Primary tabs

Beauty Review

မျက်နှာအသားအရေကို ဖြူဝင်းစိုပြေလာစေမည့်  Edelweiss Whitening Compact Foundation SPF 30 PA+++

မိတ်ကပ်သားပါဝင်ပြီး မျက်နှာလိမ်းပေါင်ဒါ အမျိုးအစားဖြစ်သော Giffarine အမှတ်တံဆိပ် compact foundation သည် မျက်နှာပြင်ပေါ်တွင်ညီညာချောမွေ့စေခြင်း၊ အသားအရေညစ်ညမ်းခြင်းမှ ကာကွယ်ပေးခြင်း၊ SPF 30 PA+++ မှ UVA/UVB တို့ကြောင့် အသားအရေညိုမဲခြင်း၊ အညိုကွက်များဖြစ်ခြင်းနှင့် အမည်းစက်များကို ကာကွယ်ပေးသည့်အပြင် အသားအရေကို ဖြူဝင်းစိုပြေလှပစေခြင်းတို့ကို ရရှိစေရန်ထုတ်ထားသည်။ အသုံးပြုပုံမှာ- တို့ပတ်ဖြင့် မိမိနှစ်သက်သလိုပေါင်ဒါကိုယူပြီး မျက်နှာပြင်တစ်ခုလုံး ညင်သာစွာလိမ်းပေးပါ။

Giffarine Showroom အမှတ် -၂၉၊ ဦးချစ်မောင်လမ်းမကြီး၊ လမ်းဆုံမှတ်တိုင်အနီး၊ ဗဟန်းတွင်ဝယ်ယူနိုင်ပြီး ဖုန်း ၀၁ - ၅၄၃၁၂၄ ၊ ၀၉၇၉၉၆၅၄၉၇၇ သို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

အသားအရေအားသဘာဝအတိုင်း ကြည်လင်တောက်ပလာစေမည့် Mizon Jelly Seaweed Scrub

နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရသော မျက်နှာပြင်အသားအရေမှာ နေ၊ လေဒဏ်တို့ကြောင့် ထိခိုက်ညစ်နွမ်းလာရပါသည်။ Mizon Scrub မှာမူ အသားအရေပေါ်ရှိ ဆဲလ်အသေများ၊ အညစ်အကြေးများကို အထူးနူးညံ့ညင်သာစွာ ဖယ်ရှားပေးနိုင်စွမ်းပါဝင်သည်။ ပါဝင်ပစ္စည်းများမှာ သဘာဝဆန်မှုန့်၊ ပင်လယ်ရေညှိ ၊ Konjac အပင်တို့ ပါဝင်ပေါင်းစပ်ထားသည်။

ဆန်မှုန့်၏အစွမ်းမှာ အသားအရေအား တောက်ပစေသည့် သဘာဝပစ္စည်း (rice powder) ပါဝင်သဖြင့် အိုမင်းခြင်းနှင့် အဆီပြန်ခြင်းများကို လျော့ချပေးနိုင်ပါသည်။ ပင်လယ်ရေညှိတွင် mineral  နှင့် ဗီတာမင်းများစွာ ပါဝင်ခြင်းကြောင့် အိုမင်းမှုကို ကာကွယ်ပေးသည့် Antioxidant များစွာပါဝင်သည်။ အသားအရေအားလည်း ပြုပြင်နိုင်စွမ်းရှိသည်။  Konjac အပင်၏အမြစ်မှ ရရှိသော ရေမြှုပ်ဖတ်လေးများက အသားအရေ ပေါ်ရှိ အညစ်အကြေးများကို ဖယ်ရှားကာ ဆဲလ် အသစ်ဖြစ်ပေါ်စေသည်။

Uniq Han Counter (အရင် Blazon နေရာ၊ လှည်းတန်းစင်တာ)၊ တော်ဝင်စင်တာရှိ ကောင်တာများတွင်ဝယ်ယူနိုင်ပါသည်။

ချွေးပေါက်ကျယ်ခြင်းနှင့် အသားအရေ လျော့ရဲခြင်းများအတွက် Hydra Complete  Multi- Moisturizing Tonique

အိုမင်းရင့်ရော်လာခြင်း၏ လက္ခဏာထဲမှတစ်ခုဖြစ်သော ချွေးပေါက်ကျယ်နေခြင်းသည်လည်း ရေဓာတ်ကို ပိုမိုဆုံးရှုံးစေပြီး အသားအရေတင်းရင်းမှုကို လျော့ကျစေပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ကုန်ဆုံးသွားသော ရေဓာတ်ကို

ပြန်လည်ဖြည့်တင်းရန်နှင့် ကျယ်နေသော ချွေးပေါက်များကို normal size ပြန်ဖြစ်စေရန်အတွက် Psyche skin care series  ထဲမှ  Hyaluronic acid ပါဝင်သော  Hydra complete Multi- Moisturizing Tonique ကို နေ့စဉ် အသုံးပေးရမည် ဖြစ်ပါသည်။ (အရောင်၊ အမွှေးဆီ၊ အရက်ပျံ) လုံးဝ လုံးဝ မပါဝင်ပါ။

Allergy ၊ Sensitive skin ၊ Peeling နှင့် surgery ပြုလုပ်ထားသူများအတွက် အထူးသင့်လျော်ပါသည်။

မျက်နှာသန့်စင်ပြီးတိုင်း 2-3 punch ပမာဏကို cotton pad အသုံးပြုပြီး မျက်နှာ face line မှစတင်ပြီး အသာယာပုတ်ခတ်ပေးပြီး အသုံးပြုနိုင်ပါသည်။

အသုံးပြုပြီး ခဏအတွင်းမှာပင် စေးကပ်မှု မရှိဘဲ ထူးခြားစွာ  ကြည်လင် တင်းရင်းသော အသားအရေကို ပိုင်ဆိုင်စေမည်ဖြစ်ပါသည်။

ပဲတီစိမ်းအစွမ်းဖြင့် လင်းလက်လာစေမည့် Nokdu - Senite Pure Foam Cleansing

ကစော်ဖေါက်ထားသည့် ပဲတီစိမ်းအစွမ်းမှ မျက်နှာတွင် စုဝေးကပ်ငြိနေသော အညစ်အကြေးနှင့် အဆီများအား အတွင်းလွှာအထိရောက်စေရန် ထိရောက်စွာ သန့်ရှင်းပေးမည်ဖြစ်သည်။ နက်ရှိုင်းစွာ သန့်စင်ပေးနိုင်သောကြောင့် အသားအရေကိုချောမွေ့ကာ ကြည်လင်တောက်ပလာစေမည်။ ဆေးပညာမှတ်တမ်းများတွင် ပဲတီစိမ်းမှ အဆိပ်တောက်ပေါင်း ၁၀၀ ကျော်ကို ဖယ်ရှားပေးနိုင်သည် ဟုသတ်မှတ်ထားသောကြောင့် မျက်နှာအသားအရေ ပြဿနာရှိသူများပင် အသုံးပြုနိုင်မည် ဖြစ်သည်။ သင့်တင့်သောပမာဏကို ရေနှင့်အတူ အမြှုပ်များ အပြည့်အ၀ထွက်အောင် ပြုလုပ်၍ မျက်နှာပေါ်သို့ ညင်သာစွာနှိပ်နယ်ပေးပါ။ ပြီးမှ ရေနှင့်ဆေးကြောသန့်စင်ပါ။

Uniq Han Counter (အရင် Blazon နေရာ၊ လှည်းတန်းစင်တာ)၊ တော်ဝင်စင်တာရှိ ကောင်တာများတွင် ၀ယ်ယူနိုင်ပါသည်။

မနက်တိုင်းမှာ အလှတရားအသစ်ကို ပိုင် ဆိုင်နိုင်ဖို့ Bird’s Nest  + Peptides Bouncy Overnight Mask

Bird’s Nest  + Peptides Bouncy Overnight Mask ဟာ အသားအရေလိုအပ်နေသော အာဟာရဓါတ်များအား တစ်ညလုံးဖြည့်တင်းပေးနိုင်စွမ်းရှိသည်။ ညှိုးနွမ်းညစ်ထေးနေသော အသားအရေအား တဖန်ပြည်လည်ကောင်းမွန်စေပြီး လင်းလက်တောက်ပလာစေမည်။ Collagen ဓါတ်များ ကြွယ်ဝစွာပါဝင်နေသော သဘာဝငှက်သိုက်မှ အသားအရေအား တင်းရင်းစိုပြေနေစေရန် အထောက်အကူပြုပေးပါသည်။ လျော့ရဲတွဲကျနေသော အသား အရေများအား အသစ်တဖန် ပြည်လည်တင်းရင်းနုပျိုနေစေရန် အစွမ်းထက်နည်းပညာများနှင့် စွမ်းအားမြင့်ပစ္စည်းများအား ထည့်သွင်းကာဖေါ်စပ်ထားပါသည်။ Overnight Mask မှာ မျက်နှာပေါင်း တင်ပြီးရေဖြင့် ပြန်လည်ဆေးချစရာမလိုဘဲ လိမ်းအိပ်လို့ရသည့် mask အမျိုးအစားဖြစ်သောကြောင့် အလုပ်မရှုပ်စေပါ။ စေးကပ်ခြင်း၊ အဆီပြန်ခြင်း လုံးဝမရှိသော Non-greasy Formula ကို အသုံးပြုထားသည့်အတွက် စေးကပ်လေးလံခြင်းမရှိပဲ မျက်နှာအသားအရေအား တစ်ညတာလုံးထိရောက်ကောင်းမွန်စွာ ဖြည့်တင်းပေးနိုင်ပါသည်။

အမြို့မြို့အနယ်နယ်ရှိ Bio-essence ကောင်တာများတွင် ၀ယ်ယူနိုင်ပါသည်။

မျက်နှာအသားအရေအတွက် လိုအပ်သော အာဟာရများအား နက်ရှိုင်းစွာ ဖြည့်တည်းပေးမည့် Bird’s Nest + Peptides Essence - In  - Cream

အာဟာရဓာတ် ကြွယ်ဝစွာပါဝင်နေသော သဘာဝငှက်သိုက် ပါဝင်ဖေါ်စပ်ထားခြင်းကြောင့် မျက်နှာပြင်ပေါ်တွင်ဖြစ်ပေါ်နေသော အရေးကြောင်းများကို လျော့ပါးသက်သာစေပြီး အသားအရေကို တင်းရင်းကျန်းမာစေမည်။  Collagen Capsule Essence များ အပြည့်အ၀ပါဝင်သဖြင့် အသားအရေပေါ်တွင် လိမ်းလိုက်သည်နှင့် ချက်ချင်းအသားအရေအတွင်းပိုင်းထိရောက်အောင် အစိုဓါတ်ကိုဖြည့်တင်းပေးနိုင်သည်။ Non-greasy Formula / Light weight formula တို့ သုံးထားသဖြင့် အသားအရေအားစေးကပ်ခြင်းမရှိ၊ လေးလံမှုကိုမခံစားရပါ။  Bio-Whitening Peptide အစွမ်းမှ ကြမ်းတမ်း ခြောက်သွေ့နေသော အသားအရေကိုပင် ပြန်လည်ကျန်းမာကောင်းမွန်လာစေမည်ဖြစ်ပြီး သ ဘာဝအတိုင်း လင်းလက်တောက်ပနေစေမည်။

အမြို့မြို့အနယ်နယ်ရှိ Bio-essence ကောင်တာများတွင် ၀ယ်ယူနိုင်ပါသည်။

အားနည်းချက်မရှိသော အသားအရေလှပခြင်းကို ဖန်တီးလိုသူများအတွက် Bird’s Nest + Peptides Skin Advancer

အကြောင်းအမျိုးမျိုးကြောင့် အသားအရေ ကြမ်းတမ်းနေသူများအတွက် ခဏတွင်းမှာပင် စိတ်ချမ်းမှုကိုပေးစွမ်းနိုင်ရန် Skin Advancer ကို ထုတ်လုပ် ထားခြင်းဖြစ်သည်။ Skin Advancer ၏ပြုပြင်ပေးမှုမှာ မျက်နှာပေါ်သို့ လိမ်းလိုက်သော Skin care product များ၏အစွမ်းကို ထိရောက်စွာ ဖြည့်တင်းပေးနိုင်ရန် အသားအရေအား ပြုပြင်ပေးမည်ဖြစ်သည်။ Super light weight formula မှအသားအရေအတွက် လိုအပ်နေသော အာဟာရဓါတ်များအား အချိန်ခဏလေးအတွင်းအရေပြားဆဲလ်အထိ စိမ့်ဝင်ဖြည့်တင်းပေးနိုင်မည်။ သဘာဝငှက်သိုက် Collagen ဓါတ်တွေမှ အသားအရေ အားအာဟာရဓာတ်များကို ပြည့်ဝစွာရရှိစေရန်စွမ်းဆောင်ပေးပြီး မွဲခြောက်ကြမ်းတမ်း နေသောအသားအရေများအား လင်းလက်ဝင်းပလာစေမည်ဖြစ်သည်။

အမြို့မြို့အနယ်နယ်ရှိ Bio-essence ကောင်တာများတွင် ၀ယ်ယူနိုင်ပါသည်။