Primary tabs

၂၀၁၆ ထဲက တစ်မူထူးတဲ့ Makeup Look!

ဇာကွက် Eye Shadow

ဒီအပြင်အဆင်ကိုတော့ Chanel အမှတ်တံဆိပ်ရဲ့ လျှောက်လမ်းထက်မှာ နာမည်ကျော် မော်ဒယ် Gigi Hadid နဲ့ တွဲတွေ့ခဲ့ရတာဖြစ်တယ်။
အဲဒီ့ဇာကွက် Eye Shadow ကို Mascara ခပ်ထူထူရယ်၊ နှုတ်ခမ်းနီ ပန်းရောင်ဖျော့ဖျော့ရယ် ပေါင်းစပ်လိုက်တဲ့အခါ ချစ်စရာအသွင်သဏ္ဍာန်ကို ဖြစ်စေပါတယ်။ 

တောင်ပံ Eyeliner
ဒီလို အစဉ်အလာကနေ ခွဲထွက်ပြီး ခေတ်ဆန်တဲ့ မိတ်ကပ်ပြင်ဆင်မှုကို Kenzo အမှတ်တံဆိပ်ရဲ့ လျှောက်လမ်းထက်မှာ တွေ့ခဲ့ရတာဖြစ်တယ်။ တောင်ပံလို ချွန်ထွက်နေတဲ့ Eyeliner ကို အတွင်းဘက်မှာ ငွေရောင်ခပ်လက်လက်နဲ့ အနားသတ်ပေးလိုက်တဲ့အခါ လူငယ်ဆန်တဲ့ မြောက်ကြွကြွ အသွင်သဏ္ဍာန်ကို ဖြစ်စေပါတယ်။

အနက်ရောင် နှုတ်ခမ်းနီ
ဒီကျောချမ်းစရာအလှကို Vivienne West-wood အမှတ်တံဆိပ်ရဲ့ လျှောက်လမ်းထက်မှာ အသွင်ကွဲအနေနဲ့ တွေ့ခဲ့ရတာ ဖြစ်တယ်။ အနက်ရောင် နှုတ်ခမ်းနီဟာ လှပတယ်လို့ လက်ခံနိုင်သူတွေရှိသလို၊ ကြောက်စရာလို့ လက်ခံနေဆဲသူတွေလည်း ရှိနေဆဲပါ။