Primary tabs

ဘယ်တော့မှ မရိုးတဲ့ Gold

Model - Warso Moe Oo

H & M - Thin Thin(NyiNyiMg)
Dress - Kaung Set Thu
Photo - Thardu Ko Ko

ဒီတစ်ခါ Old ဖြစ်ပေမယ့် အမြဲတမ်း Gold ဖြစ်နေတဲ့ မိတ်ကပ်စတိုင်လ်လေးများနဲ့ စာမျက်နှာကိုဖန်တီးပြထားပါတယ်။ ဖက်ရှင်ဟာအမြဲတစ်ပတ်လည်နေတယ်ဆိုတဲ့ စကားအတိုင်းပါပဲ၊ ဒီပြင်ဆင်လိမ်းခြယ်မှုတွေဟာ အမျိုးသမီးတိုင်းနှစ်သက်နေဆဲ၊ ပြင်ဆင်နေဆဲဖြစ်တာကြောင့် ယခုလမှာ People ရဲ့အလှအပချစ်မြတ်နိုးသူများအတွက် ရွေးချယ်တင်ဆက်လိုက်တာပါ။

၉၀ ခုနှစ်မတိုင်မီ
အဲဒိခုနှစ်များဆီက ပြင်ဆင်တဲ့ မိတ်ကပ်ခြယ်သမှုကို မှီငြမ်းပြီး ပြင်ဆင်ထားတာပါ။  

မင်းသမီးကြီး Vivien Leigh (1935)
Elizabeth Taylor (1941)  Audrey Hepburn (1945)  Marilyn Monroe (1945) တို့ရဲ့ စတိုင်လ်လို့ပြောရပါမယ်။ ချစ်စရာကောင်းတဲ့ ဆံတွန့်အခွေလေးတွေရယ်၊ အနီရဲရဲနှုတ်ခမ်း တစ်စုံရယ်က အဲဒီခေတ်အခါက ပုရိသတို့ကို အစွမ်းကုန်ဖမ်းစားနိုင်ခဲ့ပါတယ်။

လူတွေချစ်တဲ့ မော်ဒယ်လ် စင်ဒီကရော့ဖို့ဒ်ရဲ့ မရိုးတဲ့ Old 
သူမရဲ့အလှက သွက်လက်တယ်၊ ကျော့ရှင်းတယ်၊ နောက်ဆွဲဆောင်မှု အားပြင်းတယ်... ဒီ အရာတွေ အားလုံးပေါင်းစပ်ပြီး ခေတ်သစ် version အဖြစ် တင်ဆက်လိုက်တာပါ။ 

၂၀၀၀ပြည့်နှစ်နောက်ပိုင်း Gold
အနောက်တိုင်း၊ အရှေ့တိုင်း ပွဲတက်တဲ့အခါ နှစ်သက်ပြင်ဆင်ကြတဲ့ ဒီဇိုင်းပါ။ ဆံပင်လှိုင်းတွန့် wave အကြီးတွေက မိန်းမသားပီသပြီး လှပစေတာမို့ အမြဲပြင်ဆင်ကြတဲ့ ပုံစံလေးပါ။