Primary tabs

Beauty Review

နုပျိုလန်းဆန်းသောအသွင် Holika Holika Placenta Cream



အသားအရေလျော့တွဲခြင်း၊ ချွေးပေါက်များကျယ်ခြင်းနှင့် ဇရာကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများကို သိသိသာသာလျော့နည်းသွားစေပြီး ထူးခြားလောက်အောင် အကျိုးထူးစေရန် ထုတ် ထားသည့် Placenta Cream ဖြစ်သည်။ နုပျိုလန်းဆန်းစေသော အဆီအနှစ် ကြွယ်ဝသည့် Phyto-Plocenta ပါဝင်သည့် Youth Placenta Cream ဖြစ်သည်။ ဆေးဖက်ဝင်အပင်များမှ ရရှိသော အစိုဓါတ်ပြုပစ္စည်းများဖြင့် ဆဲလ်အသစ်များကို ပြန်လည်ရှင်သန်စေသော အစွမ်းအာနိသင်များပါဝင်ထားသည်။  Placenta Eye Cream / Placenta Activator  / Prime Youth Intensive Emulsion သည် အရေတွန့်ခြင်း၊ အရေပြား ကြံ့ခိုင်ခြင်း၊ အရေပြားမျက်နှာပြုပြင်ခြင်းနှင့် မျက်နှာ ပြင်ရှိ ဆဲလ်များကို နှိုးထပေးခြင်းအတွက် အထူး

ထုတ်ထားခြင်းဖြစ်သည်။ အသုံးပြုပုံမှာ - (အနှိပ်ခံကိရိယာ)ကိုအသုံးပြု၍ ခရင်မ်အားမျက်နှာပြင်ရှိ ဆဲလ်များနှင့် သွေးကြောလည်ပတ်မှု ပုံမှန်ကောင်းစေရန် နှိပ်နယ်လိမ်းပေးပါ။

ပြီးပြည့်စုံသောအလှကို ဖေါ်ထုတ်ပေးမယ့် Pixy Two Way Cake perfect fit

အသားအရေကို ချောမွေ့ပြီး ဖြူစင်ဝင်းပစေမည့် ဖေါ်မြူလာနှင့် ထုတ်လုပ်လိုက်သော Two Way Cake ဖြစ်သည်။ ပိုမိုကျန်းမာသော၊ စိုပြေလှပသော အသားအရေကိုရရှိစေရန်  squalane oil အား ထည့်သွင်းဖေါ်စပ်ထားသဖြင့် သင့်အသားအရေအား တစ်နေ့တာလုံး ကြာရှည်စွာ ချောမွတ်လှပနေစေမည်။ နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ရန် SPF 15 ပါဝင်ပြီး၊ ဖြူစင်လှပစေသော ဗီတာမင် (စီ)လည်း ပါဝင်သဖြင့် မျက်နှာအသားအရေကို ပြစ်မျိုးမထင် လှပစေနိုင်ပါသည်။
အသုံးပြုပုံမှာ - ရေမြှပ် အခြောက်အား Two Way ပေါ်သို့တို့ထိ၍ မျက်နှာပေါ်သို့လိမ်းပေးပါက အချိန်အကြာကြီး စွဲမြဲနေစေမှာဖြစ်ပြီး၊ ရေမြှပ်အစိုဖြင့် မိတ်ကပ်အားတို့ထိ၍ လိမ်းပေးပါက မျက်နှာပေါ် ရှိအပြစ်အနာအဆာများကို သေသပ်လှပစွာ ဖုံးအုပ်နိုင်မည်။

FITNE’ Coffee Mix Low Fat 



ခန္ဓာကိုယ်တွင်းရှိ အဆီပိုများကို လောင်ကျွမ်းပြီး အဆီကျအသားကျစ်လစ်စေရန် Fitne မှာ Apple Extract / White kidney bean extract / Fiber / Collagen / Choco with Fiber (၅)မျိုးကို ထုတ်လုပ်ထားသည်။ Apple extract တွင် ဗီတာ မင် (အေ ၊ စီ ၊ အီး) ကြွယ်ဝစွာပါဝင်သော ပန်းသီး၊ သလဲသီး နှင့် ဘယ်ရီသီးများကို ပါဝင်ဖေါ်စပ်ထား သည့်အတွက် အာရုံကြောအားကောင်းပြီး အဆီကျအသားကျစ်စေမည်။ white Kidney Bean Extract တွင် ပဲဖြူတစ်မျိုး ပေါင်းစပ်ပါဝင်သောကြောင့် အဆီပိုများကို လောင်ကျွမ်းကာ ကြွက်သားများကျစ်လစ်စေမည်။  Fiber တွင် အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေသော ကြောင့် ၀မ်းမှန်စေပြီး Collagen မှ အသားအရေကို တင်းရင်းကြည်လင်စေမည်။  Collagen တွင် ရာခိုင်နှုန်းအပြည့် Collagen ပါဝင်ကာ၊ သံဓါတ် ကြွယ်ဝသော ငါးတစ်မျိုးကိုပါ ထည့်သွင်းပေါင်းစပ်ထားသောကြောင့် အသားအရေကို စိုပြေလှပစေမည်။ Choco with Fiber တွင် L-Glutatione ၊ ပဲဖြူ၊ အမျှင်ဓါတ်များ ကြွယ်ဝစွာပေါင်းစပ်ထား၍ အသားအရေကို ကြည်လင်ရှင်းသန့်စေမည်။ ဆီးချို သွေးချိုသမားများအတွက် သကြားအစားထိုး Sweetner ကို အသုံးပြုထားသည်။

သဘာဝပဲတီစိမ်းမှ ထုတ်လုပ်ထားသော Nokdu Pure Toner 150ml


ကစော်ဖေါက်ထားသော ပဲတီစိမ်းမှရရှိသော အဆီအနှစ်များဖြင့် အသားအရေကို သန့်စင်လန်းဆန်းမှု ရရှိသွားစေရန် ထုတ်လုပ်ထားပါသည်။ လိုအပ်နေသော အစိုဓါတ်အား အပြည့်အ၀ ဖြည့်တင်းပေးပြီး ရေဓါတ်၊ အဆီဓါတ်များ ညီမျှသွားစေရန် ထိန်းညှိပေးသည်။ အစွမ်းထက် ဗီတာမင် (၅)မျိုး အားထည့်သွင်းထားသဖြင့် အသားအရေအား ပုံမှန်သုံးစွဲပေးသွားပါက ကြည်လင်နူးညံ့လာစေမည်။ အသုံးပြုပုံမှာ - cotton puff တွင် လိုအပ်သလောက်သာ စိုစွတ်ပြီး မျက်နှာပြင်အပေါ်ဘက်ကိုသပ်တင်ကာ နံနက်နှင့်ည အသုံးပြုပေးပါ။

ယုံကြည်မှုရှိစွာ မွှေးပျံ့နေစေမယ့် Mistine Ladycare Intimate Cleanser


အမျိုးသမီးများ တစ်ကိုယ်ရည် သန့်ရှင်းစင်ကြယ်ပြီး မွှေးပျံ့ရှင်းသန့်နေစေရန် Mistine မှ အပြာရောင်နှင့်ပန်းရောင် အမျိုးသမီးသန့်စင်ဆေးရည်အား ထုတ်လုပ်လိုက်ပါပြီ။ အေးမြသော အထိအတွေ့ နှစ်သက်သူများအတွက် အပြာ 
ရောင်၊ နူးညံ့မွှေးပျံ့သော အထိအတွေ့ နှစ်သက်သူများအတွက် ပန်းရောင်ရွေးချယ်နိုင်ပါသည်။ အရေပြားယားယံခြင်း၊ အနံ့ဆိုးများဖြစ်ခြင်းနှင့် ဘက်တီးရီးယားပိုးများကို ထိရောက်စွာ ကာကွယ် ပေးနိုင်ပါသည်။ မိမိကိုယ်ကို ယုံကြည်မှုရှိစွာနဲ့ နေ့ရက်များ ဖြတ်သန်းနိုင်ဖို့ တစ်နေ့ (၂)ကြိမ် အသုံးပြုပေးပါ။

မျက်နှာအသားအရေကို သိပ်သည်းလှပနေ စေမယ့် L’oreal Mat Magique 12 H



အချိန် (၁၂) နာရီကြာအောင် မျက်နှာအသားအရေကို ချွေးပေါက်ပိတ်ဆို့ခြင်းမရှိစေဘဲ လှပနေစေမည့် အောက်ခံမိတ်ကပ်ရည်အား l’oreal မှ အသစ်ထုတ်လုပ်လိုက်ပါသည်။ High Coverage Foundation ဟု ဆိုထားခြင်းကြောင့် မျက်နှာတစ်ပြင်လုံးကို ချောမွေ့လှပစေကာ အပြစ်အနာဆာဖုံးအုပ်လှပစေမည်။ Natural Volcanic Perlite ပါဝင်ခြင်းမှာ အသားအရေအတွင်းရှိအဆီပိုများကို စုပ်ယူ၍ အဆီထိန်းပေးနိုင်စေရန်ဖြစ်သည်။ မိတ်ကပ်လိမ်းပြီး T- zone အဆီပြန်၍ စိတ်ညစ်နေသူများနှင့် တစ်နေ့တာလုံး သိပ်သည်းလှပနေလိုသူများနှင့် အထူးအဆင်ပြေစေသည်။     

နေလောင်ဒဏ်ကို အမြင့်မားဆုံးကာကွယ် ပေးပြီး အပြစ်အနာဆာများဖုံးအုပ်ပေးနိုင်မည့် Maybelline BB Super Cover SPF 50 PA +++

Maybelline မှ အချိန်ကုန်သက်သာပြီး ထိရောက်သော BB Super Cover အား All in One ထုတ်လုပ်လိုက်ပါပြီ။ တစ်မျိုးတည်းသုံးရုံဖြင့် အကျိုးထူး (၈)မျိုးကို ရရှိစေမည်။ အပြစ်အနာဆာများကောင်းစွာ ဖုံးအုပ်ပေးနိုင်ခြင်း၊ ချွေးပေါက်များဖုံးအုပ်သွားခြင်း၊ ကြာရှည်ခံစွဲမြဲလှပစေခြင်း၊ နေရောင်ခြည်ဒဏ် UVA / UVB များကို အမြင့်ဆုံးကာကွယ်နိုင်ခြင်း၊ Mineral Guard Filter ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပေးခြင်း၊ အသားအရေ ဖြူစင်လှပစေခြင်း၊ ချောမွေ့စေ 
ခြင်းနှင့် အသားအရောင်အား ညီညာလှပစေသည်။  ထိခိုက်လွယ်သော sensitive skin များပါ အသုံးပြုနိုင်ရန်ထုတ်လုပ်ထားပြီး Anti-oxidant ပါဝင်သဖြင့် ကျန်းမာသော ဆဲလ်များမပျက်စီးရန် အထူး ကာကွယ်ထားသည်။