Primary tabs

Beauty Review

Hanaro Plus Damage Care and Anti Dandruff Shampoo


cSHAMPOO များပါ။ 
သဘာဝပျားရည်အဆီအနှစ်များနဲ့ ထုတ်လုပ်ထား တဲ့ Damage Care Shampoo ကတော့ ဆိုးဝါးစွာ ပျက်စီးနေတဲ့  ဆံသားများအတွက် ထိရောက်စွာပြု ပြင်ပေးနိုင်စွမ်းရှိပြီး သဘာဝ ဝါးပင် အဆီအနှစ်နဲ့ ပြုလုပ်ထားတဲ့ Anti-Druff Shampoo ကတော့ ဦးရေပြား ပြဿနာကြောင့် ဗောက်အမျိုးမျိုးရဲ့ နှိပ်စက်မှုဒဏ်ခံနေရသော ဦးရေပြားဝေဒနာရှင်များအတွက်ပါ။  Conditioner နှင့် Treament ထပ်သုံးစရာ မလိုသော 3 in 1 Shampoo များပဲ ဖြစ်ပါတယ်။

Resist Skin Revealing Body Lotion with 10% 


Paula’s Choice Skin Care
Shea Butter, Glycolic Acid, Vitamin E, Green Teavitamin C, Grap Seed Oil, Allantoin, Glycerine တို့ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Body Lotion ပါ။ မညီညာသော အသားအရေရှိသူ
များ အသုံးပြုနိုင်ပါတယ်။ အသားအရေ မညီညာခြင်းကိုပြုပြင်ပေးပြီး ချောမွေ့တင်းရင်းစေပါတယ်။ သင်းပျံတဲ့ မွှေးရနံရှိပြီး ညစဉ်အသုံးပြုနိုင်ပါတယ်။

Coreana Premium Vital Recovery BB Pact 


မိတ်ကပ်သားထဲမှာ Moisture အစိုဓါတ် ထည့်သွင်းထားတဲ့ BB Pact ပါ။ အစိုဓါတ်တွေ ပါဝင်နေလို့ ဆောင်းတွင်းကာလ အသားအရေ 
ခြောက်သွေ့ခြင်းအတွက်လည်း အဆင်ပြေစေမှာပါ။ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းများကို ဖုံးအုပ်ပေးနိုင်ပြီး Whitening+ UV Protect ပါဝင်ပါတယ်။ ပြင်ပနေရောင်ခြည်ကို ထိရောက်စွာ ကာကွယ်ပေးပြီး ဖြူညက်နေတဲ့ အသားအရေမျိုး ရရှိနိုင်ပါတယ်။ တစ်မျိုးတည်းလိမ်းရုံနဲ့ ပြည့်စုံတဲ့ ပြင်ဆင်မှုကိုရနိုင်လို့ အချိန်ကုန်သက်သာစေ နည်းပညာမြင့် Vital Recovery BB Pact ပဲဖြစ်ပါတယ်။

ARTY 4HD Matte Liquid


နှုတ်ခမ်းသားပေါ်မှာ ခြောက်နာရီကြာအောင် ထိန်းသိမ်းထားနိုင်တဲ့ 4HD Matte နှုတ်ခမ်းနီပါ။ တင်းရင်းပြေပြစ်တဲ့ နှုတ်ခမ်းသားလေးဖြစ် ဖို့နဲ့ ကျန်းမာတဲ့ နှုတ်ခမ်းသားလေးရစေနိုင်ပါတယ်။
နှုတ်ခမ်းသားပေါ်မှာပေါ့ပါးတဲ့ ခံစားမှုနဲ့မွှေးပျံတဲ့ ရနံ့လေးပေးပါတယ်။ နှုတ်ခမ်းသားကို ကျန်းမာစေတဲ့ အဟာရဓါတ်များလည်း ပါဝင်ပါတယ်။ ကာလာခြောက်မျိုး ထွက်ရှိပါတယ်။

ARTY 4HD Cover Smooth Foundation SPF 30PA+++


High Definition Foundation Cream ဖြစ်တဲ့အတွက် မျက်နှာပြင်မှာရှိတဲ့ အမဲစက် အမဲရိပ်လေးများကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါ တယ်။  Fix Smooth  Powder Complex ပါဝင်လို့ ချောမွေ့ပြေပြစ်တဲ့ သွင်ပြင်ကို ရရှိစေမှာပါ။ Aloe Barbadensis Leaf Juice ပါဝင်ပြီး Multi - Peptide နည်းပညာဖြင့် ပြုလုပ်ထားခြင်းကြောင့် နက်ရှိုင်းသော အရေးအကြောင်းများကို သဘာဝအတိုင်း တင်းရင်းလှပစေပါတယ်။
SPF 30PPA+++ ပါဝင်လို့ နေရောင်ခြည်ဒဏ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေအလိုက် လိုက်ဖက်တဲ့ ကာလာကို ရွေးချယ်ဖို့ လေးရောင်ထွက်ရှိပါတယ်။

Skin Balacing Pore-Reducing Toner


Paula’s Choice Skin Care
ချွေးပေါက်ကျယ်ခြင်းနဲ့ ဆားဝက်ခြံထွက်တတ်သူများ အသုံးပြုနိုင်ပါတယ်။ ချွေးပေါက်များ ကို ကျဉ်းလာစေပြီး ဆားဝက်ခြံများကို ဖယ်ရှားပေးနိုင်တဲ့ Toner ပါ။ ဝက်ခြံထွက်တတ်တဲ့ အသားအရေ
ရှိသူများလည်း အသုံးပြုခြင်းအားဖြင့် ဝက်ခြံများထွက်ခြင်းကို ဟန့်တားနိုင်ပါတယ်။ မျက်နှာသစ်ပြီးတဲ့ အခါတိုင်းမှာ အသုံးပြုနိုင်ပါတယ်။

Whitening MASK 


Paula’s Choice Skincare 
USA မှ ထုတ်လုပ်တဲ့ Paula’s Choice Skincare ရဲ့ Whitening MASK ပဲဖြစ်ပါတယ်။ မည်သည့် အသားအရေအမျိုးအစားမဆို အသုံးပြုနိုင်ပြီး glycerin, arbutin တို့ ပါဝင်တဲ့အတွက် မျက်နှာပြင်ပေါ်မှာ လိုအပ်နေသော ရေဓာတ်ကို ပြန်လည်အားဖြည့်ပေးပြီး အသားအရေမညီညာခြင်းကိုလည်း ပြုပြင်ပေးပါတယ်။
တစ်ပတ်ကို နှစ်ကြိမ်မှ သုံးကြိမ်အထိ အသုံးပြုနိုင်ပါတယ်။
ညအိပ်ယာမဝင်ခင် နောက်ဆုံး Skin Care အဆင့်တွင် လိမ်းပြီးအိပ်ရုံနဲ့ မနက်အိပ်ရာမှ နိုးထလာတဲ့အခါ ကြည်လင်ဝင်းပတဲ့ မျက်နှာကို ရရှိစေနိုင်ပါတယ်။ သာမာန်ထက် ပိုမိုဖြူစင်သန့်ရှင်းစေပြီး မည်သည့်အသက်အရွယ်မဆို အသုံးပြုနိုင်ပါတယ်။

ARTY 4HD Powder SPF 25PA+++


ပေါ့ပါးနူးညံ့သော ပေါင်ဒါသားက မျက်နှာပြင်ရှိ မွှေးညှင်းပေါက်များကို ပြည့်ဝစွာ ဖုံးအုပ်ကာ ကွယ်ပေးနိုင်သော အစွမ်းရှိသည့် 4HD Powder 
ဖြစ်သည်။ Serum Contral ပါဝင်မှုကြောင့် အဆီပြန်ခြင်းကိုလည်း ကာကွယ်ပေးပြီး တစ်နေကုန် နူးညံ့ချောမွေ့နေစေမည်ဖြစ်သည်။ SPA 25 PA+++ ဖြစ်ခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် UVA, UVB တို့ ထိတွေ့ခြင်းမှလည်း ကာကွယ်ပေးထားပါတယ်။ ရွေးချယ်စရာ အရောင် သုံးရောင် ထွက်ရှိပါတယ်။