Primary tabs

Beauty Review

အလှအပ မြတ်နိုးသူတိုင်းအတွက် ဆန်းသစ်ထားသည့် The Face Shop Ink Gel Stick


ဆန်းသစ်ထားသည့် နှုတ်ခမ်းနီအမျိုးအစားဖြစ်ပြီး နှုတ်ခမ်းသားပေါ်တွင် စိုပြေလှပနေကာ ကြာရှည်ခံနေစေရန်ဖန်တီးထားပါသည်။ အရောင်အသွေးစုံလင်ပြီး ထုတ်လုပ်ထားသော်ငြား၊ နှုတ်ခမ်းသားပျက်စီးခြင်းမရှိစေရန် အထူးအာမခံထားပါသည်။ Ink Gel Stick ဟု ဆိုထားခြင်းကြောင့် Lip Stick အဖြစ်ရော၊ Lip Tint အဖြစ်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။ The Face Shop ကောင်တာများတွင် ဝယ်ယူနိုင်ပါသည်။

သနပ်ခါးနဲ့ ထုတ်ထားတဲ့ de leaf Thanaka


သဘာဝအတိုင်း ဝင်းပစိုပြေချောမွေ့နေသော အသားအရေဖြစ်လိုသူများအတွက် သနပ်ခါးနှင့် အကျိုးပြုဗီတာမင်ဓါတ်သတ္တုများ ကြွယ်ဝစွာပေါင်းစပ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သည်။ ရှားစောင်းလပ်ပတ်ရည်လည်း ပါဝင်ထားခြင်းကြောင့် အသားအရေအား နဂိုထက်ပိုမိုကြည်လင်ကာ စိုပြေကောင်းမွန်လာစေပြီး လိုအပ်သော ရေဓါတ်ကိုလည်း အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါသည်။ အသားအရေအား မွဲခြောက်စေသော မယ်လနင် ဓါတ်ထုတ်လွှတ်ခြင်းအား၊ အားပျော့စေပြီး အမည်း
စက်များ လျော့နည်းပျောက်ကင်းသွားစေမည်။ 

အသားအရေကို ဖြူစင်လှပစေမည့် ဆိတ်နို့ ပါဝင်ထားသော Carebeau Mini Goat Milk Shower Cream & UV White Lotion


Carebeau အမှတ်တံဆိပ် ချစ်စဖွယ် Mini shower cream & UV Lotin များအား White Series (၃)မျိုး ခွဲခြား ထုတ်လုပ်လိုက်ပါပြီ။ ဖြူစင် တောက်ပသော အသားအရေဖြစ်လိုသူများအတွက် Fruity White ဖြစ်ပြီး ဆိတ်နို့နှင့် သဘာဝသစ်သီးများ ပေါင်းစပ်ထုတ်လုပ်ထားကာ AHA / Vitamin (A , C , E) ပါဝင်သောကြောင့် ဆဲလ်သေများကို ပြန်လည်ရှင်သန်စေပြီး သစ်သီးရနံ့များဖြင့် တစ်နေ့တာလုံး ရွှင်လန်းတက်ကြွနေစေသည်။ နူးညံ့စိုပြေဖြူဝင်းလိုသော အသားအရေဖြစ်လိုသူများအတွက် Cherry White (Whitening & Moisturising skin) အား ဆိတ်နို့အပြင် ချယ်ရီသီး နှင့် ပေါင်းစပ်ထုတ်ထားသောကြောင့် အသားအရေပေါ်ရှိ အမည်းစက်နှင့် နေလောင်ကွက်များကို ဖယ်ရှားပေးကာ အသားအရေကို စိုပြေနူးညံ့စေသည်။ နုပျိုဖြူဝင်းသော အသားအရေဖြစ်လိုသူများအတွက် Collagen White (Whitening & Spotless Skin ) အားထုတ်ထားပြီး အိုမင်းရင့်ရော်ခြင်းကင်းဝေးပြီး အသားအရေကို တင်းရင်းကာ အစက်ပျောက်များ ပျောက်ကင်းသက်သာစေရန်ဖြစ်သည်။

ယောက်ျားပီသတဲ့ အသွင်ပုံစံနဲ့ romantic ဆန်တဲ့ အမျိုးသမီးတစ်ယောက်ပုံစံအတွက် Mistine


Mistine က နောက်ဆုံးထုတ်ဖေါ်လိုက်သော ရေမွှေးအမျိုးအစားသစ်ဖြစ်သည်။ အမျိုးသားသုံး ရေမွှေးအား Greater than Perfume ဟု ဆိုထားခြင်းကြောင့် သာမာန်ရေမွှေးများထက် ပိုမိုပြီးကောင်းမွန်သော ရနံ့နှင့် ဆွဲဆောင်မှုကို ပေးနိုင်မည်ဖြစ်သည်။ တစ်နေကုန် ရနံ့စွဲမြဲနေပြီး တည်ငြိမ်အေးချမ်းသော ယောက်ျားတစ်ယောက်၏ ပုံရိပ်ကို ဖန်တီးနိုင်ပါသည်။ အမျိုးသမီးသုံးအတွက် Very Pink Perfume ဟု နာမည်ပေးထားပြီး ချစ်ခင်မြတ်နိုးစရာ အမျိုးသမီးတစ်ဦး၏ အသွင်ကိုဖန်တီးနိုင်စေရန် ထုတ်လုပ်ထားပါသည်။

နှုတ်ခမ်းသား စိုပြေလှပခြင်းအတွက် Coreana Lavida Lipstick 


Coreana မှ အသစ်ထပ်မံ မိတ်ဆက်လိုက်သော Lavida နှုတ်ခမ်းနီသည် နှုတ်ခမ်းအလှအတွက်သာမက နှုတ်ခမ်းသား စိုပြေနူးညံ့မှုအတွက် အဓိကလုပ်ဆောင်ပေးနိုင်သည်။ ဆိုးထားသောအရောင်ကို အချိန်ကြာမြင့်စွာ ကြာရှည်ခံနိုင်စွမ်းရှိသည်။ အဆင့်မြင့်နည်းပညာဖြင့် ပြုလုပ်ထားပြီး နှုတ်ခမ်းသားပေါင်းဆေး Treament ပါ ပါဝင်မှုကြောင့် နှုတ်ခမ်းသားပျက်စီးမှုကိုပင် စိုးရိမ်စရာမလိုပဲ ထွေးအိစွဲမက်ဖွယ် နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်စေနိုင်ပါသည်။

အရေးကြောင်းနှင့် အစက်ပျောက်များကို သဘာဝကျကျဖုံးအုပ်ပေးနိုင်မည့် The Face Shop Concealer Dual Veil 


(2 in 1 ) stick  နှင့် liquid ပုံစံအားပေါင်းစပ်ကာ concealer အဖြစ် ဖေါ်ထုတ်လိုက်ခြင်း ဖြစ်သည်။ အရေးကြောင်းနှင့် အစက်ပျောက်များ၊ မျက်ကွင်းညိုခြင်းများကို သဘာဝကျကျဖုံးအုပ်ပေးပြီး တစ်နေ့တာလုံး ကြာရှည်ခံစွဲမြဲနေစေသည်။  အစက်ပျောက်များကို Stick type ကို အသုံးပြု၍ ဖုံးအုပ်ပေးနိုင်ပြီး၊ ကျယ်ပြန့်သော နေရာများအတွက် Liquid type ကို အသုံးပြုလိမ်းခြယ်ပါ။ ကိုရီးယားနိုင်ငံ၏ Cosmopolitan မှ ချီးမြှင့်ထားသော ၂၀၁၅ ခုနှစ်အတွက် Cosmo Beauty Award 
ကိုလည်း ရရှိထားသော concealer ဖြစ်ပါသည်။

ကာဗီးယားငါးဥအဆီအနှစ်များဖြင့် တန်ဖိုးကြီးမြင့်သော Coreana  Collagen Solution Serum & Cream


အသားအရေကို Collagen ပြန်လည် ဖြည့်တင်းပေးသော Caviar ငါးဥ အဆီအနှစ် (၈၈ ရာခိုင်နှုန်း) ပါဝင်မှုကြောင့် လျော့တွဲကျနေသော အသားအရေကို အတွင်းပိုင်းထိ Cellulose များကို ပြည်လည် ပြန့်ပြူးစေပါသည်။ မျက်နှာအသားအရေပေါ်လိမ်းပြီးသည်နှင့် (၇၉ ရာခိုင်နှုန်း) တင်းရင်းမှုကို သိသာစွာ ခံစားရမှာဖြစ်သည်။ လေးလံစွာတွဲကျနေသော ပါးပြင်အရေပြား၊ လက်ဖြင့်မေးထောက်သောအခါ အရေးကြောင်းများ အချိန်ကြာမြင့်စွာ ကျန်နေခဲ့ခြင်းတို့အတွက် စိတ် ပူပင်ခြင်းမရှိစေရန်  Coreana မှ အထူးထုတ်လုပ်ထားသော မျက်နှာလိမ်း Serum နှင့် Cream ဖြစ်သည်။