Primary tabs

Beauty Review

ထိခိုက်လွယ်တဲ့ အသားအရေကို ပြုပြင်မယ်ဆို
PAULA’S CHOICE  CALM  REDNESS  RELIFE REPAIRING SERUM
အသားအရေပါးပြီး ထိခိုက်လွယ်ခြင်း၊ နီမြန်းခြင်းတွေအတွက် ပုံမှန်အသားအရေအဖြစ် ပြန်လည်ကောင်းမွန်လာအောင် ပြုပြင်ပေးနိုင်တဲ့ serum ဖြစ်ပါတယ်။ မျက်နှာအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကိုလည်း ဖြည့်ဆည်းပေးနိုင်တဲ့အပြင် ထိခိုက်လွယ်ပြီး ၀က်ခြံဖြစ်ပေါ်တတ်တဲ့ သူတွေအတွက် ပတ်ဝန်းကျင်ကြောင့် ထိခိုက်မှုတွေကနေ ကာကွယ်ပေးပြီး အသားအရေကို ပြန်လည်ကောင်းမွန်လာစေပါတယ်။ ဒ့ါအပြင် သဘာဝအတိုင်း အစိုဓာတ်ကိုလည်းရရှိစေပြီး အသားရေကို နူးညံ့စေပါတယ်။ licorice အမြစ်၊ phyto-sphingosine ၊ beta glucan တို့လို အသား အရေအတွက်ကောင်းမွန်စေတဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် အသားအရေ အတွင်းပိုင်းအထိ ကောင်းမွန်အောင်ပြုပြင်ပေးတဲ့အပြင် သနပ်ခါး၊ မိတ်ကပ်တို့ရဲ့ အောက်ခံအဖြစ်လည်း လိမ်းနိုင်ပါတယ်။ မိုးမခပင်ရဲ့ အဆီအနှစ်ပါဝင်တာကြောင့် အသားအရေရဲ့ အိုမင်းရင့်ရော်မှုကို လျှော့ချပေး ပြီး နုပျိုစေပါတယ်။ ရေဓာတ်အခြေခံ ထုတ်လုပ်ထားတဲ့ gel ပုံစံ serum ဖြစ်တာကြောင့် စေးကပ်မှုမရှိဘဲ လွယ်ကူစွာနဲ့ အသားအရေအတွင်းပိုင်းအထိ စိမ့်ဝင်နိုင်ပါတယ်။ လျင်မြန်စွာနဲ့ အလွယ်တကူ စိမ့်ဝင်နိုင်တာကြောင့် လိမ်းတဲ့ပမာဏအတိုင်း အသားအရေကို အကျိုးပြုပြီး မျက်နှာပြင်က serum gel တွေကို ဆုံးရှုံးမှု မဖြစ်စေပါ။ ရနံ့မပါဝင်တဲ့အတွက်ကြောင့် ရနံ့ allergic ဖြစ်ပေါ်မှုကို ကာကွယ်ပါတယ်။ အသုံးပြုပုံ-တစ်နေ့ နှစ်ကြိမ်အသုံးပြုနိုင်ပြီး မျက်နှာသန့်စင်ပြီးနောက် တိုနာအသုံးပြုပါ။ ထို့နောက် REDNESS  RELIFE REPAIRING SERUM ကို အပေါ်မှထပ်ပြီး အသုံးပြုပါ။မျက်နှာကို exfoliating ပြုလုပ်ပြီးပါ ကလည်း အသုံးပြုနိုင်ပါသည်။

မျက်နှာအသားအရေအစိုဓာတ်ကိုထိန်းသိမ်းမယ်ဆိုရင်တော့ 
Coreana Moisture Gel Cream  
အသားအရေအတွင်းပိုင်းရှိ ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်တဲ့ Powercell Essence ပါဝင်တဲ့အပြင် Ceramide အစွမ်းသတ္တိပါဝင်တာကြောင့် မျက်နှာအသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်ရုံသာမက အစိုဓာတ်ကို အချိန်ကြာရှည်စွာ ထိန်းထားပေးနိုင်တာကြောင့် အခုလို အေးမြပြီး ခြောက်သွေ့တဲ့ ရာသီဥတုနဲ့ သင့် လျော်ပါတယ်။ အသားအရေ ခြောက်သွေ့လွန်းသူတွေသာမက အဆီအရမ်းပြန်သော အသားအရေပိုင်ရှင်များအတွက်ပါ ရေဓာတ်နဲ့အဆီဓာတ် နှစ်ခုလုံးမျှတအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အဆီပြန်သောအသားအရေပိုင်ရှင်များအတွက် အထူးသင့်လျော်ပါတယ်။ အသုံးပြုပုံ - မျက်နှာကိုသန့်စင်ပြီးနောက် အသုံးပြုနိုင်ပါသည်။

ဝက်ခြံအမျိုးမျိုးနဲ့ နောက်ဆက်တွဲ အရေပြာြး ပဿနာတွေကို ကုသဖို့ဆိုရင်
Yonka Juvenile Fluid
မျက်နှာပေါ်မှာရှိတဲ့ ဆားဝက်ခြံ၊ ၀က်ခြံပုန်း၊ ဆင်ဝက်ခြံ၊ ၀က်ခြံနီ၊ ၀က်ခြံကြောင့် ဖြစ်ပေါ်လာတဲ့ အမဲစက်၊ အရေပြားပွန်းခြင်း၊ ချိုင့်ခွက်များကျန်နေခဲ့ခြင်းတွေကို အချိန်တိုအတွင်း သိသိသာသာ ပျောက်ကင်းစေပါတယ်။ ၀က်ခြံအတွင်းမှာရှိတဲ့ အဆီနဲ့အညစ်အကြေးအဆံတွေကို ထွက်လာစေ ပြီး ၀က်ခြံအဆံတွေ ထွက်လာမှုကြောင့် ဖြစ်ပေါ်လာတဲ့ ချွေးပေါက်ကျယ်ခြင်းကို ပြန်လည်ထိန်းညှိပေးတဲ့ ၀က်ခြံကုသဆေးဖြစ်ပါတယ်။ ၀က်ခြံကြောင့်ဖြစ်ပေါ်တဲ့ အသားအရေရောင်ရမ်းနီမြန်း ခြင်းတွေကိုလည်း Yonka Juvenile Fluid မှာပါဝင်တဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ အဆီအနှစ်တွေက သက်သာပျောက်ကင်းစေပါတယ်။ ဒါကြောင့် အသားအရေကို သန့်ရှင်းစေပြီး ၀က်ခြံနာတွေကို သက်သာပျောက်ကင်းစေပါတယ်။ အသုံးပြုပုံ - 
မျက်နှာကိုသန့်စင်ပြီးနောက် ကုသလိုတဲ့ ဧရိယာပေါ်ကို Yonka Juvenile Fluid ကို အစက်အနည်းငယ်ချပြီးလိမ်းပါ။ ထို့နောက်မိမိအသုံးပြုနေကြ skincare ၊ moisturizer သို့မဟုတ် night cream ကို ပုံမှန်အတိုင်းအသုံးပြုနိုင်ပါသည်။

အသားအရေဝင်းလက် စိုပြေမှုကို အလေးအနက်ထားပြုလုပ်မယ်ဆိုရင်
LIFE Rose Bloom Series
အသားအရေ ဝင်းလက်စိုပြေမှုအတွက် အဓိကထားပြီး ထုတ်လုပ်တဲ့ Series ဖြစ်ပါတယ်။ ဘူလ်ဂေးရီးယား နှင်းဆီပန်းရဲ့ ကျစ်လစ်ပြီး မွေးပျံ့တဲ့ ရနံ့နဲ့အတူ ချွေးပေါက်တွေကို ကျဉ်းစေပြီး အသားအရေကို ပေါ့ပါးတဲ့ခံစားမှုရရှိစေပါတယ်။ အယ်လာတိုရင်းပါဝင်မှုကြောင့် စိုပြေမှုကို အသားအရေအတွင်းအပိုင်းထိ နက်နက်နဲနဲထိန်းသိမ်းထားပါတယ်။ LIFE  Rose Bloom Series ထဲမှာတော့ မျက်နှာသန့်စင်အဆီ၊ မျက်နှာသစ်ဆေး၊ နို့ရည်၊ Lotion အရည်၊ Essence နဲ့ Cream တွေရှိပါတယ်။  မျက်နှာသန့်စင်အဆီကို cleansing & washing mousse 2in1 နဲ့ moisturizer cleansing oil gel ဆိုပြီး နှစ်မျိုးရှိပါတယ်။ cleansing & washing mousse 2in1 ကတော့ အမြှုပ်ထမှုအားကောင်းပြီး အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်အထူးသင့်လျော်ပါတယ်။ moisturizer cleansing oil gel ကတော့ အသားအရေ အားလုံးအတွက် သင့်လျော်ပြီး မျက်နှာပေါ်နှိပ်နှယ်ပြီး လိမ်းပေးရမှာ  ဖြစ်ပါတယ်။ ပြီးရင်တော့ သန့်ရှင်းတဲ့ပိတ်စ ဒါမှမဟုတ် သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောပေးရမှာပါ။ မျက်နှာသစ်ဆေးကတော့ အညစ်အကြေးတွေကို ဆွဲထုတ်သန့်စင်ပေးပြီး သဘာဝအတိုင်းဖြူစင်စေပါတယ်။ နို့ရည်ကတော့ အသားအရေကို ညီညာစေပြီး အေးမြတဲ့ခံစားမှုနဲ့အတူ အသားအရေကို စိုပြေစေပြီး ပေါ့ပါးတဲ့ခံစားမှုရရှိပါတယ်။ Lotion အရည်ကတော့ ဟိုက်ဒရောစီအက်ဆစ်၊ ပီထရာ၊ အလ်ဗူရိုနစ်အက်ဆစ်တို့ ပါဝင်တာကြောင့် မျက်နှာပြင်အရေပြားကို ပြန်လည်တင်းရင်းစေပါတယ်။ Alcohol မပါဝင်တာကြောင့် အသားအရေ စိြုေ ပမှုကို အချိန်ကြာကြာထိန်းထားနိုင်ပါတယ်။ Essence ကတော့ ညှိုးနွမ်းတဲ့အသားအရေကို ပြန်လည်လန်းဆန်းလာစေပြီး အသားအရေအစိုဓာတ်ပိုမိုရရှိစေပါတယ်။ Cream ကတော့ မွဲခြောက်၊ ကြမ်းတမ်းပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ကြည်လင် ကောင်းမွန်လာစေပြီး နူးညံ့စေပါတယ်။ ပုံမှန်အသုံးပြုပါကလည်း တင်းတိတ်၊ မှဲ့ခြောက်နဲ့ အမည်းစက်တွေကို ပျောက်ကင်းစေပါတယ်။ ရေဓာတ်ကိုအခြေခံပြီး ပြုလုပ်ထား တာကြောင့် အသားအရေကြည်လင်မှုကို ခံစားရရှိေ စမှာဖြစ်ပါတယ်။

မျက်နှာပြင် ချွေးပေါက်ကျယ်ခြင်းကို လျှော့ချပြီး နုပျိုချောမွေ့ စေဖို့ 
PAULA’S CHOICE  SKIN BALANCING INVISIBLE FINISH MOISTURE GEL
ဝက်ခြံထွက်တတ်သောသူများ၊ အဆီပြန်သောအသားအရေနှင့် ပေါင်းစပ်အသားအရေပိုင်ရှင်တွေ အသုံးပြုနိုင်ပြီး ၀က်ခြံများထပ်မံမဖြစ်ပေါ်ဖို့ ကာကွယ်တားဆီးပေးပါတယ်။ ရေဓာတ်ကို ဖြည့်တင်းပေးတဲ့အတွက် မှဲ့ခြောက်နဲ့ တင်းတိပ်
တွေကို ပျောက်ကင်းစေတဲ့အပြင် Niacinamide ပါဝင်တဲ့အတွက် ချွေးပေါက်ကျယ်ခြင်းကိုလည်း ကုသပေးပါတယ်။ antioxidants ပါဝင်တဲ့အတွက် ပတ်ဝန်းကျင်ကြောင့် အသားအရေညစ်နွမ်းပျက်စီးခြင်းကိုလည်း ကာကွယ်ပေးပြီး နုပျိုလန်းဆန်းတဲ့ အသားအရေအသွင်အပြင်ကို ရရှိစေပါတယ်။ ရေဓာတ်လိုအပ်နေတဲ့ အသားအရေတွေအနေနဲ့ ပြန်လည်လန်းဆန်းလာပြီး နုပျိုမှုကို တဖန် ပြန်လည်ဖြစ်ပေါ်လာစေပါတယ်။antioxidants နဲ့ အခြားပါဝင်ပစ္စည်းတွေကို အရေပြားမှာ ထိန်းသိမ်းထားတဲ့အတွက် အသားအရေကိုပြန်လည် ကောင်းမွန်စေပြီး ကြည်လင်တဲ့အသားအရေအသွင် အပြင်ဖြစ်စေပါတယ်။ ပေါ့ပါးတဲ့ gel type အမျိုးအစားဖြစ်တာကြောင့် အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်တွေကို ပြန်လည်ကျဉ်းသွားစေတာကြောင့် ကြည်လင်ချောမွေ့တဲ့ အထိအတွေ့နဲ့ အသွင်အပြင်ရရှိစေပါတယ်။ အသုံးပြုပုံမှာ - ညအိပ်ရာဝင်ခါနီး မိမိပြုလုပ်နေကြ skincare များရဲ့ နောက်ဆုံးအဆင့်အဖြစ် အသုံးပြုနိုင်ပါတယ်။

Coreana Moisture Cream
အသားအရေအတွင်းပိုင်းရှိ ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်တဲ့ Powercell Essence ပါဝင်တဲ့အပြင် Ceramide အစွမ်းသတ္တိပါဝင်တာကြောင့် မျက်နှာအသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်ရုံသာမက အစိုဓာတ်ကို အချိန်ကြာရှည်စွာ ထိန်းထားပေးနိုင်တာကြောင့် အခုလို အေးမြပြီး ခြောက်သွေ့တဲ့ရာသီဥတုနဲ့ သင့်လျော်ပါတယ်။ အသားအရေ ခြောက်သွေ့လွန်းသူတွေ သာမက အဆီအရမ်းပြန်သော အသားအရေပိုင်ရှင်  များအတွက်ပါ ရေဓာတ်နဲ့ အဆီဓာတ်နှစ်ခုလုံးမျှတအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ခြောက်သွေ့ သော အသားအရေပိုင်ရှင်များအတွက် အထူးသင့်လျော်ပါတယ်။ အသုံးပြုပုံ - မျက်နှာကိုသန့်စင်ပြီးနောက် အသုံးပြုနိုင်ပါသည်။