Primary tabs

Beauty Review

အဆီကျ ကျစ်လျစ်လိုသူများအတွက် FITNE  Herbal



အဆီကျသွယ်လျ လှပလိုသူများအတွက် အထူးထုတ်ထားခြင်းဖြစ်သည်။ သဘာဝအတိုင်း ထုတ်လုပ်ထား၍ ၁၀၀ ရာခိုင်နှုန်း အန္တရာယ်ကင်းရှင်းကာ အစာအိမ်နှင့်အူလမ်းကြောင်းကို အားဖြည့်ပေးခြင်း၊ ကိုယ်တွင်းအဆိပ်အတောက်များကို
ထုတ်ပေးခြင်းတို့ကြောင့် ခန္ဓာကိုယ်ကျစ်
လျစ်ကာ အဆီကျသွယ်လျစေပါသည်။ အဆီပိုများကိုလောင်ကျွမ်းစေသဖြင့် ပုံမှန်သုံးဆောင်ပေးပါက အဆီကျပေါ့ပါးလှပစေသည်။ Green Tea အနံ့အရသာပြုလုပ်ထားသော Fitne မှာ ကင်ဆာ၊ နှလုံး၊ ဆီးချိုစသော ရောဂါများကိုကာကွယ်ပေးခြင်း၊ ကန္ဓမာပန်းအနံ့အရသာဖြင့် ပေါင်းစပ်ထားသော  Fitne မှာ ခန္ဓာကိုယ်တွင်းအပူကို ငြိမ်းစေခြင်း၊ မူလာလက်ဖက်အရသာ Fitne မှာ ၀မ်းချုပ်သူများ အတွက် သင့်လျော်စေခြင်း၊ လိုင်ချီးအနံ့ အရသာ Fitne မှာ သောက်ရလွယ်ကူပြီး စိတ်ကိုကြည်လင် လန်းဆန်းစေခြင်း၊ Black Currant ရနံ့ဖြင့် ပြုလုပ်ထားသော  Fitne မှာ စိတ်ကို လန်းဆန်းပေါ့ပါး စေခြင်းတို့ ရစေသည်။ အိပ်ရာဝင်ခါနီးအချိန်တွင် နေ့စဉ် သောက်သုံးပေးနိုင်ပါသည်။Fitne တစ်ထုပ်ကို ဖန်ခွက်ထဲသို့ ထည့်ပြီး ရေနွေးနှင့် (၅)မိနစ်မှ (၂၀)မိနစ်အကြာ စိမ်ထား၍ သောက်ပါ။ သောက်ပြီး (၈)နာရီအကြာတွင် အာနိသင်ကိုခံစားနိုင်ပါသည်။

City Mart / Capital / Seingayhar စူပါမားကတ်များတွင် ၀ယ်ယူနိုင်ပါသည်။

တစ်နေ့တခြား မျက်နှာအသားအရေ ချောေ မွ့လာစေမယ့် Estee Lauder Crescent White Hydra-Bright Essence Makeup



မိတ်ကပ်နှင့် အသားအရေကျန်းမာမှုကို ပေါင်းစပ်ထားသော ပုံစံဖြစ်သောကြောင့် မျက်နှာအသားအရေ ကျန်းမာလှပလိုသောသူများနှင့် အထူးသင့်တော်ပါသည်။ တမူဆန်းသစ်ထားသော Light Cycle Complex နှင့် Super Fluid Pigment Technology မှ မျက်နှာအသားအရေအား ချောမွေ့လှပလာစေမည့် essence makeup ဖြစ်သည်။ မျက်နှာပေါ်ရှိ အစက်အပြောက်များအား ချက်ချင်းပျောက်ကင်းပြီး သဘာဝအတိုင်း ကြည်လင်တောက်ပစေကာ နူးညံ့သော အထိအတွေ့  ပေးစွမ်းရန်ဖေါ်စပ်ထားသည်။ အသားရေလိုင်းလေးများအတွင်းထဲထိဝင်ရောက်ကာ ဖြည့်တင်းပေးနိုင်ပြီး ချွေးပေါက်ကျယ်ခြင်းအား ညီမျှသွားစေရန် ထိန်းချုပ်ပေး၍ အသားရောင် ညီညာလှပလာစေသည်။ မျက်နှာသန့်စင်ပေးပြီးနောက်တွင် စတင်လူးနိုင်သကဲ့သို့၊ toner သုံးပြီးနောက်တွင်လည်း လူးနိုင်ပါသည်။ 

Parkson / Myanmar Plaza / Junction Square ရှိ Estee Lauder ကောင်တာများတွင် ၀ယ်ယူရရှိနိုင်သည်။

သစ်သီးရနံ့ NuKid Shampoo (Cheerful strawberry / Refreshing watermelon )



ကလေးငယ်လေးများ၏ ခေါင်းချွေးနံ့ကို ဖယ်ရှားပေးနိုင်ပြီး ဆံသားကိုတောက်ပစိုပြေစေသည့် သစ်သီးရနံ့ ခေါင်းလျှော်ရည်များဖြစ်သည်။ စတော်ဘယ်ရီရနံ့၊ ဖရဲသီးရနံ့ ခေါင်းလျှော်ရည်လေးများကို ဓါတုဗေဒပစ္စည်းများ မပါဝင်ဘဲ သဘာဝ အတိုင်းထုတ်လုပ်ထားသောကြောင့် အသက် (၃)နှစ် နှင့်အထက် ကလေးငယ်များအတွက် အထူးသင့်လျော်ပါသည်။ Alcohol / Paraben မပါဝင်သောကြောင့် ကလေးငယ်လေးများ၏ ဆံသားများကို မထိခိုက်စေဘဲ နူးညံပျော့ပျောင်းသန်စွမ်းစေ ပါသည်။

အမြို့မြို့အနယ်နယ်ရှိ ဆိုင်တိုင်းတွင် ၀ယ်ယူရရှိနိုင်ပါသည်။

ဝက်ခြံ၊ မှဲ့ခြောက်နဲ့ နေလောင်ကွက်တွေ ပျောက်ကင်းစေဖို့ Shinete’ Giftset Cream



မျက်နှာအသားအရေ ကြမ်းတမ်းနေလို့ စိတ်ညစ်နေသူများ၊ ၀က်ခြံနှင့် တင်းတိတ်တို့ ရှိခြင်းကြောင့် စိတ်ညစ်နေသူများ အထူးအသုံးပြုသင့်ပါသည်။ Gift set တွင် မျက်နှာအတွက် အဆင့်လိုက် အသုံးပြုနိုင်ရန် (၄)မျိုးပါဝင်ပါသည်။ မျက်နှာသန့် စင်လိုသည့်အချိန်တွင် Cleansing Foam ဖြင့် မျက်နှာသစ်ပေးပြီး ရေဖွဖွလေးသုတ် ပြီးတဲ့နောက်မှာ ဒုတိယအဆင့်အနေနဲ့ ပန်းရောင်ဗူးလေးကို လိမ်းပေးရမှာပါ။ တတိယအဆင့်ကတော့ ငွေရောင်ဗူးလေးပါ။ ညဘက်မျက်နှာသစ်ပြီး ချိန်မှာတော့ ရွှေရောင်ဗူးလေးကို  ဆက်လိမ်းပေးရပါမယ်။ တစ်နေ့ (၂)ကြိမ် ပုံမှန်လူးပေးခြင်းဖြင့် အပြစ်ကင်းသော အလှကိုဖန်တီးရယူနိုင်ပါမည်။

စိန်ဂေဟာစူပါမားကတ်များတွင် ၀ယ်ယူနိုင်ပါသည်။

ဆန်မှုန့် နဲ့ ပင်လယ်ရေမှော်အစွမ်း Mizon Jelly Seaweed Scrub



အသားအရေပေါ်ရှိ ဆဲလ်သေများနှင့် အညစ်အကြေးများကို အထူးနူးညံ့စွာ ဖယ်ရှားပေးနိုင်သည့် Mizon Seaweed Jelly Scrub ဖြစ်သည်။ အသားအရေအားတောက်ပစေသည့် သဘာဝပစ္စည်း ဆန်မှုန့် (rice powder) ပါဝင်ထားသဖြင့် အို မင်းခြင်းနှင့် အသားရေအဆီပြန်ခြင်းကို လျှော့ချပေးနိုင်ပါသည်။ Mineral & Vitamin များစွာ ပါဝင်သည့် ပင်လယ်ရေမှော် (seaweed) မှလည်း အသက်အရွယ် အိုမင်းရင့်ရော်လာခြင်းကို တားဆီးပေးနိုင်သည့် Antioxidant များ စိမ့်ဝင်စေ

သည်။ ထို့အပြင် ဆဲလ်အသေများကို ညင်သာစွာဖယ်ရှားပေးနိုင်သည့် Konjac အပင်အမြစ်မှ ရေမြှုပ်ဖတ်လေးများက အသားအရေပေါ်ရှိ အညစ်အကြေးများကို ဖယ်ရှားကာ ဆဲလ်အသစ်ဖြစ်ပေါ်မှုကို ထောက်ပံ့ပေးသည်။

Uniq Han (အရင် Blazon) နေရာတွင် ၀ယ်ယူရရှိနိုင်ပါသည်။

လင်းလက်တောက်ပသော အလှအတွက် Ma’suriBewitched long lasting 2 way Cake



သိုသိပ်တဲ့မိတ်ကပ်သားနှင့် ပါးလွှာပြောင် လက်တဲ့ အလင်းပြန်ပေါင်ဒါမှုန့်လေးများ ရောစပ် ပါဝင်တာကြောင့် အသားအရေကို လင်းလက်တောက်ပစေပါသည်။ 100% Oil Free ဖြစ်သောကြောင့် မိတ်ကပ်ကွက်ခြင်းမဖြစ်စေပဲ အဆီပြန်ခြင်းကိုကာကွယ်ပေးပါသည်။ အနူးညံ့ဆုံးနှင့် အသေးငယ်ဆုံး ပေါင်ဒါမှုန့်များကိုသာ အသုံးပြုသောကြောင့် ချွေးပေါက်မပိတ်စေပဲ ချောမွေ့ညီညာသော မိက်ကပ်သားကို ရရှိစေပါသည်။

SPF 25 နှင့် PA +++ ပါဝင်တာကြောင့် နေရောင်ခြည် UV rays တွေကို ကာကွယ်ပေးနိုင်ပြီး အသားအရေခြောက်သွေ့ပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်။ အသားအရေအမျိုးအစားမရွေး အသုံးပြုနိုင်ပါသည်။

Junction Square / Junction Maw Tin / Ruby Mart / Best 149 / Myanmar Plaza ၊ စိန်ဂေဟာတွင် ၀ယ်ယူရရှိနိုင်ပါသည်။

တင်းတိပ်မှဲ့ခြောက်များကို လျော့ကျစေနိုင်သည့် Entia White Jade Cream SPF 22/PA ++


အဖြူရောင်ကျောက်စိမ်းမှရရှိသော Glu-tathione / Albutin / Vitamin C များပါဝင်သည့် Real Whitening Complex ပါဝင်ခြင်း၊ နူးညံ့ဝင်းမွတ်သော အသားအရောင်အဖြစ်သို့ ချက်ချင်းပြောင်းလဲနိုင်ခြင်း၊ အသားအရေအား ပျက်စီးစေ 
သော UV Rays များမှ ကာကွယ်နိုင်၍ Long Lasting Whitening Effect အားပေးစွမ်းနိုင်ခြင်း အစွမ်းတို့ကိုရရှိစေရန် ထုတ်လုပ်ထားပါသည်။ ပုံမှန်လိမ်းပေးပါက အသားအရေအား ဖြူစင်ကြည်လင်လာစေပြီး အစက်အပျောက်ကင်း၍ လှပလာစေသည်။ နံနက်အိပ်ရာနိုးပြီး မျက်နှာသန့်စင်ချိန်တွင်လည်းကောင်း၊ ညဘက်အိပ်ရာ မ၀င်မီမျက်နှာ သန့်စင်ချိန်တွင်လည်းကောင်း လူးပေးပါ။
Coreana ကောင်တာများနှင့် Uniq Han (အရင် Blazon) နေရာတွင် ၀ယ်ယူရရှိနိုင်ပါသည်။

တစ်ကြိမ်တည်းသုံးရုံနဲ့ မျက်နှာသန့်စင်သွား တဲ့ Psyche Dual cleansing gel

ဆွစ်ဇလန် နည်းပညာဖြင့် ထိုင်ဝမ်နိုင်ငံမှ ထုတ်လုပ်တင်သွင်းထားသော Psyche skincare product များထဲမှ Dual cleansing gel သည် တစ်ကြိမ်တည်း အသုံးပြုယုံမျှဖြင့် Make up အညစ်ကြေးများ၊ ဆဲလ်သေများနှင့်၊ အရေပြား 
အတွင်းပိုင်းရှိ ဆားဝက်ခြံ၊ ၀က်ခြံ ဖြစ်ပေါ်စေသော အဆီခဲ၊ အဆီကြိတ်များကို အမြန်ဆုံးဖယ်ရှား ပေးခြင်းကြောင့် ၀က်ခြံကင်းစင်သော အသားအရေကို ပိုင်ဆိုင်စေပါသည်။ အရွယ်တင်နုပျိုစေသော royal jelly နှင့် ဆေးဘက်ဝင်သော willow herb အစွမ်းကြောင့် အရေပြားခြောက်သွေ့ ယားယံခြင်းကို တားဆီးပေးနိုင်ပါသည်။
ရေစိုနေသော လက်ဝါးပြင်ပေါ်တွင် 2 punsh ပမာဏခန့်ကို အမြှုပ်စိပ်စိပ်ကလေးများပေါ်လာအောင် ပြုလုပ်ပြီးမေးစေ့မှစတင်၍ စက်ဝိုင်းသဏ္ဍန်ဖြင့် ပင့်တင့်ကာ လက်နှစ်ဘက်ဖြင့် အသုံးပြုပါရန်။ ရေအေးနှင့် အလွယ်တကူ ဆေးကြောနိုင်ပါ
သည်။
လှည်းတန်းစင်တာတွင် ၀ယ်ယူရရှိနိုင်သည်။