Primary tabs

လူငယ်များအကြိုက် ပေါ့ပေါ့ပါးပါး

မော်ဒယ်လ် - ယွန်းမှီမှီကျော်

ဆံပင်၊ မိတ်ကပ် - မေဦး

ရတနာ - VJM

ဓာတ်ပုံ - လမင်းနိုင်

BlueTopaz

ဥဿ     ဖရားကျောက်မျက်ကတော့ တနင်္ဂနွေနေ့မွေးဖွားတဲ့သူတွေ ဆောင်ရတဲ့ ကျောက်လို့လည်း ပြောကြပါတယ်။ လအလိုက်ဆို ရင် နိုဝင်ဘာလမွေးသူပါ။ ဥဿဿ     ဖရားကို အညိုရောင်၊ ပန်းရောင်၊ မက်မွန်သီးရောင်၊ ခရမ်းရောင်နှင့် အပြာရောင်စသဖြင့် တွေ့ရှိရတတ်ပြီး တရုတ် နိုင်ငံမှာအများဆုံး တူးဖော်ရရှိပါတယ်။ မြန်မာနိုင်ငံတွင်လည်း မိုးကုတ်တွင် ဥဿဿ     ဖရားကို တူးဖော်ရရှိပြီး အရည်အသွေး ကောင်းမွန်သော ဥဿ     ဖရားသည် အလွန်တောက်ပသော အရောင်အဆင်းရှိပြီး ထိတွေ့လိုက်သည့်အခါတွင် အေးမြနေသော ခံစားမှု မျိုးကို ပေးနိုင်စွမ်းရှိကြောင်း သိရှိရပါတယ်။  ဥဿ     ဖရားတွင် ပျော်ရွှင်ခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ကျန်းမာခြင်းတို့ကို ဆောင်ယူပေး နိုင်စွမ်း ရှိခြင်း၊ မကောင်းသောရောဂါ၊ အန္တရာယ်တို့မှ ကာကွယ်ပေးနိုင်စွမ်းရှိခြင်း၊ နားလည်နိုင် စွမ်းမြင့်မားခြင်းနှင့် ခွန်အားကို သိမ်းဆည်းပေးနိုင် စွမ်းရှိခြင်း စသည့်ဂုဏ်သတ္တိများ ပါဝင်တယ်လို့ ဆိုပါတယ်။

Black Jade

ကမ္ဘာပေါ်မှာ အကောင်းဆုံးကျောက်စိမ်း ထွက်တဲ့နိုင်ငံဟာ မြန်မာနိုင်ငံပါပဲ။ တက္ကဆက်စ်ပြည်နယ် (အမေရိကန်နိုင်ငံ)၊ ကွမ်ကျိုး ပြည်နယ် (တရုတ်နိုင်ငံ)၊ ကချင်ပြည်နယ် (မြန်မာနိုင်ငံ) ဒီနေရာတွေမှာပဲ ကျောက်စိမ်း ကို တွေ့ရတာ ဖြစ်ပါတယ်။ တရုတ်လူမျိုး များကတော့ ကျောက်စိမ်းကို ကျောက်များအားလုံး၏ အချုပ်၊ အကြီးအကဲ ကျောက်မျက်အဖြစ် မှတ်ယူကြ ပါတယ်။ ကျောက်စိမ်း ကျောက်မျက်ကို ဆင်မြန်းသူတိုင်း သဒ္ဓါရက်ရောခြင်း၊ ရဲစွမ်းသတ္တိနှင့်ပြည့်စုံခြင်း၊ တရားမျှတသော စိတ်ဓာတ်ရှိခြင်း၊ မိမိကိုယ်မိမိ နှိမ့်ချတတ်ခြင်း၊ အသိအလိမ္မာ ဥာဏ်ပညာ ကြီးမြင့်ခြင်း စသော ဂုဏ်အင်္ဂါကြီး ငါးရပ်နှင့်ပြည့်စုံတယ်လို့ လည်း အယူရှိကြပါသေးတယ်။

ကျောက်တွေကို ၀တ်ဆင်တဲ့နေရာမှာ မိမိ မွေးလ၊ မွေးရက်နဲ့ ကိုက်ညီတဲ့ ကျောက်တွေကို အဲဒီ မွေးလ၊ မွေးရက်မှာ ၀တ်ဆင် မယ်ဆိုရင် ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်၊ စွမ်းအင်ပိုထက် မြက်တယ်လို့ သိရပါတယ်။

Amethyst

မာခြင်းအဆင့် ၇ ရှိပြီး အလွန်လှပသော ခရမ်းရောင်ကြောင့် သလင်းအုပ်စုဝင် ကျောက်ထဲတွင် ရေပန်းစားသောကျောက် ဖြစ်ပါ တယ်။ ခရမ်းဖျော့၊ ခရမ်းပြာ၊ ခရမ်းရင့်မှ အနက်ရောင် အထိအရောင်မျိုးစုံ ရှိတတ်ပါတယ်။ အကောင်းဆုံး ခရမ်းစွဲကျောက်ကတော့ အနာ အဆာကင်းသော ခရမ်းရောင်ရင့်ရင့်လို့  ဆိုပါတယ်။ ဖေဖော်ဝါရီဖွား များ ဆောင်သင့်တဲ့ ရတနာလို့လည်း ပြောကြပါသေးတယ်။ သူ့ကို ဆင်မြန်းထားပါက စိတ်လှုပ်ရှားခြင်း ဒေါသဖြစ်ခြင်းတို့ကို ထိန်းချုပ်နိုင်စွမ်း ရှိခြင်း၊ မြင့်မြတ်ကောင်းမွန်သော ကိုယ်ကျင့် တရား တည် ဆောက်နိုင်ရန် တွန်းအားပေးခြင်း၊ ချစ်ခြင်းမေတ္တာကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း၊ ၀တ်ဆင်သူ၏ ဘ၀ထဲသို့ ချမ်းမြေ့ခြင်း၊ တည်ကြည် ခြင်းတို့ကို ပေးနိုင်စွမ်းရှိခြင်း၊ အခက်အခဲ ပြဿ     နာကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ခွန်အားများ တိုးပွားစေခြင်း၊ အလိမ်အညာ ခံရခြင်းမှ ကာ ကွယ်ပေးနိုင်ခြင်း၊ ခရမ်းစွဲအား ၀တ်ဆင်ထားပါက အသားအရေကို ချောမွတ်လှပလာအောင်လည်း စွမ်းဆောင် ပေးနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြခြင်းတို့ ဖြစ်ပါတယ်။

 

Diamond

စိန်သည် ကျောက်မျက်အားလုံးထက် မာခြင်း အဆင့်အမြင့်ဆုံးဖြစ်ကြောင်း ဖတ်စာအုပ်များစွာမှာ ဖတ်ဖူးကြမှာပါ။ အဆင့်(၁၀) လို့ သတ်မှတ်ထားပြီး ကျောက်မျက်ရတနာများ၏ ဘုရင်လို့လည်း ခေါ်စမှတ်ပြုကြပါတယ်။ ကမ္ဘာပေါ်ရှိ အမျိုးပေါင်း(၁၂၀)ရှိသော ကျောက်မျက်များအနက် စိန်ဟာ အဖိုးထိုက်ဆုံးရတနာဖြစ်တဲ့အပြင် ဧပြီမွေးဖွားသူများဆောင်သင့်တဲ့ရတနာ၊ အနှစ်(၆၀)ပြည့် နှစ်ပတ် လည်ရဲ့ သင်္ကေတဖြစ်ပါတယ်။ ခရစ်တော်မပေါ်မီကတည်းက စိန်ကိုသုံးစွဲခဲ့ကြတယ်လို့ သမိုင်းသုတေသီများက ဆိုထားပါတယ်။ စိန်ကို အဖြူရောင်၊ အနီရောင်၊ ပန်းရောင်၊ မီးခိုးရောင်၊ အ၀ါရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်နှင့် အနက်ရောင်အထိ တွေ့ရှိရတတ်ပါတယ်ပြီး အရောင်မဲ့စိန်ကိုတော့ အဖိုးတန်ဆုံးအဖြစ် သတ်မှတ်ကြပါတယ်။ စိန်သည် ၀တ်ဆင်သူအား ပျော်ရွှင်ချမ်းမြေ့စေ ခြင်း၊ ဂုဏ်ကျက်သရေနှင့် ပြည့်စုံစေခြင်း၊ ကိုယ်ရောစိတ်ပါ ကြည်လင်ကျန်းမာစေခြင်း၊ တီထွင်နိုင်စွမ်းအားကို မြင့်မားစေခြင်း၊ မိမိ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် ကောင်းမွန်တိုးတက်သော စိတ်ခံစားမှုများကို ဖြစ်ပေါ်စေနိုင်ခြင်း၊ အကြောက်အရွံ့များကို ဖယ်ရှားပေး နိုင်စွမ်းရှိခြင်း၊ ဥပဒေနှင့်ဆိုင်သော အခက်အခဲများကို ပြေလည်အောင်မြင်ခြင်း၊ မိမိအပေါ် သစ္စာရှိသော အပေါင်းအသင်း မိတ်ဆွေသစ် များ တိုးပွားစေခြင်း၊ လူချစ်လူခင်ပေါများစေခြင်း စသည့်အစွမ်း သတ္တိများကို ပေးနိုင်စွမ်းရှိပါတယ်။