်တဲ့သဘာဝဆေးဘက်ဝင်ပစ္စည်းများက အသားအရေကို အကောင်းဆုံးပြုပြင်ပေးနိုင်ပြီး လေဆာနဲ့ကုသခြင်း၊ IPL ဒါမှမဟုတ် အခြားဓာတုဆိုင်ရာကုသခြင်းများ ပြုလုပ်ပြီးလျှင်လည်း အသုံးပြုနိုင်ပါတယ်။

Mistine 3-Wonder Contour
Creamy texture ဖြစ်ပြီး အသုံးပြုရ လွယ်ကူပါတယ်။ အသားအရေအားလုံးနဲ့ လိုက်ဖက်တဲ့အရောင်ဖြစ်ပြီး အရောင်ထွက်တိကျသေသပ်ပါတယ်။ မျက်နှာပြင်ကို contour ပြုလုပ်လိမ်းချယ်ခြင်းကြောင့် V-Shape မျက်နှာသွင်ပြင်ကို ရရှိတဲ့အတွက် သွယ်လျနုငယ်တဲ့ အသွင်ဆောင်ပါတယ်။

Core’ana Entia Aging Cut Set 
သဘာဝ သလဲသီးရဲ့ ဆီအနှစ်နဲ့ ထုတ်လုပ်ထားတဲ့ အသားအရေထိန်းပစ္စည်းများ ဖြစ်ပါတယ်။ သလဲသီးမှာဆိုရင် ဓာတ်တိုးပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အသားအရေအတွက်လည်းအထူးကောင်းမွန်ပါတယ်။ အသားအရေလျော့လျဲ နေသူများ၊ အသားအရေညှိုးနွမ်းသူများအတွက် အထူးသင့်လျော်တဲ့ skincare set ဖြစ်ပါတယ်။ အသားအရေကို တစ်ဖန်ပြန်လည် ကြည်လင်စေပြီး မနက်၊ ည အသုံးပြုပါက အသားအရေ သိသိသာသာတင်းရင်းလာတာကို တစ်ပတ်အတွင်း ခံစား မိနိုင်ပါတယ်။