Primary tabs

လူငယ်ကြိုက်ကာလာများ

   လက်ရှိခေတ်စားနေတဲ့ ဆံပင်ကာလာရောင် စုံလေးတွေ၊ မိတ်ကပ်ပုံစံလေးတွေကိုစုစည်းပြီး ဒီစာမျက်နှာမှာ ဖန်တီးပြထားပါတယ်။ မြေဖြူခဲလို အဖျောရောင်လေးတွေ၊ ကာလာထင်းထင်း တောက်တောက်လေးတွေ၊ ကြားကာလာတွေကို အိုင်ဒီယာရှိသလို ကိုယ့်ရဲ့ကိုယ်ပိုင်စတိုင်လ်အဖြစ်ပြုပြင်နိုင်ပါတယ်။

Model - San Thit La
H&M - Omega Mee Mee
Photo - LMN

 
    “ခရမ်းကာလာကတော့ ဗေဒါလိုမျိုး အရောင်ဆန်းလေးပါ၊ အသားဆောင်တဲ့ ခရမ်းအရောင်ကွဲ လေးပေါ့။ ဆံပင်ကာလာအရမ်းထွက်နေပြီဆိုရင် မိတ်ကပ်ကို အခုလိမ်းပြထားသလို ခရမ်းဖျော့ လေးပြင်ထားလို့ အဆင်ပြေပါတယ်။ အနောက်
နိုင်ငံတွေမှာ ခေတ်စားနေတဲ့ကာလာမျိုးပါ။ ထူးခြား တာက သူကအသားကိုပိုပြီးလင်းသွားစေပါတယ်”


    “ပန်းဆီရောင် တောက်တောက်ကာလာနဲ့ ပန်းရောင်ရှဲဒိုးလေးကို တွဲဖက်ပြီးပြင်ထားပါတယ်။ မျက်ဝန်းကိုတော့ လိုင်နာအမည်းနဲ့ ထင်းနေအောင် ခြယ်ထားပါတယ်။ ကျန်တဲ့အရောင်တွေကို လျှော့ လိုက်တဲ့အခါ ဆံပင်နဲ့မျက်ဝန်းက လိုက်ဖက်သွား ပါတယ်။ ဒီပုံစံကတော့ ဂျပန်ကာတွန်းဇာတ်ကောင် လေးနဲ့တူပါတယ်။ မျက်နှာက ကြယ်ဖြူလေးတွေ ကတော့ ရှိုးသွားတဲ့အခါမျိုးမှာ ကိုယ့်ရဲ့စတိုင်လ်တစ်ခုအဖြစ်ရှိစေပါတယ်”


    “အပြာကိုနှစ်သက်တဲ့သူတွေ အကြိုက်တွေ့ စေမယ့်ကာလာပါ၊ အပြာနဲ့ခရမ်းကြား ကာလာ လေးပါ။ ဒီဆံပင်နဲ့ မိတ်ကပ်ပုံစံက လူငယ်ဆန်ပြီး ခပ်ဟော့ဟော့ ဖြစ်သွားစေပါတယ်။ ရှဲဒိုးကိုတော့ ကာလာအဖျောလေးခြယ်ပြီး ပါးမို့ကိုပန်းရောင် ခပ် ပြင်းပြင်းလေး ခြယ်ထားပါတယ်။ ဒီလိုပုံစံကို ပြင် ဆင်မယ်ဆိုရင်တော့ limit ရှိပါတယ်၊ ဖက်ရှင်ကို ပါမိုက်နေစေဖို့ လိုပါတယ်”