Primary tabs

Beauty Review

ဆံကေသာ ပျောပျောင်းနက်မှောင်သန်စွမ်းအောင် Carebeau Hair Treatment Wax


S.O.S Repair Compex မှ ဆံကေသာ အထူးစပါယ်ရှယ်လစ်စ်များ၏ နောက်ဆုံးပေါ် နည်းပညာများဖြင့် ဖန်တီးထားသော Hair Treatment ဖြစ်သည်။ ဘီယာ၊ ကြက်ဥ၊ သဘောင်္သီး၊ နှမ်းနက်၊ ဒီတော့၊ ဝိုက်တီး၊ ဆိတ်နို့၊ အုန်းသီး၊ ဂျုံ စသော သဘာဝပစ္စည်းများနှင့် အကျိုးသက်ရောက်မှုအရှိဆုံးဖြစ်အောင် ပေါင်းစပ်ထုတ်လုပ်ထားသောကြောင့်ဆံကေသာအမျိုးအစားအလိုက် ရွေးချယ်အသုံးပြုနိုင်ရန် ထုတ်ထားပါသည်။ ဆံပင်ကို အရင်းမှအဖျားအထိ သန်စွမ်းစေခြင်း၊ နေပူဒဏ်နှင့် အခြားသောအပူဒဏ်များမှ ကင်းဝေးစေခြင်း၊  ကောက်ဖြောင့် ဆေးဆိုးခြင်းကြောင့် ပျက်စီးနေသော ဆံကေသာများကို ကာကွယ်ပေးသည့်အပြင် သဘာဝအတိုင်း ပျော့ပျောင်းနူးညံ့တောက်ပြောင်လှပစေမည်။

x x x x x

မျက်နှာအသားအရေကို သဘာဝအတိုင်း ဝင်းဝါစိုပြေစေမယ့် Giffarine Bamboo Charcoal Detoxifying Facial Foam

ဂျပန်နိုင်ငံဝါးမီးသွေးမှ ထုတ်လုပ်ထားပြီး မျက်နှာအရေပြားကို အတွင်းပိုင်းအထိနက်ရှိုင်းစွာ သန့်စင်ပေးခြင်း၊ စပျစ်သီးအစေ့ပေါင်းစပ် ပါဝင် ခြင်းကြောင့် ဝက်ခြံ၊ အမည်းစက်၊ တင်းတိပ်၊ အညိုကွက်များနှင့်အသားအရေ မညီခြင်းများအတွက် အထူးကောင်းမွန်စေသည်။ မျက်နှာအသားအရေကို သဘာဝအတိုင်း ဖြူဖွေးလှပစေခြင်းကို လက်တွေ့ခံစားရရှိမည်ဖြစ်သည်။

နံနက်နှင့် ညတစ်နေ့ (၂)ကြိမ် မျက်နှာသန့် စင်လိုသည့်အချိန်တွင် အသုံးပြုပေးပါ။ 

အသုံးပြုပုံမှာ - လက်ဖဝါးထဲသို့ မျက်နှာသစ်ဆပ်ပြာကို ညှစ်ထည့်၍ အမြုပ်ထွက်သည်အထိ ပွတ်တိုက်ပြီး မျက်နှာပေါ်တွင် သန့်စင်စေရန် ပွတ်တိုက်ပေးပါ။ ပြီးနောက်သန့်စင်သောရေဖြင့် ဆေးကြောပေးပါ။

x x x x x

ထူးခြားတဲ့ အသားအရေအလှကို ဖန်တီးပေးနိုင်တဲ့ Mistine ဟင်းခပေါင်းသီး Body set


ဟင်းခပေါင်းသီးနဲ့ ထူးထူးခြားခြားထုတ်လုပ်လိုက်ပြီး အသားအရေကြည်လင်စေခြင်းနှင့် အရေးကြောင်းဖြစ်ခြင်းမှပါ ကာကွယ်ပေးနိုင်သော Mistine Natural Fuk Kao skin care series အား   ထုတ်လုပ်လိုက်ပါသည်။ Facial Cream / Facial Foam / Body Lotion / Shower Cream (၄)မျိုးရှိပြီး မျက်နှာမှအစ ခန္ဓာကိုယ်အထိပါ အစအဆုံးရွေးချယ်အသုံးပြုနိုင်ပါသည်။ Anti-Oxidant တစ်မျိုးဖြစ်သော Betacarotene ပါဝင်မှုမှ အသားအရေကို ကြည်လင်ဖြူဝင်းစေလာပြီး ပုံမှန်စွဲသုံးပေးပါက စိုပြေလှပလာစေသည်။

မျက်နှာသန့်စင်ချိန်တွင် မိမိစိတ်ကြိုက် Facial Foam & Cream အား စိတ်ကြိုက်ရွေးသုံးနိုင်ပြီး ရေချိုးသန့်စင်ချိန်တွင် Shower Cream အားသုံးပါ။ ပြီးမှ Body Lotion အား ခန္ဓာကိုယ်နေရာအနှံ့သို့ လိမ်းပေးပါ။

x x x x x

Pro တစ်ယောက် ဖန်တီးသလိုရရှိမယ့် L’oreal Brow Artist Designer Pro (Dark Brown / Light Brown)


ကိုယ့်စိတ်ကြိုက် မျက်ခုံးပုံစံကို အလွယ်တကူဖန်တီးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် L’oreal မှ အသစ်ထပ်မံ မိတ်ဆက်လိုက်သော Brow Artist ဖြစ်သည်။ အဆင့်(၃)ဆင့် သာလိုပါသည်။ ပထမအဆင့်တွင် ပါဝင်သော ခဲတံသားဖြင့် မိမိစိတ်ကြိုက်မျက်ခုံးပုံစံလေးအားဖေါ်ပါ။ ဒုတိယအဆင့်တွင် ပေါင်ဒါမှုန့်ဖြင့် မျက်ခုံးအတွင်းသားအားဖြည့်ပါ။ တတိယအဆင့်တွင်မူ သဘာဝကျကျ မျက်ခုံးအလှရစေရန် ဘရပ်ရှ်ကိုသုံးပြီး အရောင်ညှိပေးပါ။ 

x x x x x

မွှေးကြိုင်လန်းဆန်းအေးမြသော အထိအတွေ့ရနံ့နှင့် SNAKE Cooling Powder


တစ်နေကုန် မွှေးပျံ့သင်းကြိုင်နေစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ပင်လယ်ပြင်ရဲ့ လတ်ဆတ်သောခံစားချက်ကို ပေးစွမ်းနိုင်ရန် Ocean Fresh / သိမ်မွေ့နူးညံ့သော ရနံ့နှင့်လန်းဆန်းတက်ကြွမှုကို ပေးနိုင်ရန် Lavender/ မွှေးပျံ့သော ပန်းရနံ့ကို ပေးစွမ်းနိုင်ရန် Cool Pink ကို သုံးစွဲသူများအကြိုက်ဖြစ်စေရန် ထုတ်ထားသည်။ အထူးသဖြင့် ပူပြင်းသောရာသီများတွင် မိတ်ပေါက်တတ်ခြင်းနှင့် အိပ်ရာထဲတွင် ကြာရှည်စွာနေရသော သက်ကြီးရွယ်အိုများအတွက် အပူလောင်ခြင်းမှ ထိရောက်သက်သာစေရန် ကာကွယ်ပေးမည်။

x x x x x

Holika Holika Aqua Jelly Petit CC foundation & CCBB


နဂိုအသားအရေထက် အဆပေါင်းများစွာ ဖြူဝင်းလှပပြီး ဆွဲဆောင်မှုကောင်းသော အလှပိုင်ရှင်ဖြစ်စေဖို့ CCBB Cream & Foundation ကို သုံးစွဲပေးလို့ရပါပြီ။ တင်းတိတ်နှင့် ၀က်ခြံရှိသူများ အစဉ်တစိုက် ပုံမှန်စွဲသုံးပေးပါက အမည်းစက်ပါမကျန် ပျောက်ကင်းစေသည်။ နေ့စဉ်ပုံမှန်သုံးစွဲခြင်းဖြင့် မျက်နှာအသားအရေကို သဘာဝအတိုင်း လှပလာစေမည်။

CCBB တွင် ဖြူဝင်းသော အသားအရေပိုင်ရှင်များအတွက် Natural Beige / အသားအရေညိုသူများအတွက် Sand Beige / ပုံမှန်အသားအရေပိုင်ရှင်များအတွက် Aqua Neutral (၃) ရောင်ထုတ်လုပ်ထားပြီး SPF 25 PA+++ ပါဝင်ထားသည်။

ပိုမိုဝင်းပသော အသားအရေကိုရရှိစေရန် (သို့မဟုတ်) ရေဓါတ်အားအမြင့်ဆုံး ရရှိနိုင်စေရန် Jelly CCBB  အား skin care အဆင့် အားလုံးတွင် သုံးစွဲပေးနိုင်သလို၊ CC Foundation နှင့်လည်း အချိုးညီမျှစွာ ရောလိမ်းနိုင်သည်။

x x x x x

ခြင်တွေအဝေးကိုပြေးစေမယ့် Sketolene 


သဘာဝသစ်သီးသစ်ဖုများနဲ့ ဖေါ်စပ်ထားတဲ့ ခြင်အဝေးပြေးစေမယ့် ပစ္စည်းလေးများကို မိတ်ဆက်ပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်းကြီးဋ္ဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်တားဆီးရေးအတွက် ရွေးချယ်ခဲ့သော အမှတ်တံဆိပ်လည်းဖြစ်သည်။ ရနံ့မွှေးပျံ့နေစေပြီး အသားအရေကို စိုပြေလှပနေစေရန်၊ လူးထားပြီး အချိန် (၇)နာရီကြာ ခြင်အန္တရာယ်မှ ကာကွယ်နိုင်စေရန်၊ အသက်အရွယ်မရွေး အသုံးပြုနိုင်စေရန် အထူးထုတ်လုပ်ထားသည်။ Spray Type / Lotion Type (၂) မျိုး ထုတ်ထားပြီး လိမ္မော်ရနံ့၊ လာဗင်ဒါရနံ့၊ တောရှောက်ခါးရနံ့တို့ဖြင့် ရရှိနိုင်သည်။

စပရေးအတွက် အသုံးပြုပုံမှာ  - ခန္ဓာကိုယ် နေရာအနှံ့ဖြန်းပြီး လက်ဖြင့်ပွတ်လိမ်းပေးရမည်ဖြစ်ပြီး lotion အတွက်မှာ လိမ်းလိုသောနေရများကို ပွတ်လိမ်းပေးရန်ဖြစ်သည်။ 

x x x x x

ဂျပန်နိုင်ငံ၏ နာမည်ကျော် အသားအရေထိန်းအလှကုန် Ma’suri Crystal Clear Skin Care series (Whitening & Anti Wrinkle)

ဂျပန်နိုင်ငံတွင်  အများဆုံးတွေ့ရှိသည့် ကမ္ဘာကျော် 'Camellia' ပန်းနှင့် ကိုရီးယားဆေးဖက်ဝင် တော်ဝင်ပန်း (၉) မျိုးကို ပေါင်းစပ်ထုတ်လုပ်ထားသည့် Special Skin Care Series ဖြစ်ပါသည်။

Camellia ပန်းတွင် ရေနှင့် အလွန်အလား သဏ္ဍာန်တူသော  Omega 9 Fatty acid ပါဝင်သောကြောင့် အသားအရေအား အေးမြကြည်လင်စေပြီး စိုပြေနူးညံ့လာစေပါသည်။ အရေပြားအလွှာ (၃)လွှာတွင် အောက်ဆုံးလွှာအထိ အားဖြည့်ပေး
နိုင်သောကြောင့် အရေပြားကို အတွင်းမှအပြင်အထိ ဝင်းမွတ်တောက်ပစေပါသည်။ အသားအရေအတွက် အကောင်းဆုံး Ph balance ကို ညှိပေးသည့်အပြင် နေရောင်၊ အခြားဓာတုပစ္စည်းနှင့် Hormone အပြောင်းအလဲများကြောင့် ဖြစ်ပေါ်နိုင်သည့် အသားအရေပျက်စီးမှုများနှင့် အိုမင်းရင့်ရော်မှုနှုန်းကိုလည်း ထိရောက်စွာ လျော့ချပေးပါသည်။ မည်သည့်အသားအရေ ပိုင်ရှင်မျိုးမဆို သုံးစွဲနိုင်ပြီး အသားအရေကို ဖြူစင်ဝင်းပကာ တင်းရင်းလာစေပါသည်။

x x x x x

အသားအရေကို ပဲတီစိမ်းအစွမ်းနဲ့ လှပလာစေမယ့် Nokdu - Senite Pure Cream 50ml

ကစော်ဖေါက်ထားသော ပဲတီစိမ်း၏အစွမ်းမှ မျက်နှာအသားအရေလွှာအား နူးညံ့ပျော့ပျောင်းလှပလာစေမည်ဖြစ်သည်။ ပဲတီစိမ်းအဆီအနှစ်များမှ အစိုဓါတ်နှင့် ရေဓါတ်ကို ကြာရှည်စွာထိန်းသိမ်းပေးနိုင်ပြီး သဘာဝထောပတ်ပါဝင်မှုကြောင့် နူးညံ့ပျော့ပျောင်းစေသည်။ မျက်နှာပေါ်တွင် လိမ်းထားပါက ပေါ့ပါးလန်းဆန်းစေမည့် Mild Cream ဖြစ်သည်။

အသုံးပြုပုံမှာ - Basic skin care များ နောက်ဆုံးအဆင့်တွင် လိုအပ်သောပမာဏကိုယူ၍ မျက်နှာအပေါ်ဘက်သို့ သပ်တင်ပြီး မျက်နှာပြင်တစ်ခုလုံး ပျံ့နှံ့အောင် နံနက် (၁)ကြိမ်၊ ည (၁)ကြိမ် လူးပေးပါ။