Primary tabs

၂၀၁၄ ရွှေပန်းချီ

အရာဝတ္ထုတစ်ခု လူပုဂ္ဂိုလ်တစ်ဦး ရည်မှန်းချက်တစ်ခုခု စတာတွေကို ထူးခြားတဲ့ အရည်အသွေးနဲ့ ပြည့်စုံတာ၊ တောက်ပကြွား ၀င့်တာတွေကို အထူးပြုရည်ညွှန်းချင်တဲ့အရာ “ရွှေ”ဆိုတာနဲ့ ခံပြုနှိုင်းပြလေ့ရှိကြတယ်။ “ရွှေ”ဆိုတဲ့ အမည်နာမတစ်ခုမှာ ကြီးကျယ်သော၊ မြင့်မြတ်သော၊ ခမ်းနားသော အဓိပ္ပါယ်များစွာ ပါဝင်နေသလို “ရွှေ” ဆိုတာကို တမြတ်တနိုး တန်ဖိုးထားဝတ်ဆင်တတ်ကြတယ်။ ခေတ်အဆက် ပြောင်းလဲလာတဲ့ ဖက်ရှင်အရွေ့တွေကြားမှာ “ရွှေ”ဟာ ဖက်ရှင်အသုံး အဆောင်တစ်ခုအဖြစ် ခေတ်မှီစွာပုံစံမျိုးစုံနဲ့ လိုက် ပါစီးမျောပါလာခဲ့တယ်။ ၂၀၁၄ မှာရော ဘယ်လိုပုံစံ ဘယ်လိုလင်းလက်မှုမျိုးနဲ့ စီးဆင်းနိုင်မလဲဆိုတာ စာမျက်နှာတွေထက်ကနေ ဖန်တီး တင်ဆက် ပေးလိုက်ပါတယ်။

  

ဝင့်ကြွားနေသော ရတနာတစ်ခုအဖြစ် “ရွှေ”ကို ဒီလိုဒီဇိုင်းအဆန်းနဲ့ ၀တ်ဆင်မယ်ဆို ကဲဘယ်လောက်တောင် ဆွဲဆောင် နိုင်လိုက်ပါသလဲ။

မြင်နေကျမဟုတ်တဲ့  ဒီဇိုင်းခပ်ဆန်းဆန်း “ရွှေ”သွန်းလုပ်ထားမှုက ပွဲတက်ရင်လည်း ခမ်းနားတဲ့ အဆင်တန်ဆာ။

ရင့်ကျက်တည်ငြိမ်တဲ့ အသွင်ကိုလည်း ဆောင်တယ်။