Primary tabs

နုပျိုသောအလှတရား

 ဖေဖော်ဝါရီလအတွက် မိတ်ကပ်တင်ဆက်မှုမှာ လတ်တလောကာလအတွင်း လွှမ်းမိုးခေတ်စားနေတဲ့ အနီနဲ့အနက် ကာလာများကို အသုံးပြုပြီး ပြင်ဆင်ခြယ်သတင်ဆက်လိုက်ပါတယ်။

 

မျက်လုံးအလှကို ပိုမိုဝင်ကြွားချင်တယ် မျက်လုံးအိမ်ကို ကျယ်သယောင်ဖြစ်ချင်တဲ့ မိန်းမသားများအတွက်တော့ အခုလိုပုံစံမျိုး မျက်လုံးအပြင်ကို အစွယ်ထုတ်ပြီး ခြယ်သနိုင်ပါတယ်။ အမဲရောင်ဖြစ်တဲ့အတွက် ဘေးတွေကို မပျံ့သွားအောင် ဂရုစိုက်ပြီး ခြယ်သဖို့တော့ အရေးကြီးပါတယ်။

   

အနီရောင်ဟာ တက်ကြွလန်းဆန်းစေတယ်။ မြင်ရသူကိုလဲ ရဲရင့်မှုပေးစေတယ်။ ဒါကြောင့် ကိုယ်ဟာတွေဝေတတ်တဲ့သူ မဟုတ်ဘူးဆိုတာ သိစေချင်တယ်ဆိုရင် အရောင်ရင့်ရင့် နှုတ်ခမ်းနီနဲ့ ပြတ်ပြတ်သားသား အပြုံးတစ်ခု အကြည့်တစ်ခု လွှတ်လိုက်ရုံပါပဲ။

  မျက်ဝန်းအမဲက ညှို့ငင်စေတဲ့ အသွင်ကိုဆောင်စေပြီး မျက်နှာတစ်ခုလုံးကိုပင် ထင်ရှားစေတယ်။ မျက်ဝန်းအရောင် တောက်သွားပြီးဆိုရင်တော့ နှုတ်ခမ်းနီအတွက် ရွေးချယ်စရာ အဖျော့ဆိုးမလား၊ အရင့်ဆိုးမလားဆိုတာပါပဲ။ သွားမယ့်နေရာနဲ့ လိုက်ဖက်တဲ့ ကာလာကို ရွေးချယ်နိုင်ပါတယ်။ ပုံမှန်အတွက်ဆိုရင် သဘာဝကာလာ၊ အခြားသောအခန်းအနားများအတွက် ဆိုရင်တော့ ကာလာအတောက်ကို ရွေးချယ်သင့်ပါတယ်။